ကိုယ်ဝန်ဆောင်ကာလ ပထမအပတ် (1 ပတ်)က နည်းနည်းတော့ ရှုပ်ထွေးပါလိမ့်မယ်။ ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ရှိမှန်း စသိချိန်မှာ အနည်းဆုံး ၄ပတ်ရှိနေပါပြီ။ မျိုးစအောင်တဲ့ရက် အတိအကျသိဖို့က ခက်ခဲပေမယ့် ရာသီစက်ဝန်းစတဲ့ရက်ကတော့ သိသာပါတယ်။ ဒါကြောင့် ရာဝန်တွေက နောက်ဆုံးရာသီစက်ဝန်းရဲ့ပထမရက်နဲ့ မီးဖွားမယ့်ရက်ကို တွက်တာပါ။
မီးဖွားရက်ကို ဆရာဝန်တွေအကောင်းဆုံး ခန့်မှန်းပေးနိုင်ဖို့ မျိုးမအောင်ခင် ပထမ၂ပတ်ကို ရေတွက်ရတာပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလက အပတ် ၄၀လောက်ကြာပါတယ်။ တချို့က ၃၈ပတ်မှာ မွေးတတ်သလို တချို့လဲ ၄၂ပတ်မှာ မွေးတတ်ပါတယ်။ ဆရာဝန်တွေကတော့ ၄၂ပတ်ကျော်တဲ့အထိ မထားပါဘူး။ အခု သင့်ရဲ့ မွေးဖွားမယ့်ရက် ဘယ်လိုတွက်ချက်လဲဆိုတာကို အနည်းငယ်ပြောပြပြီးပါပြီ။ အခု သင့်ကလေး ဘယ်လိုပြောင်းလဲလာလဲဆိုတာကို ကြည့်ကြရအောင်ပါ။
1 ပတ် မှာ ခန္ဓာကိုယ် ဘာတွေပြောင်းလဲသွားလဲ
ပြောရမယ်ဆိုရင် သင်ကိုယ်ဝန်မရသေးပါဘူး၊၊ ဒီရာသီစက်ဝန်းရဲ့ သားဥကြွေတဲ့အချိန်မှာ ကိုယ်ဝန်ရမှာပါ၊၊ ဒီအချိန်မှာ သင့်ခန္ဓာကိုယ်က မမျိုးဥကြွေဖို့ပြင်ဆင်နေပါပြီ။ မမျိုးဥကြွေတယ်ဆိုတာ သားဥအိမ်ကနေ မျိုးဥကြွေကျတာပါ။ အများစုက နောက်တစ်ခါ ရာသီလာမယ့် ရက်မတိုင်ခင် ၁၂-၁၄ ရက်ကြားမှာ ကြွေပါတယ်။
အဲဒီ သားဥကြွေဖို့ ကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတချို့ စအလုပ်လုပ်ပါတယ်။ သားဥကြွေခါနီးရက်တွေမှာ အတူနေရင် ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင် ဒီရက်ပိုင်းတွေမှာ အတူနေဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။