အမြဲလိုလို ပင်ပန်းနေတယ်ဆိုရင်တော့ သံဓါတ်အားနည်းနေတာပါ။ ဒီလက္ခဏာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ သံဓါတ်အားနည်းလာတဲ့အခါ လူက အမြဲလိုလို နုံးချိနေနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက သံဓါတ်ပြည့်ဝနေစေဖို့ပါပဲ။
ကြွက်သားတွေထဲက အားမရှိသလိုပဲဖြစ်နေတယ်ဆိုတာက သံဓါတ်အားနည်းနေတာပါ။ ကိုယ်တွင်းမှာ လုံလောက်တဲ့ သံဓါတ်ရှိနေမယ်ဆိုရင် ကြွက်သားတွေ ကျုံကဆန့်နိုင်စေဖို့အတွက် လိုအပ်တဲ့အောက်ဆီဂျင်တွေကိုပေးပို့နိုင်မှာပါ။ ကိုယ်တွင်းမှာ သံဓါတ်အားနည်းလာတဲ့အခါ ကြွက်သားတွေထဲက အားမရှိသလို ခံစားရနိုင်သလို ကြွက်သားတစ်ရှုးတွေကိုရောင်ရမ်းစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
သံဓါတ်က ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓါတ်က ခန္ဓါကိုယ်က ဆဲလ်တွေ။ တစ်ရှုးတွေ နဲ့ အင်္ဂါ အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်ထောက်ပံ့ပေးနေတဲ့သွေးဖြူဥဆဲလ်တွေကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနေပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ကိုယ်ခံအားကောင်းပြီး ကိုယ်တွင်းကို
ရောဂါတွေ ဝင်ရောက်ကူးစက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
အာရုံစူးစိုက်နိုင်စွမ်းကောင်းစေတယ်
ဘာလုပ်လုပ်အာရုံစိုက်မရဘူးဆိုတာက ကိုယ်တွင်းမှာ သံဓါတ်အားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။သွေးထဲမှာ သံဓါတ်အားနည်းလာတဲ့အခါ အာရုံစိုကနိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဒီလိုကနေ အချိန်ကြာလာတဲ့အခါ မှတ်မိနိုင်စွမ်းကိုပါထိခိုက်လာစေနိုင်ပါတယ်။
နည်းနည်းလောက်လေးထိခိုက်မိတာနဲ့ အရေပြားမှာ ချက်ချင်း အညိုအမဲစွဲရတာက သံဓါတ်အားနည်းနေလို့ပါ။ ဒါကြောင့် သံဓါတ်အားပြည့်နေစေဖို့ အစားအသောက်ကို ဂရုစိုက်ပေးစေချင်ပါတယ်။
သံဓါတ်အားနည်းမှုက အိပ်စက်မှုမှာပါ ထိခိုက်လာစေနိုင်ပါတယ်။ အိပ်နေရင်း ခဏခဏလန့်နိုးတာ၊ ညဘက်မှာကောင်းကောင်းအိပ်မပျော်တာတွေက သံဒါတ်အားနည်းမှုကြောင့် အိပ်စက်မှုမှာပြဿနာဖြစ်နေရတာပါ။ ဒါကြောင့် ညတိုင်းမှာပြည့်ဝတဲ့ အိပ်စက်မှုရစေဖို့ ခန္ဓါကိုယ်မှာ သံဓါတ်ပြည့်ဝအောင်ဖြည့်ဖို့ မမေ့ပါနဲ့။
သံဓါတ်များရင်လည်း မကောင်းပြန်ပါဘူး…..
သံဓါတ်နည်းတာကြောင့်သွေးအားနည်းတာ၊ ခဏခဏဖျားနာတာတွေဖြစ်နိုင်တယ်ဆိုပေမယ့် သံဓါတ်များရင်လည်း အသည်းနဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ သံဓါတ်တွေ စုပုံပြီး ဆဲလ်တွေနဲ့တစ်ရှုးတွေကို ပျက်စီးစေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ ကင်ဆာဖြစ်စေနိုင်တာပါ။
သံဓါတ်ကို လိုတာထက် ပိုပြီးသောက်သုံးမိမယ်ဆိုရင် မအီမသာဖြစ်တာ၊အော့အန်တာ၊ ဗိုက်အောင့်တာမျိုးဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံး အကျိုးဆက်အနေဲ့ကတော့ ကိုယ်တွင်းသွေးယိုစိမ့်တာ၊ တက်တာ၊ ကိုမာဝင်တာ နဲ့သေဆုံးတာအထိတောင်ဖြစ်စေနိုင်ပါတယ်။ ကိုယ်တွင်းမှာ လိုအပ်တဲ့ သံဓါတ်ပမာဏထက်များနေမှုက အရေပြားပြဿနာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အတွက် သ့ဒါတ်ကို ပိုလည်းမပိုစေ၊ လိုလည်း မလိုစေဖို့ သေချာလေးဂရုစိုက်ပေးပါလို့ပြောပါရစေ Hello ဆရာဝန် ပရိသတ်ကြီးရေ………………..
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။