အခုချိန်မှာ အစားချင်ဆုံးကဘာများလဲ………..
အခုချိန်မှာ အစားချင်ဆုံးက
ထွက်မှာ သေချာပြီလား။
အခုချိန်မှာ အစားချင်ဆုံးက
စားစရာအရသာ အမျိုးမျိုးထဲကမှ အချိုမှ အချိုဖြစ်နေတယ်၊ ရေခဲမုန့်တွေ၊ သကြားလုံး၊ ဂျယ်လီ၊ ကွတ်ကီးတွေမှစားချင်နေတယ်ဆိုရင်တော့ သေချာတာက သွေးတွင်းသကြားဓာတ်တက်နေပါပြီ။ ဒီအချိန်မှာသာ အချိုထပ်စားမိလိုက်ရင် သွေးချိုက မိုးထိအောင်လှေကားထောင်လို့ သင့်ရဲ့ သွေးကြောလေးတွေကို ဒုက္ခပေးပါလိမ့်မယ်။
ဒါကြောင့်အချိုအရမ်းစားချင်နေတယ်ဆိုရင် သကြားလုံး၊ ဂျယ်လီနဲ့ ရေခဲမုန့်တို့အစား သဘာဝအချိုစာလေးတွေဖြစ်တဲ့ သစ်သီးလေးတွေစားပေးပါ။ ဒီအချိန်မှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက သင့်ရဲ့ အချိုစားချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်မှာပါ။
ဖြစ်ဖူးလား။ စာဖတ်ရင်းကဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေရင်းဖြစ်ဖြစ် ချောကလက်အရမ်းစားချင်လာတာမျိုးလေ။ ဒါကတော့ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်နည်းနေပြီဆိုတာကို အချက်ပြတာပါတဲ့။ ကမ္ဘာ့လူဦးရေ ၈၀ ရာခိုင်နှုန်းလောက် နေ့စဉ်စားသုံးမှုတွေထဲမှာ မဂ္ဂနီဆီယမ်ကို ထည့်သွင်းဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ချောကလက်စားချင်လာတဲ့အခါ ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ မဂ္ဂနီဆီယမ်ပြည့်ဝစေဖို့ အချိုပါဝင်မှုနည်းတဲ့ အနက်ရောင်ချောကလက်ကို စားပေးပါ။ ချောကလက်အပြင် မဂ္ဂနီဆီယမ်ရရှိနိုင်မယ့် အခြားအစားအစာတွေကတော့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ငါး နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါ။
ချိစ်ပေါင်မုန့်၊ ချိစ်ပီဇာ၊ ချိစ်ပါတဲ့ အစားအစာတွေကို အရမ်းစားချင်မယ်ဆိုရင်တော့ သင်က omega-3 fatty acids လိုအပ်နေတာပါ။ ဒီလိုအပ်ချက်ကို ပြည့်စေဖို့ဆိုရင်တော့ ချိစ်စားပေးလို့ရသလို သစ်ကြားသီး၊ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့တို့စားပေးလို့ရပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
What Your Food Cravings Say About Your Health https://www.womenshealthmag.com/weight-loss/a19964893/food-cravings-1/ Accessed Date 19 November 2019
5 Common Food Cravings: What Do They Mean? https://www.cheatsheet.com/health-fitness/5-common-food-cravings-what-do-they-mean.html/ Accessed Date 19 November 2019