backup og meta

ငါးအရေခွံ ကို စားသင့်လား။

ငါးအရေခွံ ကို စားသင့်လား။

ငါးစားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာကို အတော်များများ သိထားကြမှာပါ။ ဒါပေမယ့် တချို့က ငါးစားတဲ့အခါမှာ ငါးအရေပြားကိုပါ စားမယ်ဆိုရင် အန္တရာယ်ရှိ၊ မရှိနဲ့ စားရင် ကျန်းမာရေးအတွက် ကောင်း၊ မကောင်း သေသေချာချာ မသိကြတာမျိုးကြောင့် မစားဖြစ်တဲ့ သူတွေကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ငါးအရေခွံ နဲ့ ကျန်းမာရေးအကြောင်းလေးကို မျှဝေပေးသွားမှာပါ။

၁။ ငါးအရေခွံ ကို စားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်လား။

ငါးတွေကို ဝယ်ပြီးတဲ့အခါမှာ စင်ကြယ်အောင် ဆေးကြောသန့်စင်ပြီး အကြေးခွံတွေကို သေသေချာချာ ဖယ်ရှားပြီးပြီဆိုရင်တော့ ဘာအန္တရာယ်မှမရှိပါဘူး။ ငါးတွေမှာ ငါးအမျိုးအစားနဲ့ မွေးမြူရာနေရာ၊ နေထိုင်ရာနေရာ အပေါ်မူတည်ပြီး အနည်းနဲ့အများ မာကျူရီလို့ခေါ်တဲ့ အဆိပ်ဓာတ်တစ်မျိုး ထိတွေ့ပါဝင်ကြပါတယ်။ အဲဒီ မာကျူရီကတော့ ငါးအရေခွံတင်မက ငါးအသားမှာလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သာမာန်လူတွေမှာ ပုံမှန်စားရုံနဲ့တော့ အဲဒီမာကျူရီဓာတ်က ကျန်းမာရေးဆိုးကျိုးတွေကို မဖြစ်လာစေနိုင်ပါဘူး။ ဒါ့ကြောင့် ဒီလို မာကျူရီကြောင့် ဆိုးကျိုးဖြစ်မှာကို ပူပန်ပြီး ငါးအရေခွံ မစားတာမျိုး ဖြစ်စရာမလိုပါဘူး။

ဒါပေမယ့် အဲဒီမာကျူရီဓာတ်ဟာ အရမ်းများမယ်ဆိုရင်တော့ ကလေးငယ်တွေ၊ ဗိုက်ထဲက သန္ဓေသားလေးတွေအတွက် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဖွံဖြိုးမှုတွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နို့တိုက်မိခင်တွေ နဲ့ ကလေးငယ်တွေမှာ ဆိုရင်တော့ မာကျူရီဓာတ် ပါဝင်မှုများတဲ့ ငါးတွေအစား အခြား မာကျုရီဓာတ်နည်းတဲ့ ငါးတွေကိုပဲ လိုအပ်သလောက် စားသုံးပေး သင့်ပါတယ်။

ဘယ်လို ငါးတွေမှာ မာကျူရီဓာတ်ပိုများသလဲ။

များသောအားဖြင့် ငါးမန်း၊ Marlin ကဲ့သို့သော ငါးအကြီးကြီး နဲ့ သက်တမ်းရှည်တဲ့ ပင်လယ်ငါးကြီးတွေမှာ မာကျူရီပမာဏများ ပါတယ်။ ဒါ့ကြောင့် မာကျူရီဓာတ်များတဲ့ ငါးတွေထက်စာရင် မာကျူရီပါဝင်မှုနည်းတဲ့ ငါးတွေ( ဥပမာ- တူနာငါး၊ တီလားပီးယား၊ ငါးခူ၊ ဆယ်လမွန်ငါး စတဲ့ အရွယ်ငယ်တဲ့ ငါးလေးတွေ)ကို စားပေးသင့်ပါတယ်။

၂။ ငါးအရေခွံစားမယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးများ။

ငါးအရေခွံမှာလည်း ငါးအသားကဲ့သို့  ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ ကောင်းမွန်တဲ့ ပစ္စည်းလေးတွေ အများကြီးပါဝင်ပါတယ်။ ငါးအရေခွံကို စားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်း(အသားဓာတ်)၊ omega3 fatty acid ၊ ဗီတာမင် D နဲ့ E တွေအပြင် အိုင်အိုဒင်းဓာတ်တွေကိုလည်း လုံလုံလောက်လောက် ရှရှိနိုင်မှာ ဖြစ်ပါတယ်။

  • ငါးအသားလိုပဲ ငါးအရေခွံဟာလည်း ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် ကြွက်သားတွေ၊ တစ်ရှုးတွေ တည်ဆောက်ဖို့ အကူညီပေးပါတယ်။
  • ခုခံအား စနစ်ကို ပိုကောင်းမွန်စေပါတယ်။
  • ဒါ့အပြင် ငါးတွေမှာ အဖိုးတန် omega 3 fatty acids ပါဝင်တာကြောင့် သွေးတွင်းအဆီဓာတ်တွေကို လျှော့ချပေးနိုင်ခြင်း၊ နှလုံးကို ကာကွယ်နိုင်ခြင်း၊ ဦးနှောက် နဲ့ အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ခြင်း နဲ့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်နေစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။
  • Omega 3 fatty acid ဟာ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်လည်း ကျန်းမာအောင် ကူညီပေးပါတယ်။
  • ဗီတာမင် E ပါဝင်တာကြောင့် အရေပြားကို ရေဓာတ်ဖြည့်ပေးခြင်း၊ တင်းရင်းစေခြင်း၊ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေနဲ့ အရေပြားကျန်းမာရေးကို ကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ နေလောင်ခြင်းကြောင့် ဖြစ်တတ်တဲ့ အရေပြားပြသနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ငါးအရေခွံကို ဖယ်ရှားပြီးမှ ချက်ပြုတ်စားသောက်မယ်ဆိုရင် ငါးအရေခွံကနေ ရနိုင်တဲ့ ဖော်ပြပါ ကောင်းကျိုးတွေအပြင် ငါးအရေခွံအောက်နားက အလွှာလေးတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း ဆုံးရှုံးသွားနိုင်တဲ့အတွက် ငါးအရေခွံကိုလည်း ထည့်သွင်းစားသုံးပေးဖို့ အကြံပေးချင်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/fish-skin

https://www.mayoclinic.org/diseases-conditions/heart-disease/in-depth/omega-3/art-20045614

ယခုပုံစံ

18/10/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement