brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မြေစာဥ ဆိုတာ ဘယ်လိုဆေးဖက်ဝင်တာလဲ

အိမ်က လူကြီးတွေ သိပ်ကြိုက်ကြတဲ့ မြေစာဥ ဆိုတာ တကယ်တော့ စိမ်းစားဥတို့လိုပဲနော်။ အစိမ်းစားလို့ ရတယ်။ ဝက်မြေစာဥလို့လည်း ခေါ်ကြတယ်။ ဆေးဖက်ဝင်တယ်၊ အရသာအရမ်းကောင်းတယ်လို့ ညွှန်းကြလွန်းလို့ စားကြည့်တော့ ချိုချိုလေးနဲ့ စားကောင်းသား။

မြေစာဥ ဆိုတာ ဘယ်လိုဆေးဖက်ဝင်တာလဲ

ဘယ်လိုဆေးဖက်ဝင်လဲလို့ လေ့လာကြည့်ပြန်တော့ ကာဗိုဟိုက်ဒရိတ်၊ ကစီနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ရေဓာတ်လည်း ပါဝင်မှုမနည်းပါဘူး။ ဒီလိုတွေပါတော့ ဘာအတွက်အကျိုးပြုတာလဲ ဆက်ပြီးကြည့်ရအောင်။

မြေစာဥ ရဲ့ ကျန်းမာရေး ကောင်းကျိုးများ

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတယ်
  • catechin gallate ၊ epicatechingallate နဲ့ gallocatechin gallate တို့လို phenolic ဒြပ်ပေါင်းတွေနဲ့ flavonoidsတွေ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေမယ့်ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေရန်က ကာကွယ်တားဆီးပြီး နာတာရှည်ရောဂါတွေ ဖြစ်မလာအောင် တားဆီးပေးပါတယ်။

    ပိုတက်စီယမ်ပါဝင်မှုများလို့ သွေးဖိအားကို ကျစေဖို့ ကူညီပေးတယ်။ ပိုတက်စီယမ်က သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့အစားအသောက်တွေက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကိုလည်း ဖြစ်နိုင်ခြေနည်းစေပါတယ်။

    မြေစာဥ ဆိုတာ ဘယ်လိုဆေးဖက်ဝင်တာလဲ

    မြေစာဥ က နှလုံးရောဂါဖြစ်နိုင်ခြေနည်းအောင် နည်းလမ်းနှစ်မျိုးနဲ့ ကာကွယ်ပေးပါတယ်။ သူတို့က ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ထိန်းညှိပြီး ရေဓာတ်စုခြင်းကို လျှော့ချပေးတယ်၊သွေးတိုးကို လျှော့ချပေးတယ်။ သူတို့မှာ ကိုလက်စထရောမပါဘူး၊ အဆီဓာတ်နည်းနည်းလေးပါတယ်၊ တခြားဥတွေ၊ အစေ့အဆန်တွေထက် ကယ်လိုရီနည်းတယ်။

    • အဆီကျစေတယ်

    ကိုလက်စထရောမပါတဲ့အပြင် အမျှင်ဓာတ်ကကြွယ်ဝနေတော့ အဆီချဖို့ အတော်ပဲပေါ့။ သူ့မှာ ကယ်လိုရီနည်းတော့ ဟင်းရည်ချက်သောက်တာ၊ ဖျော်ရည်လုပ်သောက်တာ၊ အစိမ်းစားတာတွေ လုပ်လို့ရတယ်။ အာဟာရပါဝင်မှုကများတော့ အဆီချ diet plan မှာ ထိုက်သင့်သလောက် ထည့်သုံးလို့ရပါတယ်။

    • ကင်ဆာတိုက်ဖျက်နိုင်တယ်

    သူက ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားပေးပြီး ခန္ဓာကိုယ်ထဲ ကင်ဆာပျံ့နှံ့ခြင်းကို တားဆီးပေးလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေ၊ ရင်သားကင်ဆာတွေကို ရင်ဆိုင်တိုက်ဖျက်ပေးပါတယ်။

    မြေစာဥ မှာ penicillin လို အာနိသင်ရှိတဲ့ puchin ဆိုတဲ့ ပဋိဇီဝဒြပ်ပေါင်းတစ်မျိုး ပါရှိပါတယ်။ ဒီဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။

    မြေစာဥ ဆိုတာ ဘယ်လိုဆေးဖက်ဝင်တာလဲ

    တခြားအကျိုးကျေးဇူးတွေက –

    • တရုတ်တိုင်းရင်းဆေးပညာမှာဆို မြေစာဥကို အစာအိမ်ကောင်းစေဖို့နဲ့ ခန္ဓာကိုယ်အားရှိစေဖို့ ဆေးအဖြစ် သုံးကြပါတယ်။
    • ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးများတဲ့ folate ပါဝင်မှုလည်းများပါတယ်။
    • မြေစာဥအမှုန့်က gluten-freeဖြစ်ပြီး ပရိုတင်းကြွယ်ဝပါတယ်။ တရုတ်ဆေးပညာမှာ အသားဝါခြင်း (jaundice ) နဲ့ ဝက်သက်ရောဂါတို့ကြောင့် မအီမသာဖြစ်တဲ့ ဝေဒနာတွေသက်သာစေဖို့ ဒီအမှုန့်ကို ရေနဲ့ဖျော်ပြီး တိုက်လေ့ရှိပါတယ်။

    ဘယ်လိုစားရလဲ

    • အခွံခွာပြီး အစိမ်းစားလို့ရတယ်၊ ပေါင်းစား၊ ပြုတ်စား၊ ကင်စားလို့ရတယ်(အခွံတော့ခွာရမယ်)။
    • ဟင်းချို၊ စွပ်ပြုတ်၊ အကြော်၊ ခေါက်ဆွဲတို့မှာ ထည့်စားလို့ရတယ်။
    • မုန့်လုပ်တဲ့အခါ ထည့်လို့ရတယ်။
    • ဖျော်ရည်ကြိတ်သောက်လို့ရတယ်။

    သတိထားဖို့က တန်ဆေးလွန်ဘေးဆိုတာပါ။ မြေစာဥ ကို အလွန်အကျွံစားရင် မအီမသာဖြစ်တာ၊ ပျို့အန်တာတွေ ခံစားရပြီး တောက်သွားတတ်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/03/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။