မနေ့ညက ဘော်ဒါတွေ ဆုံသွားလို့၊ TGIF မို့လို့ဆိုပြီး တော်တော်လေး ကစ်လိုက်မိတယ်။ ခုမနက် တော်တော်လေးကို အဆင်မပြေဖြစ်လို့ အရက်နာကျ နေပြီလား။ ဒါဆိုရင်တော့ ကျနေတဲ့ အရက်နာ ပိုဆိုးမသွားစေဖို့ အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ ကြည့်လိုက်ရအောင်လား။
အရက်နာကျတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။
အရက်သောက်တာ များသွားတဲ့အခါ
- ဗိုက်အောင့်မယ်
- ကိုယ်လက် မအီမသာဖြစ်မယ်
- အော့ချင်အန်ချင်မယ်
- ခေါင်းကိုက်မယ်
- ညီးစီစီ ဖြစ်မယ်
- ရေငတ်မယ်
- ခေါင်းထဲမှာ ပေါ့ပေါ့ကြီး ဖြစ်နေမယ်
- ခြေကုန်လက်ပန်း ကျမယ်
- ကတုန်ကယင်ဖြစ်မယ်
- စိတ်ခံစားမှု ပြဿနာဖြစ်မယ် စတာတွေက အရက်နာကျမှု လက္ခဏာတွေပါ။
အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ
အရက်နာ ကျနေတဲ့အခါ ခံစားရမှု ပိုဆိုး မသွားဘဲ သက်သာစေဖို့ဆိုရင် အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ ဆိုတော့
ဒါတွေ စားပေးပါ…………
အုန်းရည်
အရက်နာကျရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်က ကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးမှု များတာကြောင့်ပါ။ ဒီ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ ပြန်လည် ပြည့်ဝမှုက အရက်နာကျတာကို သက်သာစေမှာပါ။ ဒါကြောင့် ရေဓာတ် ပြည့်ဝစေဖို့ အုန်းရည် သောက်ပေးပါ။ အုန်းရည်က ရေဓာတ် ပြည့်စေတဲ့ အပြင် ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပြီး ကိုယ်တွင်းက Electrolytes တွေကို မျှတ စေပါတယ်။
[embed-health-tool-bmr]