နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်ပါတယ်
အနီရောင် ဂေါ်ဖီထုပ်မှာ နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ phytonutrients ပါဝင်နေပါတယ်။ နောက်တစ်ချက်က အနီရောင်ဂေါ်ဖီမှာ ရောင်ရမ်းမှုကို လျော့ပါးစေနိုင်တဲ့ (အရောင်ကျစေနိုင်တဲ့) sulforaphane ပါဝင်နေပါတယ်။
ဒါကြောင့် အဆစ်ရောင်နာ ဝေဒနာခံစားနေရတွေအနေနဲ့ စားသုံးပေးဖို့ သင့်တော်ပါတယ်။
အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါ ကာကွယ်ပေးတယ်
အနီရောင် ဂေါ်ဖီထုပ်မှာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် K ကအရိုးတွင်းက ကယ်လ်ဆီယမ် ပမာဏကို ထိန်းညှိပေးဖို့ လိုအပ်တဲ့ ပရိုတင်းပမာဏကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အရိုးပွရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ ကယ်လ်ဆီယမ် ပါဝင်မှုက အရိုးတွေကို သန်မာစေသလို ဗီတာမင် K ပါဝင်မှုက အရိုးသိပ်သည်းဆကို ထိန်းပေးတာကြောင့် လေဒီလေးတွေနဲ့ အထူး သင့်တော်ပါတယ်။
ဒါကြောင့် သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရိုးတွေ ကျိုးလွယ်တာ၊ အရိုးပွတာတွေကို ကာကွယ်ဖို့ လေဒီလးတွေအနေနဲ့ ပုံမှန် စားသုံးပေးသင့်ပါတယ်။
နာတာရှည်ရောဂါတွေကို တိုက်ထုတ်ပေးတယ်
အသက်အရွယ်ကြောင့် ဖြစ်ဖြစ်၊ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံကြောင့်ဖြစ်ဖြစ် ဓာတ်တိုးပစ္စည်းတွေနဲ့ ထိတွေ့ရပါတယ်။ ဓာတ်တိုးပစ္စည်းတွေနဲ့ ထိတွေ့မှုများတာက အသားအရေကိုတင် ထိခိုက်စေတာမဟုတ်ဘဲ၊ ကင်ဆာ အပါအဝင် ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေပါ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ ဆီးချိုရောဂါ နဲ့နှလုံးရောဂါ တို့လိုမျိုးပေါ့။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ နေ့စဉ် ထိတွေ့မိနေတဲ့ ဓာတ်တိုးပစ္စည်းတွေက DNA (မျိုးဗီဇဆဲလ်)တွေကို ထိခိုက်ပျက်စီးစေသလို အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ကင်ဆာအပါအဝင် အမျိုးမျိုးသော နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အနီရောင်ဂေါ်ဖီထုပ်ကို စားသုံးပေးသင့်ပါတယ်။
ဂေါ်ဖီထုပ် အနီရောင်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အစာခြေစစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းစေဖို့ အားဖြည့်ပေးသလို ဝမ်းမှန်စေပါတယ်။ အမကြီးကို ကျန်းမာစေပြီး အစာကြေစေမှာပါ။
ဘာတွေ သတိထားရမလဲ
အနီရောင် ဂေါ်ဖီထုပ်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ရပါဘူး။
ဘယ်သူတွေ မစားသင့်ဘူးလဲ
ကလေးငယ်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။