brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝိတ်ကျစေမယ့် မနက်စာ

ဝိတ်ကျချင်လို့ဆိုပြီး မနက်စား မစားဘဲနေနေပြီလား။ ဒါဆိုရင်တော့ မနက်စာကို စားဖြစ်အောင် စားဖို့ ပြောပါရစေ။ ဝိတ်ကျချင်တယ်ဆိုရင် မနက်စာကို သေချာလေးစားဖို့ လိုအပ်ပါမယ်။

ဝိတ်ကျစေမယ့် မနက်စာ

မနက်စာကို ပြည့်ဝမျှတအောင် စားသုံးပေးတာက ကိုယ်အလေးချိန် ထိန်းညှိရာမှာ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ ဝိတ်လည်းကျ အဆာလည်း မခံရအောင် မနက်စာကို ဘာတွေ စားရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။

ဝိတ်ကျစေမယ့် မနက်စာ

မနက်စာကို ပြည့်ဝမှန်ကန်အောင် စားသုံးတာက တစ်နေ့တာမှာ မလိုအပ်ဘဲ အစားမစားမိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါသတဲ့။ ဒီတော့ ဗိုက်လည်းဝ ဝိတ်လည်း ကျစေဖို့ မနက်စာကို ဒါလေးတွေ စားပေးနော်။ ဝိတ်ကျစေမယ့် မနက်စာ တွေက ဘာတွေများလဲ။

Raspberries

Raspberries တစ်ခွက်စာမှာ အမျှင်ဓာတ် ၈ ဂရမ်အထိ ပါဝင်နေပါတယ်။ ဒီ ပမာဏက စတော်ဘယ်ရီ တစ်ခွက်စာမှာ ပါဝင်နေတဲ့ အမျှင်ဓာတ် ပမာဏထက် ထက်ဝက် ပိုများနေပါတယ်။ ဒါ​ကြောင့် အမျှင်ဓာတ် လုံလောက်စွာ ရရှိပြီး အဆာခံနိုင်စေဖို့ Raspberries လေး စားပေးပါ။ ဖျော်သောက်လို့လည်း ရပါတယ်။

Oatmeal

အမျှင်ဓာတ် ပြည့်ဝတဲ့ Oatmeal က အဆာခံနိုင်စေပြီး ဝိတ်ကျ စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာမျိုး မဖြစ်စေဘဲ အဆီ လောင်ကျွမ်းစေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်ညှိပေးနိုင်တဲ့ ထိပ်တန်း အစားအစာ တစ်မျိုးပါ။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်က ကျန်းမာရေး အတွက်ကောင်းသလို ဝိတ်လည်း ကျစေပါတယ်။

ပရိုတင်း ပြည့်ဝမှုက အဆာခံနိုင်စေပြီး အင်အားပြည့်စေဖို့အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ ကိုယ်အလေးချိန်လည်းကျ အာဟာရလည်း မလျော့ကျတဲ့ အစားအစားအစာမျိုးပါ။

ကိုယ်အလေးချိန် ကျချင်တယ် ကြွက်သားတွေ မလျော့ရဲချင်ဘူးဆိုတဲ့သူတိုင်း သောက်ပေးသင့်ပါတယ်။ သကြားတော့ မထည့်ပါနဲ့။ သစ်သီးလေးတွေနဲ့ တွဲစားပေးပါ။

မြေပဲထောပတ်ကို ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကျန်းမာတဲ့ အဆီ၊ အမျှင်ဓာတ်နဲ့ ပရိုတင်းတို့ကို ပြည့်ဝစွာ ရရှိစေမှာပါ။ မနက်ခင်းကို ဂျုံကြမ်းပေါင်မုန့်မှာ မြေပဲထောပတ် သုတ်ပြီး စားပေးတာက အာဟာရလည်း ပြည့်၊ ဗိုက်လည်း ဝပြီး ကိုယ်အလေးချိန်ပါ ကျစေမှာပါ။

ကြက်ဥ အရွယ်တော် တစ်လုံးမှာ ပရိုတင်း ၆ ဂရမ်၊ ကယ်လ်လိုရီ ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ် နဲ့ အဆီတွေထက် ပရိုတင်းက ပိုပြီး အဆာခံနိုင်စေပါတယ်။

မနက်ခင်းမှာ ကြက်ဥစားပေးတာက တစ်နေ့တာမှာ မလိုအပ်ဘဲ အစားတွေ မစားမိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါတယ်။ ကြက်ဥအနှစ်မှာက ကယ်လ်ဆီယမ် နဲ့ အမြင်အာရုံကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ မနက်ခင်းမှာ ကြက်ဥ စားတာက ဝိတ်လည်း ကျစေပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေမှာပါ။

ဝိတ်ချချင်တယ်ဆိုရင် မနက်ခင်းတိုင်းမှာ ကြက်ဥ တစ်လုံး ပုံမှန်စားပေးပါ။

ဒီ အစားအစာလေးတွေကို မနက်ခင်း စားရင်း ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါ။ ဝိတ်ချမယ်ဆိုပြီး မနက်စာ အလွတ်မခံနဲ့တော့နော်။ ဝိတ်ကျစေမယ့် မနက်စာ လေးတွေ ပြင်ဆင် စားသုံးလိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။