backup og meta

မျှဝေပါ။

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ

နေ့ရက်တိုင်းကို စိတ်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းဖို့ ဆန္ဒရှိ နေပြီလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ လူတစ်ယောက်ဟာ စိတ်ပျော်ရွှင်မှ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။ ဒီတော့ စိတ်ပျော်စေဖို့ အကောင်းဆုံး လုပ်ဆောင်သင့်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု မရှိစေဘဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေစေဖို့ ဘာတွေ စားပေးရမလဲ ဆိုတာကို Helloဆရာဝန် ပရိသတ်ကြီးကို ပြောပြပေးပါရစေ………….

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ ……………

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ ဆိုတော့

ဆယ်လ်မွန်

ဆယ်လ်မွန်က ခန္ဓါကိုယ် အတွက် အာဟာရ ဖြည့်တင်းပေးနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေနိုင်သလို ဆယ်လ်မွန်မှာ ပါတဲ့ omega-3 fatty acids က စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး စိတ်ဓါတ် မကျအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် B12 ပါဝင်နေမှုက စိတ်ခံစားမှုကို ကောင်းစေပြီး စိတ်ပျော်ရွှင်နေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဟင်းနုနွယ်

အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ ဟင်းနုနွယ်က ခန္ဓါကိုယ်အတွက် သံဓါတ် ဖြည့်ပေးနိုင်သလို ဖောလစ်အက်ဆစ် ပါဝင်မှု မြင့်မားတာကြောင့် စိတ်ဖိစီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဆီရာတိုနင် ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာပါ။

ကြက်သား

ကြက်သား၊ ကြက်ဆင်သားတို့မှာ အမိုင်နိုအက်ဆစ် ပါဝင်နေတာကြောင့် စိတ်ပျော်ရွှင်စေမှာ အသေအချာပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သား နဲ့ ကြက်ဆင်သားတို့က ခန္ဓါကိုယ်အတွက် အားဖြစ်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

နို့

စိတ်ခံစားမှု ကောင်းစေဖို့ အတွက်ရော ခန္ဓါကိုယ် အာဟာရ ပြည့်စေဖို့ အတွက်ပါ အရေးပါတဲ့ အရာ တစ်ခုပေါ့။ နို့မှာ အိုင်အိုဒင်း ပါဝင်နေတာကြောင့် သိုင်းရွိုက်ဂလင်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်သလို ခန္ဓါကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာပါ။ နို့မှာပါတဲ့ ပရိုတင်းက စိတ်ပူပန်မှုကို သက်သာစေနိုင်ပါတယ်။

ချောကလက်

ချောကလက်ရဲ့ အရသာက စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်တာ အသေအချာပါ။ ချောကလက်မှာ ပါဝင်နေတဲ့ အရာ တစ်ခုက စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သလို ခန္ဓါကိုယ်က နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေနိုင်ပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ငရုတ်သီး

ငရုတ်သီးက ပူစပ်စပ် အရသာ ရှိပေမယ့် စိတ်ခံစားမှုကိုတော့ ကောင်းစေနိုင်တာ အမှန်ပါ။ ငရုတ်သီးမှာပါတဲ့ capsaicin ဒြပ်ပေါင်းက ဦးနှောက်ကို အန်ဒရိုဖင်း ဟော်မုန်း ထွက်လာအောင် လုပ်ဆောင်ပေးပြီး စိတ်ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ပျားရည်

ပျားရည်က သကြားထက် ပိုပြီး ကျန်းမာသလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ဓါတ်ကျတာကို ကင်းဝေးစေပြီး စိတ်ပျော်ရွှင်နေစေဖို့ လုပ်ဆောင်ပေးပါတယ်။

အုန်းသီး

အုန်းသီးကို အဆီ များတယ် ဆိုပြီး ရှောင်နေတယ်ဆိုရင် အခုပဲ စားလိုက်ပါ။ အုန်းသီးမှာ ပါတဲ့ အဆီက ဦးနှောက် ကျန်းမာစေနိုင်ပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ပျော်ချင်သူတွေ အနေနဲ့ အုန်းသီး စားပေးလို့ ရပါတယ်။

မှို

မှိုက ခန္ဓါကိုယ်အတွက် အာဟာရ ပေးနိုင်သလို စိတ်ခံစားမှု ကောင်းစေဖို့အတွက်လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ မှို စားသုံးပေးတာက စိတ်ဓါတ်ကျတာကို ကာကွယ်ပေးသလို စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Foods That Can Make You Happierhttps://www.health.com/nutrition/6-foods-that-can-make-you-happier Accessed Date 1 August 2019

10 Foods That Will Make You Happy Instantlyhttps://www.lifehack.org/articles/lifestyle/10-foods-that-will-make-you-happy-instantly.htmlAccessed Date 1 August 2019

ယခုပုံစံ

08/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/03/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement