backup og meta

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။

ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့

  • လမ်းလျှောက်တာ
  • ပြေးတာ
  • Gym ဆော့တာ
  • Zumba ကတာ
  • စက်ဘီးစီးတာတွေထဲက ကိုယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းကို ကိုယ်တိုင် ရွေးချယ် လုပ်ဆောင်လို့ ရပါတယ်။

အစားအသောက်ကိုတော့ ကိုယ်အလေးချိန် ကျအောင်ဆိုပြီး လုံးဝမစားဘဲနေတာမျိုးက ရေရှည်မှာ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတပြီး ကျန်းမာရေး နဲ့ ညီညွတ်အောင် စားဖို့ လိုပါမယ်။

ဒီလို ကျန်းမာရေးနဲ့လည်း ညီညွတ် သင့်တင့်တဲ့ပမာဏလည်းဖြစ်၊ အဆီလည်း မတက်ဘဲ ကြွက်သားတက်ပြီး အဆာခံနိုင်စေဖို့ စားပေးတဲ့အခါ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်သွင်းစားပေးလို့ရတဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်သလို ဘယ်လိုစားစား အရသာရှိလှတဲ့ အာလူးလေးပါ။

ကျန်းမာတဲ့ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင် တစ်ခု ရှိပါတယ်။ ဒါကတော့ အာလူးလေးပါ။ ကိုယ်အလေးချိန် ထိန်းတဲ့အခါ ထမင်း အပါအဝင် အချို့သော အစားအစာ တော်တော်များများကို လျှော့စားရပါတယ်။ ဒီလို လျှော့စားရတာကြောင့် အာဟာရလိုအပ်ချက် ဖြစ်သွားတာမျိုး မဖြစ်စေဖို့ဆိုရင် အာလူးကို ပေါင်းပြီးတော့ဖြစ်ဖြစ် ပြုတ်ပြီးတော့ဖြစ်ဖြစ် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားပေးလို့ ရပါတယ်။

ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ အခွံပါ အာလူး အရွယ်ခပ်လတ်လတ် တစ်လုံးမှာ ကယ်လ်လိုရီက ၁၁၀ ပါဝင်ပါတယ်။ ဒီကယ်လ်လိုရီ ပမာဏက ကိုယ်အလေးချိန် ထိန်းချင်သူတွေအတွက် သင့်တော်တဲ့ ကယ်လ်လိုရီ ပမာဏပါ။

နောက်တစ်ချက်က အာလူးမှာ အရိုးနဲ့ ကြွက်သားတွေ သန်မာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ ပရိုတင်း ပါဝင်နေတာပါ။ ဒါ့ပြင် ဦးနှောက်နဲ့ ကြွက်သားတွေ လှုပ်ရှားနိုင်စေဖို့ အင်အားထောက်ပံ့ပေးတဲ့ အရင်းအမြစ်ဖြစ်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အရေးပါတဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာပါ။

ဗီတာမင် C နဲ့ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ခံအား ကောင်းစေပြီး ဝိတ်ကျသွားချိန်မှာတောင် အသားအရေ ကျန်းမာလှပနေစေဖို့ ထောက်ကူပေးနိုင်တာပါ။

နောက်ထပ် အာဟာရဓာတ် တစ်မျိုးကတော့ ကြွက်သားစနစ်၊ နှလုံးသွေးကြောစနစ် နဲ့ အာရုံကြောစနစ်တွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ အရေးပါတဲ့ electrolyte တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ် ပါဝင်နေတာပါ။ အာလူးရဲ့ ပိုတက်ဆီယမ်ပါဝင်မှုက ငှက်ပျောသီးထက်တောင် ပိုများပါတယ်။

နောက်ဆုံးတစ်ချက် အနေနဲ့  အာလူးစားပြီး ဝိတ်ချရတာရဲ့ အားသာချက်တစ်ခုကတော့ အာလူးမှာ ကိုယ်အလေးချိန်ကို တက်စေနိုင်တဲ့ အဆီဓာတ် ပါဝင်မှုက 0 % နဲ့  ကိုလက်စရောပါဝင်မှု 0 % ဖြစ်နေတာပါပဲ။

ကျန်းမာတက်ကြွစွာနဲ့ ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှု plan ထဲမှာ အာလူးကို ထည့်ပြီး စားသုံးပေးပါ။ weight loss diet ထဲမှာ အာလူးကို ထည့်သွင်းစားသုံးတာက ကျန်းကျန်းမာမာနဲ့ ဝိတ်ချနိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါ။

ဒီတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ အာလူးနဲ့ အဆီမပါတဲ့ အသား၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ရေတို့ကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ အကြံပြုပါရစေ။ အာလူးကို ကြော်စားတာ၊ ဆီပြန်ချက်စားတာ၊ ချိစ်နဲ့ တို့စားတာမျိုးတော့ မလုပ်မိစေနဲ့ပေါ့။

အာလူးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ

အာလူးမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့
  • ကယ်လ်လိုရီ
  • ပရိုတင်း
  • ပိုတက်ဆီယမ်
  • ဗီတာမင် C
  • ဗီတာမင် B6 တို့ပါဝင်နေပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Potatoes Can Help You Lose Weight — Unless You’re Making These 4 Mistakes https://www.livestrong.com/article/457522-are-potatoes-good-for-weight-loss/ Accessed Date 1 June 2022

What You Should Know About the Potato Diet https://www.menshealth.com/weight-loss/a19536403/can-the-potato-diet-help-you-lose-weight-safely/ Accessed Date 1 June 2022

Are Potatoes Really Healthy? https://www.womenshealthmag.com/weight-loss/a19977416/potatoes-for-weight-loss/ Accessed Date 1 June 2022

Potato Nutrition Facts and Health Benefits https://www.verywellfit.com/are-potatoes-good-for-you-2506382 Accessed Date 1 June 2022

Are Potatoes Healthy? Here’s What a Nutritionist Says https://www.health.com/nutrition/are-potatoes-healthy Accessed Date 1 June 2022

ယခုပုံစံ

23/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အလုပ်လုပ်နေရင်းနဲ့လည်း ကိုယ်အလေးချိန် ထိန်းသိမ်းကြမယ်

အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement