ဆီးချိုဖြစ်နေခြေကို လျော့နည်းစေတယ်။
သုတေသီတွေ လေ့လာစမ်းသပ်ချက်အရ တစ်ပတ်ကို ပန်းသီး အနည်းဆုံး ၃လုံး စားပေးတဲ့ သူတွေကို ပန်းသီးလုံး၀ မစားတဲ့သူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကို သိသိသာသာ ကျဆင်းစေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကလေးတွေမှာ အဝလွန်ေရာဂါ၊ ဆီးချိုရောဂါ မဖြစ်စေဖို့ ပန်းသီး နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။
ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်။
အမျိုးသမီးထုကို နှစ်စဉ်ခြိမ်းခြောက်နေတဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာဟာ တစ်ခုအပါအဝင်ပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံး ပုံမှန်စားပေးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အလွန်လျော့နည်းပါတယ်။ ပန်းသီးမှာ အမျိုးသမီးတွေ နေ့စဉ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ခန္ဓါကိုယ်ကိုလည်း ကျန်းမာစေလို့ မှန်မှန်စားပေးသင့်တဲ့အကြောင်းကို အကြံပေးလိုက်ပါတယ်။
အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်။
ပန်းသီးမှာ အာဟာရဓါတ်ပေါကြွယ်ဝတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒါကြောင့် ငယ်ရွယ်စဉ် ကလေးဘဝမှ ကြီးလာတဲ့ အချိန်ထိ ပန်းသီးအပါအဝင် မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံ ရှိဖို့ အလွန်အရေးကြီးလှပါတယ်။ ပန်းသီးဟာ အဝလွန်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါတွေကိုပါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။
ပန်းသီးနဲ့ လူတွေရဲ့ နေ့စဉ်အာဟာရ
ပန်းသီးမှာ တခြားသော သစ်သီးဝလံတွေထက် အာဟာရဓါတ်တွေ ပိုမိုပေးစွမ်းနိုင်လို့ နေ့စဉ်ပုံမှန်စားပေးသင့်ပါတယ်။
ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ ဗီတာမင် C လို သဘာ၀ antioxidant တွေ အများအပြား ပါဝင်ပါတယ်။
ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေပြီး သွေးနီဥတွေ ကောင်းစွာလည်ပတ်နိုင်အောင် ထိန်းပေးနိုင်တဲ့ ဗီတာမင် B အုပ်စု၊ သွေးတွင်း ကိုလက်စထရောတွေကို မြင့်တက်မလာအောင် တားဆီးပေးနိုင်ပြီး အစာကြေစေတဲ့ အမျှင်ဓါတ်တွေ ပါဝင်ပါတယ်။
တခြားသော သတ္တုဓါတ်တွေ ဖြစ်တဲ့ ကယ်လ်စီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်တွေအပြင် အသားဓါတ်၊ သံဓါတ်၊ မဂ္ဂနီဆီယ်ဓါတ်၊ ဗီတာမင် A ၊ ဗီတာမင် K တွေလည်း ပါဝင်တာကြောင့် လူတိုင်းမဖြစ်မနေ နေ့စဉ် ပန်းသီး တစ်လုံး စားပေးသင့်တယ်လို့ တိုက်တွန်းပေးလိုက်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။