backup og meta

မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့

ရောဂါတွေ အမျိုးမျိုး ဖြစ်ပွားနေချိန်မှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ဖို့က အရေးအကြီးဆုံးပါ။ ဒီတော့ ကိုယ်ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့ နဲ့ ကျန်းမာစေဖို့ ဘာတွေများ ပြင်ဆင်ပေးရမလဲလို့ ခေါင်းခြောက်နေပြီလား။

မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့

ဒါဆိုရင်တော့ ချစ်ခင်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ပြည့်ဝစေဖို့ ဘာတွေပြင်ဆင်ပေးရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား………..

မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ ပြင်ဆင်ပေးမလဲ…………..

ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအား ကောင်းစေဖို့အတွက် နေ့စဉ် ပြင်ဆင်ပေးရတဲ့ အစားအသောက်တွေထဲမှာ ဒါလေးတွေ ပါအောင် ပြင်ဆင်ပေးပါ။

ဟင်းနုနွယ်

ဟင်းနုနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ Beta carotene၊ ဗီတာမင် A၊ ဗီတာမင် C၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဖောလိတ်နဲ့ အခြားသော အာဟာရဓာတ်တွေပါဝင်နေပါတယ်။

နေ့စဉ် ဟင်းနုနွယ်ကို စားသုံးပေးတာက မျက်လုံးတွေကို နေရောင်ဒဏ်ကနေ ကာကွယ်ပေးပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ဟင်းနုနွယ်က အာဟာရဓာတ် ပြည့်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က သက်ကြီးရွယ်အိုတွေအတွက် ကိုယ်ခံအားကောင်းနိုင်တဲ့ အကောင်းဆုံးသော အစားအစားတစ်မျိုးပါ။ ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်သလို ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် D ပါဝင်နေပါတယ်။

တစ်ပတ်ကို ၃ ကြိမ်လောက် ဒိန်ချဉ် သောက်သုံးပေးတာက ကိုယ်ခံအားကို ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ခံတွင်းနံ့ကို ဆိုးစေတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများပါတယ်။ ရောဂါပိုးတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအားကို မြှင့်ပေးပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက သက်ကြီးရွယ်အိုတွေကို ကိုယ်ခံအား အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးလေးတွေက သေးတယ်ဆိုပေမယ့် အာဟာရ ပြည့်ဝပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အာဟာရ ကြွယ်ဝပါတယ်။ ဘလူးဘယ်ရီ ပုံမှန်စားသုံးတာက ကိုယ်ခံအားကောင်းစေသလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

အယ်လ်မွန်

ဗီတာမင်  E ပါဝင်နေတာက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ နေ့လယ်နေ့ခင်း အဆာပြေအနေနဲ့ အဆီများတဲ့ အစားအစာတွေ အစား အယ်လ်မွန်စေ့ကို စားပေးတာက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်း ရေနွေးကြမ်းသောက်ပေးတာက အအေးမိ တုပ်ကွေး ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ရောဂါပိုးတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဒီအစားအစာတွေအပြင် နေ့စဉ် အာဟာရပြည့်ဝအောင်  စားပေးမယ်ဆိုရင် ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Immune Boosting Foods for Seniors https://www.elmhurstextendedcarecenter.com/2018/02/20/7-immune-boosting-foods-seniors/ Accessed Date 21 August 2020

10 Immune Boosting Foods for Seniors http://www.vistaspringsliving.com/blog/10-immune-boosting-foods-for-seniors Accessed Date 21 August 2020

ယခုပုံစံ

01/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း

အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ