backup og meta

အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား.........

အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား.........

တိုးတက်လာတဲ့ခေတ်မှာ အိမ်နောက်ဖေး ဈေးဆိုင်တည်ပြီး လတ်လတ်ဆတ်ဆတ် စားဖို့ထက် freezer ကောင်းကောင်း တစ်လုံးဝယ်ပြီး တစ်ပတ်စာလောက် အေးခဲ စားကြတာ ပိုများပါတယ်။ တိုးတက်လာတဲ့အလျောက် အိမ်ရှင်မတွေကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အလုပ်တွေ လုပ်လာရတာကြောင့်လည်း ပါပါတယ်။ ဒီလို အေးခဲထားတဲ့ အစားအစာတွေကို ချက်ပြုတ်တဲ့အခါ သိချင်နေနိုင်မယ့် အကြောင်းအရင်း တစ်ခုက အေးခဲထားတဲ့ အသီးအရွက်တွေ အသားငါးတွေက အာဟာရတန်ဖိုး လျော့သွားလား၊ ပျက်သွားလား ဆိုတာပါ။

တကယ်လို့သာ ဒီလိုမျိုး အာဟာရတန်ဖိုး လျော့မယ်၊ ပျက်မယ်ဆိုရင် စားလိုက်ပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးမပြုတာမျိုးတွေ ဖြစ်လာမှာကိုး။ ဒီတော့ ဒီအချက်လေးကို ဆောင်းပါးလေးထဲမှာ သေသေချာချာ ဖတ်ကြည့်လိုက်ရအောင်နော်။

အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား………

အခုပြောပြမယ့် အစားအစာဆိုတဲ့နေရာမှာ အသား၊ ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား ပြောချင်ပါတယ်။ တစ်ပတ်တာလုံး ရုံးတက်ရလို့ တစ်ပတ်စာအတွက် ပိတ်ရက်မှာ ဈေးဝယ်တယ်ဆိုပါတော့။ ဒီတော့ အသားငါးတွေကို ရေဆေးသန့်စင်ပြီး freezer ထဲမှာ အခဲခံထားလို့ နေ့စဉ် အလိုက် ချက်ပြုတ်စားတယ်ဟုတ်။

အေးခဲထားတာက အသား၊ ငါးတွေရဲ့ အာဟာရတန်ဖိုးကို ပျက်စေသလား

ဒီလို ချက်ပြုတ်တာက အသား၊ ငါးတွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေလားဆိုတော့ မပျက်စေပါဘူး။ သတိထားရမှာ တစ်ခုက ဆေးကြောသန့်စင်ပြီးတဲ့အခါ သေချာလေးလေလုံအောင် ဘူးနဲ့ထည့်ပြီး အအေးနိုင်နိုင်နဲ့ အေးခဲထားဖို့ပါ။

အအေးမနိုင်ရင်တော့ အသားတွေ၊ ငါးတွေက ပုပ်သိုးပျက်စီးပြီး အာဟာရတန်ဖိုး ပျက်စီးသွားတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလို အေးခဲတယ်ဆိုတဲ့နေရာမှာ အသား၊ ငါးတွေကို ဘူးထဲ၊ အိတ်ထဲကို ပြည့်ကျပ်အောင် ထည့်တာမျိုး မလုပ်ဘဲ ဘူး ဒါမှမဟုတ် အိတ်ရဲ့ အထက်ပိုင်းမှာ နေရာလွတ် နည်းနည်းလေး ထားပေးဖို့ လိုပါမယ်။ ဒါမှလည်း အသား၊ ငါးတွေက အထားခံမှာပါ။

အေးခဲထားတာက သစ်သီးတွေရဲ့ အာဟာရတန်ဖိုးကို ပျက်စေသလား

အေးခဲထားတာက သစ်သီးတွေရဲ့ အာဟာရတန်ဖိုးကို မလျော့စေနိုင်ပါဘူး။ ဘယ်ရီသီးတွေကို freezing လုပ်ထားတာက ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီးတို့လိုမျိုး အသီးတွေကိုတော့ အေးခဲတာမျိုး မလုပ်ဘဲ အေးမြတဲ့ အပူချိန်မှာ သိမ်းဆည်းထားတာက ပိုကောင်းပါတယ်။

တကယ်လို့ အခဲခံချင်တယ်ဆိုရင်တော့ အခွံသင်၊ ဆေးကြောပြီး အရွယ်တော်လေးတွေ တုံးလို့ ရေသေချာ စစ်ပြီး လေလုံအိတ်၊ ဗူးတို့နဲ့ထည့်လို့ အေးခဲထားသင့်ပါတယ်။ အေးခဲတဲ့အခါ ဗူး၊ ဒါမှမဟုတ် အိတ်ရဲ့ အထက်ပိုင်း ၄ ချိုး ၁ ချိုးစာလောက်ကို နေရာလွတ် ချန်ထားရပါတယ်။

ဒါမှ အာဟာရတန်ဖိုး မပျက်ဘဲ တာရှည်ခံမှာပါ။ ရေစင်အောင် စစ်ခိုင်းရတာက အရမ်းခဲတောင့်နေတာမျိုး မဖြစ်စေဘဲ မူလအရသာလေး မပျက်စေဖို့ပါ။

အေးခဲထားတာက ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရတန်ဖိုးကို ပျက်စေသလား

ဟင်းသီးဟင်းရွက်တွေကလည်း သစ်သီးတွေလိုပါပဲ။ အေးခဲထားတာကြောင့် အာဟာရတန်ဖိုးမပျက်ပါဘူး။ အရွက်တွေကိုလည်း သေချာလေး သန့်စင်ပြီး လေသလပ်ခံလို့ လေလုံအိတ်ထဲ ထည့်ပိတ်ပြီး သေချာလေး သိမ်းဖို့လိုပါမယ်။

သိမ်းတဲ့အခါမှာလည်း လေလုံအိတ် ဒါမှမဟုတ် ဗူးရဲ့ အထက်ပိုင်းမှာ နေရာလွတ် နည်းနည်း ချိန်ပေးဖို့ပါ။ ဒါမှလည်း အထားခံပြီး အာဟာရတန်ဖိုး မပျက်မှာပါ။

ဟင်းသီးဟင်းရွက်တွေကို အာဟာရ မပျက်အောင် အေးခဲ သိမ်းဆည်းလို့ရတဲ့ အခြား တစ်နည်းက ဟင်းသီးဟင်းရွက်တွေကို သေချာလေး သန့်စင်ပြီးတဲ့အခါ ဆူနေအောင်တည်ထားတဲ့ ​ရေနွေးထဲမှာ ၄၅ စက္ကန့်ကနေ စက္ကန့် ၆၀ လောက်ဆေးလို့ ချက်ချင်းဆယ်ပြီး ရေခဲရေထဲကို နှစ်လိုက်ပါ။

ပြီးရင် ရေစင်အောင် စစ်ပြီး လေလုံအိတ် ဒါမှမဟုတ် ဗူးထဲထည့်ပြီး အပေါ်ပိုင်းမှာ ၄ ချိုး ၁ ချိုးစာလောက် နေရာလွတ်ထားပြီး အေးခဲ ထားလိုက်ရုံပါ။

ဒီလို လုပ်တာက အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး မပျက်သလို သဘာဝ အရောင်အဆင်းလည်း မပျက်ပါဘူး။

အေးခဲတာကြောင့် အာဟာရတန်ဖိုးတွေ မပျက်ပါဘူး။ ဒါပေမယ့် အေးခဲထားတဲ့ အစားအစာတွေကို တစ်ပတ်ထက်ပိုပြီးတော့တော့ မထားသင့်ပါဘူး။ နောက်တစ်ချက်က freezer ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nutrition Loss in Frozen Foods https://www.livestrong.com/article/361456-nutrition-loss-in-frozen-foods/ Accessed Date 17 September 2021

Does Freezing Food Really Kill Nutrients? https://about.spud.com/blog-freezing-nutrients/ Accessed Date 17 September 2021

ယခုပုံစံ

24/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကန်စွန်းဥ တစ်လုံးက ရနိုင်တဲ့ အာဟာရတန်ဖိုးတွေ

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement