သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား

    တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား

    ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့ မကောင်းဘူး။ သိသိသာသာ ဖျားနေတာလည်း မဟုတ်၊ အိပ်ရာထဲ လဲနေတာလည်း မဟုတ်၊ ဒါပေမယ့် အဖျားလည်း ပျောက်လည်း မပျောက်ဘူး။ ဒီအတိုင်းပဲ ရှိနေတာ ကြာလာတာမျိုး။

    ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာ လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။

    ဘာတွေကြောင့် ဖြစ်နိုင်လဲ

    တငွေ့ငွေ့နဲ့ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံး ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။

    (၁)အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

    ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ ကိုယ်အပူချိန်မြင့်လာပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့ လေပြွန်ရောင်ခြင်းတို့ကလည်း အဖျားငွေ့ငွေ့ရှိစေတဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ ဖြစ်ပါတယ်။ ရက်သီတင်းပတ်ချီအောင် အဖျားနည်းနည်းရှိမယ်၊ ချမ်းမယ်၊ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်စတဲ့ လက္ခဏာတွေနဲ့အတူ ဖြစ်လာတတ်ပါတယ်။

    (၂)ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

    ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လည်း အဖျားတာရှည်နိုင်ပါတယ်။ တစ်ခါတလေ ဘာကြောင့်မှန်းမသိ ကိုယ်ပူနေတာကြောင့် အအေးမိပျောက်ဆေးလည်းမရ၊ ကိုယ်ပူကျဆေးသောက်လည်းမရ ဖြစ်တတ်ပါတယ်။ ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးပေးမှ သက်သာမယ့်ရောဂါကိုး။ သိသာတဲ့လက္ခဏာကတော့ ဆီးသွားတဲ့ အခါ ပူတာ၊ နာကျင်တာ၊ မကြာခဏဆီးသွားလွန်းတာ၊ ဆီးအရောင်ရင့်လာတာ တွေရှိနိုင်ပါတယ်။

    (၃)စိတ်ဖိစီးခြင်း

    စိတ်ဖိစီးမှု တာရှည်လာရင်လည်း အဖျားငွေ့ငွေ့ ရှိနေနိုင်ပါတယ်။ စိတ်ကြောင့် ဖြစ်တဲ့ အဖျားဝေဒနာ လို့ ဆိုနိုင်ပါတယ်။ ဒီဝေဒနာကို စိတ်ခံစားချက်နုတဲ့သူတွေ၊ စိတ်ဖိစီးမှုတာရှည်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။ စိတ်ကြောင့် အိပ်ရာထဲ လဲတယ် ဆိုတာမျိုးပေါ့။

    ဒီလိုအခြေအနေတွေ အတွက် အဖျားကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ မတိုးတဲ့အတွက် စိတ်တည်ငြိမ်စေမယ့် ဆေးဝါးတွေ၊ နည်းလမ်းတွေ နဲ့ ကုသရပါတယ်။

    (၄)တီဘီရောဂါ

    အဆုတ်တီဘီရောဂါ ရှိနေရင်လည်း အဖျား မပျောက်ဘဲ တငွေ့ငွေ့နဲ့တာရှည်နေနိုင်ပါတယ်။ ဒါ့ကြောင့် အဖျားမပျောက်ဘဲ တာရှည်နေရင် သတိထား စစ်ဆေးသင့်တာပါ။ တစ်ခါတရံ တီဘီပိုးက ခန္ဓာကိုယ် ထဲမှာ လက္ခဏာမပြ၊ မလှုပ်ရှားဘဲ နှစ်နဲ့ချီပြီး ရှိနေပြီး ကိုယ်ခံအား နည်းလာတဲ့အခါမှ ရောဂါ ထကြွလာနိုင်ပါတယ်။ ညဘက်မှ ဖျားတာ၊ ချောင်းအရမ်းဆိုးတာ၊ မောဟိုက်တတ်တာ၊ ညဘက်ချွေးထွက်များတာ တွေ တွဲပြီးဖြစ်လာရင် ပိုသိသာပါတယ်။

    (၅)Autoimmune ရောဂါများ

    ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ကိုယ်ခံအားကမှားယွင်းတိုက်ခိုက်တဲ့ ဒီရောဂါအမျိုးအစားတွေကြောင့် အဖျားတာရှည်တတ်ပါတယ်။ ဥပမာ လေးဖက်နာအဆစ်ရောင်ရောဂါ ဆိုရင် အဖျားငွေ့ငွေ့နဲ့ အဆစ်နာကျင်မှု၊ နွမ်းနယ်မှုတွေခံစားရပါတယ်။

    (၆)သိုင်းရွိုက် ရောဂါ

    သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းကြောင့် အဖျားတာရှည်နိုင်ပါတယ်။ ကြွက်သားနာကျင်တာ၊ မောဟိုက်နွမ်းနယ်တာ၊ သိုင်းရွိုက်ဂလင်းနားတဝိုက် အထိမခံနိုင်တာ၊ နားရွက်အထိ ဖြာထွက်လာတဲ့ ဇက်နာခြင်း စတဲ့လက္ခဏာတွေပါ တွဲပြီးဖြစ်တတ်ပါတယ်။

    တခြားအကြောင်းရင်းတွေထဲမှာ – အစာအဆိပ်သင့်ခြင်း၊ ကင်ဆာရောဂါ စတဲ့ အဖြစ်နည်းတဲ့အကြောင်းရင်းတွေလည်း ပါဝင်ပါတယ်။

    တကယ်လို့ –

    အဖျား မကြီးပေမယ့်လည်း –

    • ၃ ရက်ကျော်တဲ့ အထိ ဖျားနေသေးရင်၊
    • ကြွက်သားတွေ အားနည်းလာရင်၊
    • လည်ချောင်းတွေ ရောင်ရမ်းလာရင်၊
    • အဆက်မပြတ် အန်နေရင်၊
    • အသက်ရှူရ ခက်လာရင်၊
    • ကယောင်ကတမ်းတွေ ဖြစ်လာရင် ချက်ချင်း အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 06/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: