ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ နေရာ မှာ အလွန် အသုံးဝင်ပါတယ်။ စားတဲ့ တစ်လုတ်စာကလည်း ပုံမှန်စားနေကျ တစ်လုတ်စာပဲ ထည့်စားတတ်ဖို့ လိုပါတယ်။ တစ်လုတ်စားပြီးတိုင်း ဇွန်း၊ခက်ရင်း ကို တစ်ခါချပြီး သေချာကြေညက်အောင် ဝါးစားပေးတာလည်း ဝိတ်ချတဲ့ နေရာမှာ အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါ။
(၃) ထမင်း မစားခင် ဟင်းချို တစ်ခွက် အရင်သောက်ပေးတဲ့ နည်းလမ်းကလည်း စားရမယ့်အစာပမာဏကို သုံးပုံတစ်ပုံလောက် အထိ လျှော့ချပေးနိုင်ပါတယ်။ ဟင်းချိုသောက်ပြီးရင် အရွက်ကြော်တစ်ခုခုကို နှစ်ဇွန်း၊သုံးဇွန်း အရင်စားပါ။ ပြီးရင် အသားစစားပြီး နောက်ဆုံးမှာ ထမင်းကိုစားပါ။ ဒါဆိုရင် ကယ်လ်လိုရီ အများဆုံး ဖြစ်တဲ့ ထမင်းကိုစားတာလည်း အလိုအလျောက်နည်းသွားပါတယ်။
(၄) အသားစားတော့ မယ် ဆိုရင် လတ်လတ်ဆတ်ဆတ်မဟုတ်ဘဲ ပြုပြင်ထားတဲ့ အသားချောင်း၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အသားလုံးစတာတွေ ကတော့ ရှောင်သင့်ပါတယ်။ ထိုအသားချောင်း အသားလုံးတွေမှာ တိရစ္ဆာန်ကရတဲ့အဆီပါဝင်မှုများတဲ့အပြင် ဆားပါဝင်မှုများတဲ့အတွက် ကျန်းမာရေးအတွက် မသင့်တော်ပါ။ ကယ်လိုရီပါဝင်မှုများလို့ ဝိတ်တက်စေတဲ့အပြင် ဆားပါဝင်မှုများတဲ့အတွက် သွေးတိုးနှင့်အခြား ဆက်စပ်ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားစားမယ်ဆိုရင် လတ်လတ်ဆတ်ဆတ် အသား၊ငါးကို ရွေးစားဖို့လိုတဲ့အပြင် အသားစားရင်လည်း ဆီပါဝင်မှုနည်းအောင် အရေခွံ၊ကလီစာ သုံးထပ်သား အခေါက် စတာတွေ ကို လုံးဝရှောင်ဖို့လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။