backup og meta

တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း

တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း

လူတစ်ယောက်ရဲ့ ကျန်းမာမှုအပေါ် သက်ရောက်နေတဲ့ အချက်တွေက အများကြီးပါ။ ဒီအချက်တွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမှုက အရေးအပါဆုံး အချက်တွေထဲက တစ်ခုပေါ့။ ဒီတော့ တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း က ဘာတွေများလဲဆိုတာကို ပြောပြပေးချင်ပါတယ်။။

တစ်​နေ့တာမှာ ဘာတွေစားပေးသင့်လဲ ………

တစ်နေ့တာမှာ ကျန်းမာပြီး အာဟာရပြည့်စေဖို့ဆိုရင်

  • ထမင်း
  • ပေါင်မုန့်
  • အသား (အဆီမပါ)
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ
  • ငါး
  • ဥအမျိုးမျိုး
  • နို့ နဲ့ နို့ထွက်ပစ္စည်း
  • ရေ
  • သစ်သီး
  • အသီးအရွက်
  • အစေ့အဆန် စတာတွေကို စားပေးလို့ရပါတယ်။

တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း

တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားပေးသင့်တဲ့ အကြောင်းအရင်း ကတော့ သစ်သီးတွေက အမျိုးအစား အရောင်အသွေးစုံလင်သလို ပါဝင်နေတဲ့ အာဟာရတွေကလည်း အမျိုးမျိုးပါပဲ။ သစ်သီးတွေက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်နေသလို ဗီတာမင် C၊ ပိုတက်စီယမ်၊ ဖောလိတ် တို့လိုမျိုး နေ့စဉ် လုံလောက်အောင် စားသုံးမိဖို့ ခက်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

နောက်တစ်ချက်က သစ်သီးတွေမှာ အစာခြေစနစ် အတွက် အရေးပါတဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ စားသုံးမှုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်သလို အဆာခံစေနိုင်တာကြောင့် ဝိတ်ကျစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝမှုက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

  • ဝိတ်ကျချင်သူတွေလည်း အသီးစားပေးသင့်ပါတယ်

ဝိတ်ကျချင်သူတွေ အနေနဲ့လည်း သစ်သီးလေးတွေကို အရသာရှိရှိစားရင်း ခန္ဓာကိုယ်က အဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အကြောင်းကတော့ သစ်သီးတွေက အာဟာရကြွယ်ဝပေမယ့် ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အဆာခံနိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေး နိုင်ပါတယ်။ သစ်သီးစားသုံးမှုက ကယ်လ်လိုရီ စားသုံးမှုကို တတ်နိုင်သမျှ လျှော့ချပေးနိုင်မှာပါ။

ဝိတ်ကျစေဖို့ အားအဖြည့်ပေးနိုင်ဆုံး သစ်သီးတွေကိုပြောပါဆိုရင်တော့ လိမ္မော်သီး၊ ဂရိတ်ဖရုစ် တို့လိုမျိုး အမျှင်ဓာတ်ကဲပြီး အချဉ်ဓာတ် ပါဝင်နေတဲ့ အသီးတွေပေါ့။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ ကိုယ်အလေးချိန်ကို လျှော့ချဖို့ဆိုရင် သစ်သီးစားပေးလို့ ရပါတယ်။

လေ့လာမှုတွေအရ နေ့စဉ်စားသုံးမှုမှာ သစ်သီးပါဝင်အောင် စားသုံးပေးတာက ကင်ဆာ၊ ဆီးချိုနဲ့ နှလုံးရောဂါ အပါအဝင် ပြင်းထန်တဲ့ရောဂါတွေမဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။ နေ့စဉ် သစ်သီးစားသုံးပေးတာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ စပျစ်သီး၊ ပန်းသီး နဲ့ ဘလူးဘယ်ရီသီးတွေ စားသုံးပေးမှုက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

လိမ္မော်သီး၊ ဂရိတ်ဖရုစ်တို့လိုမျိုး အချဉ်ဓာတ်ပါတဲ့  အသီးတွေ စားသုံးပေးတာက ဆီးကျောက်တည်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ သစ်သီးတွေပုံမှန် စားသုံးမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါ တော်တော်များများကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေဖြတ်နိုင်ခြေကိုလည်း နည်းစေနိုင်တာကြောင့် တစ်နေ့တာမှာ သစ်သီးကို မကြိုက်ရင်တောင် နည်းနည်းလောက် စားသုံးတာက အဆင်ပြေစေမှာ အသေအချာပါ။

သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပုံမှန်စားသုံးတာက ဆီးချိုရောဂါ ခံစားနေရသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဆီးချိုရှိသူတွေ အနေနဲ့လည်း ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်စေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပါယင်အောင် စားသုံးပေးသင့်ပါတယ်။ အာဟာရဗေဒပညာရှငိတွေကတော့ ဆီးချိုရှိသူတွေအနေနဲ့ တစ်နေ့ကို သစ်သီးကို ၂ ကြိမ် ကနေ ၄ ကြိမ်အထိ သင့်တင့်တဲ့ ပမာဏနဲ့ စားသုံးလို့ ရတယ်လို့ ထောက်ခံ အကြံပြုထားပါတယ်။
သစ်သီးစားတဲ့အခါ Glycemic index နည်းတဲ့ အသီး‌တွေကို ရွေးသင့်ပါတယ်။ ထမင်းစားချိန်နဲ့ ၂နာရီလောက် ခွာစားသင့်ပါတယ်။
ဆီးချိုရှိသူတွေ အနေနဲ့ရော ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ချင်သူတွေပါ နေ့စဉ် သစ်သီးစားသုံးပေးလို့ရပါတယ်။

တစ်နေ့တာမှာ ဘယ်လောက်စားမလဲ………

တစ်နေ့တာ ကျန်းမာစေဖို့ဆိုရင် သစ်သီးကို နည်းနည်းလောက်ဖြစ်ဖြစ်တော့ စားပေးဖို့ လိုပါမယ်။ တစ်နေ့မှာ စားသုံးသင့်တဲ့ သစ်သီးပမာဏက အနည်းဆုံးအနေနဲ့ ၄၀၀ ဂရမ် ဖြစ်ပြီး တစ်နေ့တာမှာ တစ်ခါပြင်စာ သစ်သီးကို ၅ ကြိမ်လောက်အထိ စားပေးလို့ရပါတယ်။

ဒီလိုလေး ပုံမှန် စားသုံးပေးတာက ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ရောဂါတွေ နာတာရှည်ရောဂါတွေ ဖြစ်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ဘာကြောင့် တစ်နေ့တာ စားသုံးမှုမှာ သစ်သီးပါအောင် စားသုံးပါလို့ ပြောရလဲဆိုတာကို သိကြပြီလား…. ကဲ..ဘယ်လိုလဲ….. နေ့စဉ် စားသုံးမှုမှာ သစ်သီးပါအောင် စားသုံးမယ် မဟုတ်လား Helloဆရာဝန် ပရိတ်သတ်ကြီးတို့ရေ……….

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Much Fruit Should You Eat per Day? https://www.healthline.com/nutrition/how-much-fruit-per-day Accessed Date 4 March 2020

Fruit https://www.eatforhealth.gov.au/food-essentials/five-food-groups/fruit Accessed Date 4 March 2020

 

ယခုပုံစံ

26/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သစ်သီးစားခြင်း နဲ့ပတ်သက်တဲ့ အကြံပြုချက် (၁၀) ချက်

သစ်သီးဝလံကို မှန်ကန်အကျိုးရှိအောင် ဘယ်လိုစားသုံးကြမလဲ။


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement