backup og meta

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

အချဉ်စားရတာ ကြိုက်လား….. ကြိုက်တယ်။ အစာအိမ်အူလမ်းကြောင်းရော ကျန်းမာချင်လား……. အင်း…. ကျန်းမာချင်တာပေါ့။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား….ဆိုပြီး စိတ်ပူနေပြီလား…. ဖြစ်နိုင်ပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုမျိုး ချဉ်ချဉ်စပ်စပ် ခံတွင်းတွေ့တွေ့နဲ့ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ စားစရာလေးတစ်မျိုးက လေဒီလေးတွေအသည်းစွဲ အိုပါးတို့ရဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကင်မ်ချီ ပါ။

ကင်မ်ချီကိုဘာနဲ့ လုပ်သလဲ……

ကင်မ်ချီကို မုန်ညှင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့ အချိုးကျ ရောစပ်ပြီး အချဉ်ဖောက် ပြုလုပ်ထားတာပါ။ ကိုးရီးယား ချဉ်ဖတ်ပေါ့။ အစပ်အတွက်တော့ ငရုတ်သီး အစိမ်းမှုန့် ဒါမှမဟုတ် ငရုတ်သီးအနှစ်ကို အသုံးပြုကြပါတယ်။

ကင်မ်ချီ အပါအဝင် အချဉ်ဖောက်ထားတဲ့ စားစရာတွေရဲ့ အားသာချက်က အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာပါ။ ကဲ … ကင်မ်ချီ ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

ကင်မ်ချီစားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

အစာခြေအူလမ်းကြောင်း ကျန်းမာစေတယ်။ 

ကင်မ်ချီက အခြား အချဉ်ဖောက်ထားတဲ့ စားစရာတွေလိုပဲ အကျိုးပြုဘက်တီးရီးယား ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေသလို အူနံရံတွေက အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေပြီး အူမကြီးကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

အစာခြေစနစ် ကျန်းမာစေမှတော့ ကိုယ်ခံအားကောင်းအောင် ထောက်ကူပေးနိုင်တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် လိူအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိစေမှုက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်။

ကင်မ်ချီစားသုံးပေးတာက သွေးတွင်းအဆီကို ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အကျိုးမပြု ကိုလက်စထရောတွေကိုပါ။ ကြက်သွန်ဖြူ ပါဝင်နေတာကလည်း သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်။

ကင်မ်ချီက သွေးတွင်းကိုလက်စထရော ကျဆင်းစေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း  ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံး ကျန်းမာစေနိုင်ပါတယ်။ ချင်း (ဂျင်း) နဲ့ ငရုတ်သီးပါဝင်မှုကလည်း နှလုံးရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အရောင်ကျစေနိုင်တယ်။

အပြင်းအထန် ရောင်ရမ်းမှုတွေ၊ နာတာရှည် ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။ ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ် အပါအဝင် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

ဦးနှောက် ကျန်းမာစေနိုင်တယ်။

အစာခြေစနစ်ကို ကျန်းမာစေပြီး ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေတာကြောင့် ဦးနှောက် ကျန်းမာစေဖို့အတွက် ကင်မ်ချီ စားပေးလို့ ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်။

ကင်မ်ချီရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က ဝိတ်ကျစေနိုင်တာပါ။ ကျန်းမာတဲ့ ဘ​ဝနေထိုင်မှုပုံစံအတွက် ကင်မ်ချီကို ရွေးချယ်လို့ ရပါတယ်။ အလွန်အကျွဲ စားသုံးတာမဟုတ်ဘဲ ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကိုယ်အလေးချိန်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။

မျက်လုံး ကျန်းမာစေနိုင်တယ်။

ကင်မ်ချီမှာ ဘီတကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး နဲ့ အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။

မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေဒီတွေမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ် မှိုပိုးဝင်တာကို သက်သာစေနိုင်သလို အခြားသော အရေပြားမှိုပိုး ကူးစက်တာ၊ ပိုးဝင်ကူးစက်တာတွေကို သက်သာစေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်တယ်။

ကင်မ်ချီကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ စားပေးလို့ ရပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းစေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ကဲ … ကင်မ်ချီကြိုက်သူလေးတွေက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Kimchi Has Many Health Benefits, but Also a Significant Drawback https://www.livestrong.com/article/478382-health-benefits-of-kimchi/ Accessed Date 22 February 2022

10 Health Benefits of Kimchi, According To Nutritionists https://www.womenshealthmag.com/food/a29892608/health-benefits-of-kimchi/ Accessed Date 22 February 2022

ယခုပုံစံ

24/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက် ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား...........

ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement