backup og meta

ကနဖော့ ဆေးဖက်ဝင်လား

ကနဖော့ ဆိုတာက ကန်စွန်းရွက်လိုပဲ ရေထဲမှာ ပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးပါ။ အလေ့ကျပေါက်ပင် တစ်မျိုးပေါ့။ ငယ်ငယ်က ရေမြောင်းထဲမှာ အလေ့ကျပေါက်ရောက်နေတာကို ခူးပြီးတော့တောင် ဆော့ခဲ့ဖူးပါတယ်။ ဒီလို အလေ့ကျပေါက်တဲ့ ကနဖော့ကို ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလို့လည်း ရပါတယ်။

ကနဖော့ ဆေးဖက်ဝင်လား

ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်တို့၊ သံပုရာရည်၊ ငရုတ်သီးစိမ်းတို့နဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူလေးနဲ့ စားရင် အတော်လေး အရသာရှိတဲ့ ကနဖော့က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကနဖော့ ဆိုတာ

ကနဖော့ ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်းလိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို ရိုးတံ နီနီလေးနဲ့လည်း ရှိပါတယ်။

ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီး အဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။

ကနဖော့မှာပါတဲ့ အာဟာရဓာတ်တွေ

စားလို့ ကောင်းတဲ့ ကနဖော့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ကနဖော့ ဆေးဖက်ဝင်လား

ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလည်း စားလို့ရတဲ့ ကနဖော့က ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့

ကိုယ်ခံအား ကောင်းစေတယ်

ကနဖော့မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး ဖျားနာတာ၊ အအေးမိတာ၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ပြည့်ဝမှုက ကျန်းမာရေးကို အတော်လေး ထောက်ကူပေးနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

အမျှင်ဓာတ် ပါဝင်တာကြောင့် အဆာခံနိုင်စေပြီး ကယ်လ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှု နည်းတာက ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးကျစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

ဆီးရွှင်စေတယ်

ကနဖော့က ဆီးအောင့်တာ၊ ဆီးနည်းတာတွေကို သက်သာစေပြီး ဆီးရွှင်စေနိုင်ပါတယ်။ ဆီးသွားရခက်နေသူတွေ စားပေးလို့ ရပါတယ်။

အဖောအရောင် ကျစေတယ်

ကနဖော့က ဖောတာရောင်တာကို ကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ကျောက်ကပ် ကျန်းမာစေတယ်

ကနဖော့က အဆိပ်ပြေစေသလို ကျောက်ကပ်က အညစ်အကြေးတွေကိုလည်း ထိထိရောက်ရောက် သန့်စင်ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

ဒရင်ကောက်ပင်မှာ copper နဲ့ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

မျက်လုံး ကျန်းမာစေတယ်

ကနဖော့က ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေပြီး မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြက်မျက်သင့်တာ၊ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ညောင်းကိုက်တာတွေကို သက်သာစေနိုင်တယ်

ခြေလက်တွေ ကြွက်သားတွေ ညောင်းကိုက်နေတာကို သက်သာစေဖို့အတွက်လည်း ကနဖော့ကို အသုံးပြုပေးလို့ ရပါတယ်။ ပြုတ်ရည်ကို သောက်ပေးလို့ ရသလို တို့စားလို့လည်း ရပါတယ်။

ကဲ …. ငယ်ငယ်က ဆော့ခဲ့တဲ့ ကနဖော့က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ။

ကနဖော့ပင်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။ အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။ ဒါ့ပြင်

  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ
  • ရောဂါအခံရှိသူတွေ
  • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hilamochika – Benefits, Remedies, Research https://www.easyayurveda.com/2020/04/23/hilamochika-enhydra-fluctuans/amp/ Accessed Date 17 March 2022

Kankong-kalabau http://www.stuartxchange.org/Kangkong-kalabau.html Accessed Date 17 March 2022

ယခုပုံစံ

14/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ......

နာနတ်ပင်ရဲ့ အရွက် ဆေးဖက်ဝင်သလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/06/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ