backup og meta

ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။

ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။

ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့နဲ့ တွဲစားလေ့ရှိတဲ့ မုန်ညှင်း၊ ကိုက်လန်၊ မုန်လာဥနီ၊ ဂျူးမြစ်၊ ကြွက်နားရွက်မှို၊ ကြက်သွန်ဥတို့နဲ့အတူ တကြွပ်ကြွပ် ဝါးစားလို့ကောင်းတဲ့ ပဲပိုးတီလေးတွေကို စားဖူးကြမယ် ထင်ပါတယ်။ ပဲပိုးတီ မပါတဲ့ အချဉ်တွေ ရှိသလို ပဲပိုးတီကို ကြိုက်လွန်းလို့ ပဲပိုးတီ ပါတဲ့ အချဉ်ကို ရွေးစားတဲ့သူတွေလည်း ရှိမယ် ထင်ပါတယ်။

ဒီတစ်ခေါက်တော့ တကြွပ်ကြွပ်နဲ့ ဝါးစားလို့ ကောင်းတဲ့ ပဲပိုးတီလေးတွေက စားကောင်းရုံပဲလား။ ကျန်းမာရေးကိုရော ထောက်ကူပေးသလားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

ပဲပိုးတီ ဆိုတာ

ပဲပိုးတီကို အစိမ်းလိုက်ထက် ရှမ်းချဉ်တွေထဲမှာပဲ တွေးဖူးကြတာ များမယ် ထင်ပါတယ်။ တကယ်ကတော့ ပဲပိုးတီက အသီးလေးတွေ မဟုတ်သလို အစေ့လည်း မဟုတ်ပါဘူး။

အရွက် အစိမ်းရောင် အပင် ခပ်ရွယ်ရွယ်လေးတွေရဲ့ မြေအောက်ထဲမှာ နစ်နေတဲ့ ဥလေးတွေပါ။ ကန်စွန်းဥတို့ အာလူးတို့လို မြေထဲက အမြစ်ဥလေးတွေပေါ့။ အဖြူရောင်၊ နို့နှစ်ရောင်လေး ရှိပြီး အရည်ရွှမ်းပါတယ်။ ချိုတဲ့ အရသာရှိပြီး စားရတာ အရသာရှိလှပါတယ်။

ချက်စားလို့ရပေမယ့် များသောအားဖြင့်ကတော့ အချဉ်စိမ်ကြတာ များပါတယ်။ တရုတ်မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ပါတယ်။

ပဲပိုးတီမှာ ပါတဲ့ အာဟာရ

အရသာရှိတဲ့ ပဲပိုးတီလေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • ပရိုတင်းဓာတ်
  • အဆီဓာတ်
  • သံဓာတ်
  • မဂ္ဂနိ့
  • Copper
  • ကယ်လ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • ဖော့စဖရိတ်
  • ပိုတက်ဆီယမ်
  • ဆီလီနီယမ်
  • ဇင့်
  • ဖောလိတ်
  • ဗီတာမင် B3
  • ဗီတာမင် B5
  • ဗီတာမင် B2
  • ဗီတာမင် B1
  • ဗီတာမင် A
  • ဗီတာမင် C
  • ဗီတာမင် B6
  • ဗီတာမင် E
  • ဗီတာမင် K
  • Choline
  • Betaine တို့ ပါဝင်နေပါတယ်။

ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။

ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။

ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။ ဆိုတော့ မဟုတ်ပါဘူး။ အခုလိုလေး ဆေးဖက်ဝင်ပါသေးတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်။

ပရိုတင်း ပါဝင်နေတာကြောင့် အရိုးနဲ့ ကြွက်သားတွေကို သန်မာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် C ကလည်း ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်။

အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းမချုပ်စေဖို့ ကာကွယ်ပေးသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်ပါတယ်။ အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှု ကောင်းစေပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အရိုးနဲ့သွားတွေ သန်မာစေတယ်။

ပဲပိုးတီမှာ အရိုးနဲ့သွားတွေ ကြံ့ခိုင်သန်မာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် ဖြစ်တဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးနဲ့ သွားတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်။

ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းမွန်စေနိုင်ပါတယ်။ သွေးမတိုးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားကောင်းစေနိုင်တယ်။

သံဓာတ် ပါဝင်နေတာကြောင့် သွေးအားနည်းတာမျိုး သံဓာတ်ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေ ကျန်းမာစေနိုင်တယ်။

ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကလည်း အရေပြားကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံး ကျန်းမာစေနိုင်တယ်။

ပဲပိုးတီမှာ ဗီတာမင် A ပါဝင်နေတာကြောင့် မျက်လုံးနဲ့ အမြင်အာရုံကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။

ပဲပိုးတီက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်

  • အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ
  • ကိုယ်ဝန်ဆောင်တွေ
  • နို့တိုက်မိခင်တွေ
  • ရောဂါအခံရှိသူတွေ
  • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။ ပမာဏများများ စားခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။

ကဲ ……. တကြွပ်ကြွပ်နဲ့ ဝါးလို့ကောင်းတဲ့ ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲ ဆိုတာထက် ပိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chinese Artichokes https://herbsarespecial.com.au/plant-information/herb-information/chinese-artichokes/ Accessed Date 7 March 2022

ယခုပုံစံ

29/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပဲနီလေး စားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ပဲပိစပ်ကနေရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement