backup og meta

အက်ဆစ်ဓာတ်ကဲသော အစားအစာများအကြောင်း

အက်ဆစ်ဓာတ်ဆိုတာကို မပြောခင် pH ညွှန်ကိန်းအကြောင်း တင်ပြလိုပါတယ်။ pH ညွှန်ကိန်းဟာ ပစ္စည်းတစ်ခုအနေနဲ့ အက်ဆစ်လား၊ ဘေ့စ်လား၊ ဘာသဘောမှမဆောင်တဲ့ ကြားနေဓာတ်လားဆိုတာ ညွှန်ပြနေပါတယ်။ ဥပမာ

– pH ညွှန်ကိန်း 0 ဟာ အက်ဆစ်ဓာတ်အမြင့်ဆုံး

– pH ညွှန်ကိန်း 7 ဟာ ဓာတ်ပြယ်တဲ့အဆင့်

– pH ညွှန်ကိန်း 14 ဟာ ဘေ့စ်ဓာတ်အမြင့်ဆုံး စသဖြင့် ညွှန်ပြနေပါတယ်။

ဘက်ထရီအိုးတွေရဲ့ အက်ဆစ်ဟာ အမြင့်ဆုံးဖြစ်ပြီး pH 0 ရှိပါတယ်။ ဘေစင်တွေမှာ ပိုက်လိုင်းတွေကို ဆေးချပေးတဲ့ drain cleaner တွေကတော့ အယ်လ်ကာလီသဘာဝရှိပြီး pH 14 ရှိပါတယ်။ ပေါင်းခံရေကတော့ pH 7 ရှိပါတယ်။

လူ့ကိုယ်ခန္ဓာဟာလည်း နေရာပေါ်မူတည်ပြီး pH ညွှန်ကိန်းမျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ သွေးရဲ့ pH ဟာ ၇.၃၅ ကနေ ၇.၄၅ ရှိပြီး အစာအိမ်အတွင်းမှာတော့ အစာများကို ချေဖျက်ဖို့အတွက် pH ဟာ ၃.၅ သာ ရှိပါတယ်။

အက်ဆစ်ဓာတ်ကဲသော အသီးအနှံများ

အောက်ပါအသီးအနှံများဟာ pH နည်းပါးပြီး အက်ဆစ်ဓာတ်ကဲပါတယ်။ အသီးအနှံအလိုက် pH ညွှန်ကိန်းကတော့

– သံပုရာ (pH 2 – 6)

– ဆီးသီး (အပြာ) (pH 2.8 – 3.4)

– စပျစ်သီး (pH 2.9 – 3.82)

– သလဲသီး (pH 2.93–3.20)

– ဂရိတ်ဖရု (pH 3.00–3.75)

– ဘလူးဘယ်ရီ (pH 3.12–3.33)

– နာနတ်သီး (pH 3.20–4.00)

– လိမ္မော်သီး (pH 3.69–4.34)

– ခရမ်းချဉ်သီး (pH 4.30–4.90)

ယေဘုယျအားဖြင့် pH နည်းတဲ့ အစားအစာတွေဟာ ချဉ်သောအရသာရှိတဲ့ အသီးအနှံတွေ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အစာအိမ်ရောဂါ၊ လေချဉ်ထခြင်း စတဲ့ပြဿနာတွေမရှိဘူးဆိုရင် နေ့စဉ်ပုံမှန် စားပေးနိုင်ပါတယ်။ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်များ

အထူးသဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ အက်ဆစ်ဓာတ်နည်းပါတယ်။ စားသုံးမှုများတဲ့ ဟင်းသီးဟင်းရွက်အချို့နဲ့ pH ညွှန်ကိန်းတွေကတော့

– ဂေါ်ဖီထုပ် (pH 5.20–6.80)

– ပြောင်းဖူး (pH 5.90–7.50)

– မှို (pH 6.00–6.70)

– ပန်းပွင့်စိမ်း (pH 6.30-6.85) စသဖြင့် ဖြစ်ပါတယ်။

အက်ဆစ်ဓာတ်နည်းသော အစားအစာများ

အချို့အစားအစာများဟာ pH ညွှန်ကိန်း အလယ်အလတ်လောက်ရှိပြီး အက်ဆစ်ဓာတ်လည်း မပါသလောက် ဖြစ်ပါတယ်။ အဆိုပါ အစားအစာများကတော့

– ပဲပိစပ်၊ တို့ဖူး

– အချိုဓာတ်မပါသော ဒိန်ချဉ်၊ နွားနို့

– လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ (ဥပမာ အာလူး)

– အသီးအနှံအများစု (ချဉ်သော အရသာရှိသည့် အသီးများမှ လွဲ၍)

ပဲအမျိုးမျိုး

– သံလွင်ဆီ၊ ထောပတ်သီးနှင့် အစေ့အဆန်များမှရသော အဆီဓာတ် စတာတွေပဲ ဖြစ်ပါတယ်။

အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေစားရင် ဘာဖြစ်နိုင်သလဲ

အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေစားရင် ဆီးမှာ အက်ဆစ်ဓာတ်များသွားနိုင်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာထဲမှာ အက်ဆစ်ဓာတ်များလွန်းရင် အရိုးများနဲ့ ကြွက်သားများ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အရိုးအတွက် အသုံးပြုရမယ့် ကယ်လ်ဆီယမ်ကို pH ချိန်ညှိရာမှာ အသုံးပြုလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာ၊ အသည်းရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်စေပါတယ်။ အစာအိမ်မှာ အချဉ်ဓာတ်များနေချိန်မှာလည်း အက်ဆစ်ဓာတ်ကဲတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

ခြုံငုံပြီး ပြောရရင် အချဉ်အရသာရှိတဲ့ အသီးအနှံတွေကိုပဲ မစားဘဲ တခြား အသားငါး၊ အသီးအရွက်များကို မျှတစွာ စားသုံး pH ညွှန်ကိန်းကို ထိန်းသိမ်းနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/acid-foods-to-avoid Accessed Date 20 August 2020

ယခုပုံစံ

07/09/2020

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Acid Boric (ဘိုးရင့်အက်ဆစ်)

သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/09/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement