brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး

ထင်းရှူးသား၊ ထင်းရှူးဆီတွေကို ကြားဖူးနေပေမယ့် ထင်းရှူးစေ့ဆန် ကတော့ ကြားဖူးသူရှားမယ် ထင်ပါတယ်။ စားဖူးသူလည်း ရှားနိုင်ပါတယ်။ ဒါပေမယ့် ထင်းရှူးစေ့ဆန်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး

ထင်းရှူးစေ့ဆန် ဆိုတာ

ထင်းရှူးစေ့ဆန် ဆိုတာ

ထင်ရှူးစေ့ဆန် ဆိုတာက ထင်းရှူးသီးရဲ့ အဆန်ပါ။ အာဟာရ ပြည့်ဝတဲ့ အဆာပြေ စားဖွယ်တစ်မျိုးပေါ့။ အစိမ်း စားလို့ ရသလို လှော်စားလို့လည်း ရပါတယ်။ အသုပ်တွေထဲမှာ မြေပဲလိုမျိုး ထောင်းထည့်ပြီး စားလို့လည်း ရပါတယ်။

အာရှတိုက် မြောက်ပိုင်း၊ ဥရောပတိုက် မြောက်ဘက်ခြမ်း နဲ့ မြောက်အမေရိက ဒေသတွေမှာ ထင်ရှူးပင်တွေ ပေါက်ရောက်ကြပါတယ်။ နေရပ်ဒေသကို လိုက်ပြီး ထင်းရှူးသီး ပုံစံ မတူကြသလို အာဟာရတန်ဖိုးချင်းလည်း မဆိုစလောက် ကွာခြားမှု ရှိပါတယ်။

မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် ထင်ရှူးစေ့ဆန်က မိုးရေစက်ပုံလေးပါ။ သိပ်မကြီးပါဘူး။ အဖြူရောင် နှစ်နှစ်လေးပါ။ စားရတာလည်း ချိုပါတယ်။ အသီးရဲ့ အခွံကို နွှာပြီးမှ စားလို့ ရပါတယ်။

သက်တမ်း ၂၅ နှစ်ကျော် ထင်ရှူးပင်တွေက အသီးစသီးပြီး ဒီအသီးတွေထဲက အဆန်လေးတွေကို ထင်ရှုူးစေ့ဆန်လို့ ခေါ်တာပါ။

ထင်းရှူးစေ့ဆန် ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

စားရတာ ချိုပြီး အရသာရှိတဲ့ ထင်းရှူးစေ့ဆန်မှာ

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အာဟာရ ကြွယ်ဝတယ်

ထင်းရှူးစေ့ဆန်က ကယ်လ်လိရီ ကြွယ်ဝတဲ့ အစေ့အဆန် တစ်မျိုးပါ။ ကယ်လ်လိုရီ အပြင် ကျန်းမာရေးကို ထောက်ကူပေးနိုင်မယ့် phytochemicals၊ ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

ထင်းရှူးစေ့ဆန်မှာ မပြည့်ဝဆီ ကြွယ်ဝစွာ ပါဝင်နေတာက သွေးထဲက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။ မပြည့်ဝဆီ အပြင် ထင်ရှူးစေ့ဆန်မှာ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကလည်း သွေးတွင်းအဆီကို ထိန်းညှိပေးသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ လေဖြတ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

နှလုံး ကျန်းမာစေတယ်

ထင်းရှူးစေ့ဆန်က နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နှလုံးခုန်နှုန်းမြန်တာကိုလည်း သက်သာစေပြီး နှလုံးကြွက်သားတွေကို ကျန်းမာစေနိုင်ပါတယ်။

နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

သိမြင်မှုစွမ်းရည် ကောင်းစေတယ်

ထင်းရှူးစေ့ဆန်က အခြား အစေ့အဆန်တွေလိုပဲ သွေးစီးဆင်းမှု ကောင်းစေပြီး ဦးနှောက်ဆီကို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဦးနှောက်ကျန်းမာစေတာက အယ်လ်ဇိုင်းမား နဲ့ ပါကင်ဆန်တို့လိုမျိုး အသက်အရွယ်ကြောင့် ဖြစ်တဲ့ သိမြင်မှုစွမ်းရည် ကျဆင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။

အူမကြီးကင်ဆာ ကာကွယ်ပေးတယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ ထင်းရှူးစေ့ဆန်က အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကလည်း အူမကြီး ကျန်းမာစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးတယ်

ထင်းရှုးစေ့ဆန်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေ စားပေးလို့ ရပါတယ်။ အဆာခံနိုင်စေပြီး လိုအပ်တဲ့ အာဟာရကိုလည်း ပြည့်ပြည့်ဝဝ ရရှိစေနိုင်မှာပါ။

အရေပြား ကျန်းမာစေတယ်

ထင်းရှူးစေ့ဆန်မှာ အယ်လ်မွန်စေ့လိုပဲ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားကို ခြောက်သွေ့မှုကင်းစေပြီး အရေပြား ပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ထင်းရှူးစေ့ဆန်က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့်

  • ရောဂါအခံရှိသူတွေ
  • ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ
  • ကလေးငယ်လေးတွေ
  • ကိုယ်ဝန်ဆောင်မေမေတွေ နဲ့
  • နို့တိုက်မိခင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက
  • အာဟာရ ကြွယ်ဝတယ်
  • သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်
  • နှလုံး ကျန်းမာစေတယ်
  • သိမြင်မှုစွမ်းရည် ကောင်းစေတယ်
  • အူမကြီးကင်ဆာ ကာကွယ်ပေးတယ်
  • ကိုယ်အလေးချိန် ထိန်းပေးတယ်
  • အရေပြား ကျန်းမာစေတယ်
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။