backup og meta

ရေသောက်ပြီး ဝိတ်လျှော့ကြမယ်

ရေသောက်ပြီး ဝိတ်လျှော့ကြမယ်

ရေသောက်ပြီး ဝိတ်လျှော့ကြမယ်

ဝိတ်ချနေကြတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတို့ရေ…ဝိတ်ချနေပေမယ့် ဝိတ်မကျဘူးဖြစ်နေလား။ အစားတွေလည်းလျှော့၊ လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ထင်သလောက်ဝိတ်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ကိုယ်ရဲ့ဝိတ်ချတဲ့နည်းက တစ်ခုခုမှားနေပြီဆိုတာ သေချာနေပြီနော်။ ဝိတ်လျှော့နေတဲ့သူတွေ အများဆုံးမှားလေ့ရှိတဲ့အမှားကတော့ ရေလုံလောက်စွာမသောက်ခြင်းပဲဖြစ်ပါတယ်။ ရေကအမြဲသောက်နေတာပဲ၊ ဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့။

ရေဆိုတာက အဆီချဝိတ်လျှော့တဲ့နေရာ၊ အသားအရေလှစေတဲ့နေရာ သဘာဝတရားက လက်ဆောင်ပေးတဲ့ လက်နက်ပုန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကယ်လ်လိုရီမပါ၊ သကြားမပါ၊ အဆီတက်စေတဲ့ဓာတ်တွေမပါတဲ့ တစ်ခုတည်းသော အရည်ဖြစ်မို့လို့ပါ။ ဒါကြောင့်မို့လို့ ရေသောက်ပြီး ဝိတ်ချဖို့အတွက် တစ်နေ့ကို ရေများများသောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့လျှို့ဝှက်ချက်တွေ မျှဝေပေးပါရစေနော်။

ရေသောက်ပြီး ဝိတ်လျှော့ကြမယ်

ရေသောက်ပြီး ဝိတ်လျှော့ကြမယ် ဆိုရင် ပထမဆုံးအနေနဲ့ ရေသောက်ဖို့အတွက် ကိုယ်ရေဆာတဲ့အချိန်ကို စောင့်စရာမလိုပါဘူး။ သဘာဝအတိုင်းရေဆာဖို့ဆိုတာ နွေရာသီကလွဲရင် ကျန်တဲ့ရာသီဥတုတွေမှာ ရေဆာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။

ဘယ်သွားသွား ရေဘူးဆောင်ပါ။

ရေသောက်ပြီး ဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။ အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး ရေဘူးကိုမြင်တိုင်း ရေသောက်ဖို့သတိရမှာပေါ့နော်။

ရေအစားထိုး ရေနွေးကြမ်းသောက်ပါ။

ရေကိုသောက်နေကျမဟုတ်ရင် မသောက်ချင်တော့ဘဲနဲ့ မုန်းနေတာမျိုးတွေ၊ ရေသောက်လိုက်တိုင်း ပျို့အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်။ ဒါဆိုရင်တော့ ရေအစားထိုး သစ်သီးဖျော်ရည်တွေ၊ လီမွန်တီး (ခေါ်) သံပုရာရေနွေးကြမ်း လိုမျိုးသောက်လို့ရပါတယ်။ ဒီလိုသောက်တဲ့အခါမှာလည်း ကယ်လိုရီမပါတဲ့ သဘာဝဖျော်ရည်မျိုးကို ဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။

ရေဆာတိုင်း ရေသောက်ပါ။

တစ်ခါတစ်လေကျရင် “ရေဆာလိုက်တာ…ရေဆာပြေ အအေးလေးသောက်လိုက်ဦးမယ်” ဆိုတာမျိုးတွေးဖူး၊ ဖြစ်ဖူးလား။ အဲ့လိုအချိန်မှာ အအေးမသောက်ပါနဲ့နော်။ ရေဆာတဲ့အချိန်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ သကြားဓာတ်တွေ၊ ကယ်လ်လိုရီတွေဝင်သွားမှာစိုးလို့ပါ။

Alarm ပေးထားပါ။

သင်တို့ကိုယ်တိုင် ရေသောက်ဖို့ သတိမရဘူးဆိုရင်တောင် သင့်ဖုန်းက သတိရနေမှာပါနော်။ သင်တို့ရဲ့ဖုန်းကို ၂ နာရီတစ်ခါ alarm ပေးလိုက်မယ်ဆိုရင် သင့်ကို ရေ၈ခွက်ထက်မနည်းသောက်သုံးဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ နောက်ဆိုရင် alarm မြည်အောင်စောင့်စရာမလိုပဲနဲ့ ရေသောက်တတ်တဲ့အကျင့်က စွဲသွားပါလိမ့်မယ်နော်။

အစားအစာနဲ့ ရေဓာတ်ဖြည့်ပါ။

ရေမသောက်ချင်ဘူးဆိုရင် တခြားရွေးချယ်စရာတွေရှိပါသေးတယ်။ အဲ့ဒါကတော့ ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ စားသုံးပေးဖို့ပါပဲ။ ဥပမာ ဖရဲသီးလို အသီးအနှံမျိုးတွေစားသုံးပေးရင် ရေဓာတ်ပြည့်ဝစေပါတယ်။

ထမင်းမစားခင် ရေသောက်ပါ။

အစားမစားခင် ရေသောက်လိုက်လို့ ဗိုက်ပြည့်တယ်ဆိုတဲ့ အသိစိတ်က သင့်ကို အစားစားချင်စိတ်ကို လျော့နည်းစေတဲ့အပြင် ကယ်လ်လိုရီအများကြီးမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားမစားခင်အချိန်ရယ်၊ အစားစားနေစဉ်အချိန်၊ အစာစားပြီးအချိန်မှာရေသောက်ပေးတာက အစာခြေစနစ်ကို အထောက်အကူပေးတဲ့အပြင် အစားအစာမှာပါတဲ့အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူပေးပါတယ်။

အားကစားလုပ်နေချိန်၊ ရာသီဥတုပူနေချိန်မှာ ရေပိုသောက်ပါ။

ပြင်းထန်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန်၊ အပြင်သွားလို့ ရာသီဥတုပူနေတဲ့အချိန်မှာ ရေကိုပိုသောက်ပေးသင့်ပါတယ်။ အားကစားပြုလုပ်နေချိန်မှာ ရေသောက်ရတဲ့ အခြေခံစည်းမျဉ်းရှိပါတယ်။ အဲ့တာကတော့ ရေ ၂၅၀ မီလီလီတာကို မိနစ်၂၀ တိုင်း ၁ခါသောက်သုံးပေးရတာမျိုးပါ။ ဒါပေမယ့် အရမ်းမောနေချိန်မှာတော့ ရေကို မသောက်သင့်ပါဘူး။ အမောပြေမှသာ ရေသောက်ဖို့ တိုက်တွန်းချင်ပါတယ်။

Detox water သောက်ပါ။

ယခု ဝိတ်လျှော့တဲ့သူတွေကြားထဲမှာ နာမည်ကြီးလာတာကတော့ Detox water ပဲဖြစ်ပါတယ်။ Detox water ဆိုတာကတော့ အသီးတွေ၊ အရွက်တွေကို ကြိတ်ခြေထားတဲ့ ဖျော်ရည်တွေပဲ ဖြစ်ပါတယ်။ ဒီအရည်တွေကို ထမင်းအစားထိုး သောက်ကြတာမျိုးပါ။ ဒါကလည်း ရက်တိုနဲ့ တစ်လကို ၁−၂ကြိမ်လုပ်ပေးနိုင်ပါတယ်။ ရောဂါအခံရှိရင်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ကိုယ့်ရဲ့ ဆီးအရောင်ကို သတိထားကြည့်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ ဆီးအရောင်ကို သတိထားကြည့်ပေးပါ။ ဆီးအဝါရင့်ရောင်ဆိုရင်တော့ ရေသောက်ဖို့လိုနေပါသေးတယ်။ ဆီးအဝါဖျော့ရောင်ဆိုရင်တော့ ရေကို ပြည့်ပြည့်ဝဝသောက်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါဆိုရင်တော့ အပေါ်ကအချက်လေးတွေကိုဖတ်ကြည့်ပြီး ခန္ဓာကိုယ်ပိန်သွယ်ပြီး လှချင်တဲ့ကိုကို မမတွေအတွက် ရေသောက်ပြီး ဘယ်လိုပိန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုဖတ်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ဝိတ်လျှော့တဲ့အခါမှာလည်း အလွန်အကျွံမလျှော့ကြဖို့နဲ့ အစာအာဟာရလုံလောက်စွာစားသုံးပေးဖို့လည်း သတိပြုစေချင်ပါတယ်နော်။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Ways To Lose Weight By Drinking More Water With Your Diethttps://www.medicaldaily.com/7-ways-lose-weight-drinking-more-water-your-diet-247471 Accessed Date 29 March 2019

3-Day Water Diet Informationhttps://www.livestrong.com/article/315981-3-day-water-diet-information/ Accesssed Date 29 March 2019

Water Fasting: Benefits and Dangershttps://www.healthline.com/nutrition/water-fasting Accessed Date 29 March 2019

ယခုပုံစံ

13/03/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝိတ်ချခြင်းနဲ့ ပက်သက်ပြီးတော့ မှားနေတဲ့ အယူအဆလေးတွေ။

အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်ပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement