backup og meta

ထမင်းကြမ်း အပါအဝင် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုး

မီးဖိုချောင်မှာ မကုန်သင့်တာ မကုန်အောင်၊ အလဟဿမဖြစ်အောင်၊ အလေအလွင့်နည်းအောင် စီမံနိုင်ရင် အိမ်ထောင်ရှင်မ ပီသတယ်လို့ ချီးကျူးကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စီမံကွပ်ကဲမှုအောက်က အစားအသောက်တွေက ဘေးကင်းဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ကိုယ့်မိသားစုကို အဆိပ်တွေကျွေးနေသလို ဖြစ်နေပါလိမ့်မယ်။ နှမျောသင့်တာ နှမျောပါ။ ဒါပေမယ့် ကျန်းမာရေးအသိတော့ ရှိထားဖို့အရေးကြီးပါတယ်။

ထမင်းကြမ်း အပါအဝင် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုး

ဒီလိုပြောလို့ ကျန်သမျှ အစားအသောက်တွေကို နေ့မကူးစေဘဲ လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ အရင်နေ့ကကျန်တဲ့ ဘယ်အစားအစာကိုမဆို မသိုးရင်စားလို့ရတယ်၊ပြန်နွှေးလိုက်ရင် ပိုးသေတာပဲ ဘာမှမဖြစ်ဘူး ဆိုတဲ့အတွေးကို အမြဲမတွေးစေချင်တာပါ။ပြန်နွှေးစားလို့ရတဲ့ အစားအစာ၊ ပြန်မနွှေးသင့်တဲ့အစားအစာဆိုတာရှိပါတယ်။

ဘယ်အစားအစာတွေကို ပြန်နွှေးစားဖို့ မသင့်တာလဲ

ကြောင်အိမ်ထဲပဲ သိမ်းထားထား၊ ရေခဲသေတ္တာထဲပဲ ထည့်ထည့် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

(၁) နိုက်ထရိတ်ပါဝင်မှုများတဲ့ အသီးအရွက်တွေ

ဟင်းနုနွယ် ဒါမှမဟုတ် အစိမ်းရောင် အသီးအရွက်တွေ၊ မုန်လာဥနီ၊ တရုတ်နံနံ စတာတွေကိုပြန်နွှေးမစားသင့်ပါဘူး။ နိုက်ထရိတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကိုနောက်တစ်ကြိမ် အပူပြန်ပေးတဲ့အခါ အဆိပ်အတောက်အဖြစ် ပြောင်းလဲစေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိတွေဖြစ်လာစေနိုင်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ကို ပြန်နွှေးလိုက်တဲ့အခါ သူ့မှာပါတဲ့သံဓါတ်ကို ဓါတ်တိုးစေနိုင်တယ်။ သံဓါတ်ကို ဓါတ်တိုးခြင်းဖြစ်စေတဲ့အခါ အန္တရာယ်ရှိတဲ့ free radicalsတွေကိုဖြစ်လာစေပြီး ကလေးမရနိုင်ခြင်း၊ ကင်ဆာရောဂါ စတာတွေအထိ ဦးတည်စေနိုင်ပါတယ်။

(၂) ထမင်း

ဒီစာရင်းမှာ ထမင်းလည်းပါတယ်ဆိုလို့ မအံ့သြသွားပါနဲ့။ ထမင်းကြမ်း ပြန်နွှေးစားရင်းက အစာအဆိပ်သင့်စေနိုင်တယ်လို့ အစားအစာဘေးကင်းရေးပညာရှင်တွေက သတိပေးထားပါတယ်။ Bacillus cereus လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပါတယ်။ အပူပေးလိုက်ရင် ဒီဘက်တီးရီးယားကို သေစေနိုင်ပေမယ့် အစာအဆိပ်သင့်စေနိုင်တဲ့ ပိုးမှုန်တွေကို ချန်ရစ်ခဲ့နိုင်ပါတယ်။ ထမင်းကိုပြန်အပူပေးပြီး အခန်းအပူချိန်မှာထားလိုက်တာနဲ့ ပိုးတွေက ပွားလာပြီး အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။

(၃) ကြက်ဥ၊ ဘဲဥ

ကြက်ဥ၊ဘဲဥကို ပရိုတင်းကြွယ်ဝတဲ့ အာဟာရအရင်းအမြစ်တွေအဖြစ် အားထားကြပါတယ်။ ဒါပေမယ့်ပြုတ်ပြီးသား သို့မဟုတ် ချက်ပြီးသား ကြက်ဥ၊ဘဲဥကို ခဏခဏ ပြန်နွှေးရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါ့ကြောင့် ချက်ပြီး၊ပြုတ်ပြီးရင် အကြာကြီးမထားပါနဲ့။ ပြန်မနွှေးပါနဲ့။ ပရိုတင်းများတဲ့အစားအစာမှာ နိုက်ထရိုဂျင်တွေများတာကြောင့် ကျန်နေရင် မနွှေးဘဲ အအေးသာစားလိုက်ပါ။

(၄) ကြက်သား

ကြက်သားဟင်းတွေ ကျန်နေရင် သိမ်းထားကြမှာပဲ။ ပြန်နွှေးစားမယ်ပေါ့။ နှမျောတာနဲ့နွှေးစားလိုက်၊ မကုန်လိုက်ရေခဲသေတ္တာထဲပြန်သိမ်းလိုက်၊ နောက်နေ့ ပြန်နွှေးစားလိုက်။ ဒါပေမယ့် ရေခဲသေတ္တာထဲက ထုတ်လိုက်တဲအချိန်မှာ သူ့မှာပါတဲ့ ပရိုတင်းကပြောင်းလဲသွားပါလိမ့်မယ်။ ဒါကိုစားမိတဲ့အခါ အစာခြေစနစ်မှာပြဿနာပေါ်လာနိုင်ပါတယ်။

(၅) အာလူး

အာလူးမှာ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ ဗီတာမင် C ကြွယ်ဝတယ်ဆိုပေမယ့် အခါခါပြန်နွှေးပြီးစားရင် အစာအဆိပ်သင့်စေနိုင်တဲ့ Clostridium botulinum ဘက်တီးရီးယားကိုဖြစ်လာစေနိုင်ပါတယ်။ အခန်းအပူချိန်မှာ ထားရင်တောင် ပိုးကပေါက်စေတာမို့ ဖြစ်နိုင်ရင် ရေခဲသေတ္တာထဲထည့်ထားပါ၊ ပြန်မနွှေးပါနဲ့။ ၁ရက်၂ရက်အတွင်း မစားနိုင်ရင် လွှင့်ပစ်ပါ။

(၆) မှို

မှိုကတော့ ချက်ပြီးတာနဲ့ အကုန်စားပစ်သင့်တဲ့အရာပါ။ ကျန်နေရင်ကို သိမ်းမထားသင့်ပါဘူး။ မှိုမှာ ပရိုတင်းကြွယ်ဝပြီး သတ္တုဓါတ်တွေများကြီးပါတာမို့ ပြန်နွှေးလိုက်ရင် ပရိုတင်းတွေပျက်စီးစေနိုင်တဲ့အပြင် အစာခြေစနစ်မှာပါ ထိခိုက်စေနိုင်ပါတယ်။ ပြန်နွှေးလိုက်ရင် ဓါတ်တိုးပြီး နိုက်ထရိုဂျင်နဲ့ free radicalsတွေပါဝင်တဲ့ အဆိပ်အတောက်တွေထွက်ရှိစေနိုင်ပါတယ်။

အစားအသောက်တွေကို သိမ်းဆည်းစီမံတဲ့အလုပ်က ချက်တာပြုတ်တာထက်ကို ပိုအရေးကြီးပါတယ်။ အစားအသောက်ဘေးကင်းရေးဟာ အိမ်ရှင်မတွေ မဖြစ်မနေဂရုစိုက်ရမယ့်အပိုင်းဖြစ်လို့ ကိုယ့်မိသားစုရဲ့ကျန်းမာရေး ကိုယ့်လက်ထဲမှာရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.womansday.com/food-recipes/cooking-tips/a51830/youll-be-shocked-to-hear-why-you-shouldnt-reheat-these-common-foods/

Accessed Jan 28, 2019.

https://www.myrecipes.com/healthy-diet/foods-leftovers-not-safe-reheat-poison

Accessed Jan 28, 2019.

https://food.ndtv.com/food-drinks/7-foods-that-you-must-stop-reheating-right-away-1720284

Accessed Jan 28, 2019.

ယခုပုံစံ

12/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရက်နာကျနေတဲ့ မနက်ခင်းမှာ စားသင့်တဲ့အစားအစာများ

အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement