backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အစာမကြေဖြစ်တတ်သူတွေအတွက် စားပေးသင့်တဲ့အရာတွေ


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစာမကြေဖြစ်တတ်သူတွေအတွက် စားပေးသင့်တဲ့အရာတွေ

အစာမကြေတာက ပြောတော့သာဘာမှမဟုတ်တယ်။ တော်တော်လေးတော့ခံရခက်တယ်နော်။ အစာမကြေတိုင်း အစာကြေဆေးတွေ၊ လျက်ဆားတွေ စားပြန်တော့လည်း သွေးကတိုးဦးမယ်နော်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အစားအသောက်လေးတွေရှိပါတယ်။

အစာမကြေတတ်သူတွေ စားပေးသင့်တဲ့ အစားအစာတွေ

တကယ်လို့ သင်က အစာကြေခဲတယ်ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးရင် အဆင်ပြေမှာပါ။

ဒိန်ချဉ်

နို့ကို အချဉ်ဖောက်ထားတာဖြစ်ပြီး လက်တစ်အက်ဆစ်ဘက်တီးရီးယားတွေပါဝင်နေပါတယ်။ အစာခြေလမ်းကြောင်းတလျှောက်က အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို တိုးစေနိုင်ပါတယ်။ အစာချေဖျက်မှုဖြစ်စဉ်ကိုတိုးစေနိုင်ပါတယ်။

ပန်းသီး

ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ အစာခြေလမ်းကြောင်းတလျှောက်မှာ အစာတွေကို အဆင်ပြေပြေစီးဆင်းသွားစေပြီး အူမကြီးရောင်ရမ်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပင်ပွားစေ့

အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ အစာခြေလမ်းကြောင်းတလျှေက်မှာ အကျိုးပြုဘက်တီးရီးယားတွေကို တိုးစေနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကိုကောင်းမွန်စွာလှုပ်ရှားစေပြီး အစာကြေစေနိုင်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာ ပါပါအင်လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ အမျှင်ဓာတ်က အစာကြေစေဖို့အထောက်အကူပြုပေးပါတယ်။ ဝမ်းမချုပ်အောင်ကူညီပေးသလို အစာကြေစေဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။

ချင်း (ဂျင်း)

ချင်းက အစာကြေစေသလို မအီမသာဖြစ်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ရင်ပူတာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုးကိုပါ သက်သာစေနိုင်ပါတယ်။ အစာကြေခဲသူတွေအနေနဲ့ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ချင်း ကိုထည့်စားပေးသင့်ပါတယ်။
အစာခြေစနစ်ကိုအားဖြည့်ပေးနိုင်ပါတယ်။ အစာမကြေသူတွေအနေနဲ့ ပူစီနံကိုရေနွေးထဲထည့်သောက်လို့ရသလို တို့စားပေးလို့လည်းရပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာကို လည်း သက်သာစေနိုင်ပါသေးတယ်။

ငှက်ပျောသီး

အစာခြေစနစ်အတွက် အထောက်အကူပေးနိုင်တဲ့ အရသာရှိတဲ့ စားစရာတစ်ခုပါ။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အစာမကြေသူတွေအနေနဲ့ အစားစားပြီးတဲ့ အခါ ငှက်ပျောသီးလေး အချိုတည်းပေးပါ။

ကဲ အစာမကြေတတ်လိုပဆိုပြီး စိတ်ညစ်မနေပါနဲ့။ ဒီအစားအသောက်လေးတွေကို အရသာရှိရှိလေးစားပြီး အစာမကြေမှုတွေကို တာ့တာပြလိုက်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement