backup og meta

အပူအစပ်စားပေးရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်လဲ

စားစရာနဲ့ ပတ်သက်လာရင် အပူအစပ်တွေကို လူတော်တော်များများက ရှောင်တတ်ကြပါတယ်။ ခန္ဓါကိုယ်အတွက်၊ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ထင်တာကတစ်ကြောင်း၊ ပူစပ်နေတဲ့ ခံစားချက်ကို မကြိုက်တာကြောင့်ရောပေါ့။ တကယ်တော့ လူတွေထင်ထားကြသလို အစပ်စားလို့ ကျန်းမာရေးအတွက် ဘေးဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ “တန်ဆေး လွန်ဘေး” ဆိုသလို ဘယ်အစားအစာကိုမဆို တန်သင့်ရုံလောက်သာ စားပေးသင့်တာပေါ့။ လိုတာထက် ပိုပြီး အများကြီးစားရင်တော့ အစပ်မှ မဟုတ်ပါဘူး။ ဆေးတောင်မှ ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်ပါတယ်နော်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစပ်စားလို့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေတဲ့ သူတွေအတွက် သူ့ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။

၁။ နှလုံးကျန်းမာစေတယ်။

လေ့လာတွေ့ရှိချက်တွေအရ အစပ်ကို နည်းနည်းနဲ့ ပုံမှန်လေးစားပေးတဲ့သူတွေမှာ နှလုံးနဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ အစပ်ထဲမှာ ပါတဲ့ ဓါတ်တစ်မျိုးက ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ ကိုလက်စထရောေတွကို လျှော့ချပေးနိုင်တယ်။ သွေးတိုးကိုလည်း ကျစေတယ်။ ကိုယ်ခန္ဓါထဲက အဆိပ်အတောက်တွေကို ချွေးအဖြစ်နဲ့ အပြင်က စွန့်ထုတ်ပေးနိုင်ပါတယ်နော်။

၂။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။

ကိုယ်အလေးချိန် ချဖို့ စဉ်းစားနေတဲ့ ကိုကို၊ မမတွေအနေနဲ့ အစပ်ကို မစားဘဲတော့ မနေနဲ့နော်။ သွေးတွင်းက ကယ်လိုရီဓါတ်ကို လောင်ကျွမ်းစေပြီး အစာစားချင်စိတ်ကို လျှော့ချပေးလို့ မကြာခဏ အစာမစားအောင် ကူညီပေးတယ်။ အားကစားနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရေတွကိုပဲ စားသုံးမယ်။ ဒါ့အပြင် အစပ်လေးပါ တစ်နေ့ နည်းနည်းချင်းစီ စားပေးမယ်ဆိုရင် ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေလို့ ဝိတ်မြန်မြန်ချချင်သူတွေအတွက် အဆင်ပြေတာပေါ့။

၃။ ကင်ဆာရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။

အစပ်စားလိုက်တဲ့အခါ ပူလောင်တာ၊ ချွေးထွက်တာအပြင် ကိုယ်ခန္ဓါထဲက မကောင်းတဲ့ ဘက်တီးရီးယားတချို့ကိုလည်း သေစေနိုင်တယ်။ ခုခံအားစနစ်ကို ကောင်းမွန်စေလို့ ကင်ဆာရောဂါတွေ အလွယ်တကူ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်နော်။

၄။ နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

အစပ်ကြောင့် ပူစပ်ပူလောင် ဖြစ်နေတဲ့အချိန်မှာ ခန္ဓါကိုယ်ရဲ့ နေရာတချို့က အနည်းငယ်ထုံကျဉ်သွားပြီး နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာကို လျော့ကျသွားစေပါတယ်။ အထူးသဖြင့် ထိခိုက်ဒဏ်ရာရတာ၊ လိမ့်ကျတာ၊ တိုက်မိတာကြောင့် ကြွက်သားက ရောင်နေပြီး နာကျင်နေတယ်ဆိုရင် အစပ်လေး နည်းနည်းစားပေးရုံနဲ့ ဝေဒနာကို အနည်းငယ် သက်သာသွားစေပါတယ်။

ဒီတော့ အစပ်ကို လုံးဝမစားဘဲနဲ့တော့ မနေနဲ့နော်။ ကိုယ်ခန္ဓါက ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး အရသာအစုံအလင်ကို နေ့စဉ်စားသုံးပေးမှ ကျန်းမာနေမှာပါ။ လိုတာထက်ပိုပြီး အစပ်စားလိုက်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေပိုများသွားနိုင်လို့ တစ်နေ့ထဲနဲ့ အများကြီး မစားဖို့ ကိုယ့်ကိုယ်ကိုယ် သေချာထိန်းဖို့တော့ လိုမယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Should You Eat Spicy Foods –https://www.healthline.com/health/five-reasons-to-eat-spicy-foods#1 (April 19, 2019)

 

ယခုပုံစံ

04/10/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးကို အစပ်တွေပေးစားလို့ရနိုင်မလား

ကိုယ်ဝန်ဆောင်စဉ် အစပ်စားလျှင် ဘာတွေဖြစ်လာနိုင်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement