brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeños ကို အကြိုက်ဆုံးဆိုရင်

ငရုတ်သီး အစိုတိုင်းကို ငရုတ်သီးစိမ်းဆိုပြီး စားလေ့ရှိကြပေမယ့် ငရုတ်သီးစိမ်းတွေက အရောင်မျိုးစုံ ရှိနိုင်သလို ငရုတ်သီးမျိုး ကွာခြားမှုအလိုက် ပုံစံတွေလည်း ကွာခြားပါတယ်။ ဒီလို ပုံစံ ကွာခြားနေတဲ့ ငရုတ်သီးစိမ်းတွေထဲကမှ အကြိုက်ဆုံး ငရုတ်သီးစိမ်းက ပုဝဝ ငရုတ်သီးစိမ်းလေးဖြစ်မယ်ဆိုရင်တော့ ဒီငရုတ်သီးစိမ်းလေးနဲ့ နာမည်က Jalapeñosပါ။

ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeños ကို အကြိုက်ဆုံးဆိုရင်

Jalapeños ကပေးတဲ့ အာဟာရ

Jalapeños ထဲမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ဗီတာမင် A
  • ဗီတာမင် C
  • ပိုတက်ဆီယမ်
  • capsaicin
  • carotene
  • ဗီတာမင် K
  • ဗီတာမင် Bတို့ ပါဝင်နေပါတယ်။
  • ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeños ကို အကြိုက်ဆုံးဆိုရင်

    ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeñosကို အကြိုက်ဆုံးဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။

    ကင်ဆာ သက်သာစေနိုင်တယ်

    Jalapeñosမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေကို ဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကိုလည်း ဟန့်တားပေးပါတယ်။

    Jalapeñosမှာ ပါတဲ့ capsaicin ဒြပ်ပေါင်းက ကင်ဆာ အမျိုးအစားအချို့ရဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

    ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

    ငရုတ်သီးစိမ်းတွေထဲမှာမှ Jalapeños ကို အကြိုက်ဆုံးဆိုရင်

    ဝိတ်ကျချင်တယ်ဆိုရင် Jalapeños ပုံမှန် စားပေးလို့ ရပါတယ်။ ကယ်လ်လိုရီပါဝင်မှု နည်းပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်သလို ခန္ဓာကိုယ် အပူချိန်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အစားစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    နာကျင်မှုကို သက်သာစေနိုင်တယ်

    Jalapeñosက သဘာဝ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    သွေးပေါင်ချိန် မြင့်တာ၊ သွေးတွင်းကိုလက်စထရောများတာ၊ ဆီးချိုရောဂါတွေက နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းပါ။ Jalapeñosမှာ ဖလေဗာနွိုက်၊ ဗီတာမင် C၊ ဗီတာမင် A နဲ့ capsaicin တို့ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်သလို အခြား ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။

    ကူးစက်ရောဂါပိုးတွေ ကာကွယ်ပေးတယ်

    Jalapeños က လည်ချောင်းနာတာ၊ သွားပိုးစားတာတွေကို သက်သာစေနိုင်သလို ကာကွယ်မှုလည်း ပေးနိုင်ပါတယ်။ အကြောင်းကတော့ Jalapeños မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိနေလို့ပါ။ အရောင်ကျစေနိုင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေနိုင်တယ်

    ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ဖျားနာတာတွေ နာမကျန်း ဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    အမြင်အာရုံကောင်းစေတယ်

    Jalapeñosမှာ အမြင်အာရုံအတွက် အကောင်းဆုံး ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ အမြင်အာရုံ ကောင်းစေပြီး ကြက်မျက်သင့်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ မခံစားရစေဖို့ ကာကွယ်ပေးပါတယ်။

    ကဲ ….. အကြိုက်ဆုံး ငရုတ်သီး အမျိုးအစားက Jalapeñosဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်မှာပါ။

    ဘယ်သူတွေ မစားသင့်ဘူးလဲ။

    Jalapeñosက ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့်

    • အရမ်းငယ်လွန်းတဲ့ ကလေးတွေ
    • ဘိုးဘိုးဘွားဘွားတွေ
    • ရောဂါအခံ ရှိသူတွေ
    • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/11/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။