backup og meta

လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြားမှာ ကျန်းမာနေစေဖို့

လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြားမှာ ကျန်းမာနေစေဖို့

“ကိုယ်သဘောကျတဲ့ အလုပ်ကို လုပ်ရင် နေ့တိုင်း အလုပ်လုပ်နေသလို မခံစားရဘူး၊၊” လို့စီးပွားရေးဂုရုတွေက ပြောကြပါတယ်၊၊ ဒါက မှန်သင့်သလောက် မှန်ပေမယ့် လုပ်ငန်းခွင် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ အနည်းနဲ့ အများတော့ စိတ်ဖိစီးလာကြပါတယ်၊၊ အလုပ်နဲ့ လက်ထပ်ထားသလို နေ့ရော ညပါ အိမ်ပြန်ရောက်သည်အထိ  အိပ်ရာထဲမှာတောင် အလုပ်အကြောင်း စဉ်းစားနေရရင် သင့်ရဲ့ လုပ်ငန်းခွင် စိတ်ဖိစီးမှု က လျစ်လျူရှုဖို့ မသင့်တော့ပါဘူး၊၊

လုပ်ငန်းခွင် စိတ်ဖိစီးမှု တွေ ဖြစ်ရတဲ့ အကြောင်းရင်းများ

ကျွန်တော်တို့က အလုပ်လက်မဲ့ဖြစ်နေတဲ့အချိန်ဆိုလည်း စိတ်ဓာတ်ကျတတ်ပါတယ်၊၊ အတည်တကျ အလုပ်တစ်ခုခု ရှိနေသည့်လုပ်တိုင် အောက်ကအချက်တွေက ကျွန်တော်တို့ကို စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါသေးတယ်၊၊

  • လစာနည်းတာ
  • လုပ်ရတဲ့ အလုပ်တွေ များလွန်းတာ
  • ဘဝတိုးတက်ရေးအတွက်  လမ်းစမရှိတာ
  • ကိုယ်နဲ့ မကိုက်ညီနဲ့ အလုပ်လုပ်ရတာ
  • လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဟဇာတ မဖြစ်တာ
  • အလုပ်နဲ့ ပတ်သက်ရင် လုပ်ပိုင်ခွင့်မရှိတာ
  • ကိုယ်လုပ်ရမယ့် အလုပ်ကို သေချာသတ်မှတ်ထားတာမျိုး မရှိဘဲ အကုန်လိုက်လုပ်နေရတာ စတာတွေပဲ ဖြစ်ပါတယ်၊၊

ဒါတွေအပြင် အလုပ်ဆင်းတာ နောက်ကျတာ၊ အချိန်ပိုတွေ ဆက်တိုက်ဆင်းရတာ၊ နေ့ဆိုင်း ညဆိုင်း ဆင်းရတာ၊ တစ်နေကုန် သွားလာလှုပ်ရှားနေရတာ၊ ခုလို ပူပြင်းတဲ့ နွေရာသီမှာ အပြင်ထွက် အလုပ်လုပ်ရတာ၊ အလုပ်တွေ မပြီးပြတ်ဘဲ အိမ်မှာ ဆက်လုပ်နေရတာ စတာတွေကလည်း လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကို ပိုဆိုးစေပါတယ်၊၊

လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေရဲ့ နောက်ဆက်တွဲ ပြဿနာ

လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကလည်း စိတ်ဖိစီးမှု အမျိုးအစား တစ်ခုပဲ ဖြစ်တာကြောင့် ရေရှည်မှာ ကိုယ်ရော စိတ်ပါ ထိခိုက်လာမှာပါ၊၊ ပိုဆိုးတာက အလုပ်ကနေ အိမ်ပြန်ရောက်သွားပေမယ့် စိတ်ဖိစီးမှုတွေက အိမ်ထိလိုက်လာပြီး လူကို ဒုက္ခပေးနေတာပါပဲ၊၊

လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေက

  • အကြောင်းရင်း ရှာမရတဲ့ ခေါင်းကိုက်တာတွေ၊ ဗိုက်အောင့်တာတွေ၊ နုံးတာတွေကို ဖြစ်စေသလို
  • အိပ်မပျော်တာ
  • အစားအသောက်ပျက်တာ
  • စိတ်တိုစိတ်ဆတ်တာတွေကိုလည်း ဖြစ်စေပါတယ်၊၊

ဒါတွေအပြင် စိတ်ဖိစီးမှုတွေက ရေရှည်မှာ

ပိုဆိုးတာက စိတ်ဖိစီးမှု သက်သာလို သက်သာငြား အစားတွေ တရားလွန်စားတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေပဲ စားတာ၊ ဆေးလိပ်နဲ့ အရက်တွေ သောက်တာ၊ တစ်နေကုန် တီဗွီရှေ့မှာပဲ နေတာ စတာတွေကလည်း ကျန်းမာရေးကို ပိုထိခိုက်စေပါတယ်၊၊

လုပ်ငန်းခွင် စိတ်ဖိစီးမှု တွေကနေ  လွန်မြောက်စေဖို့

  • စိတ်ဖိစီးရတဲ့ အကြောင်းရင်းကို ဖြေရှင်းပါ။

ဘာတွေက သင့်ကို စိတ်ဖိစီးနေတာလဲ၊၊ မပြီးပြတ်သေးတဲ့ အလုပ်တွေလား၊၊ လစာနည်းတာလား၊၊ အထက်လူကြီးက အပြစ်ရှာလွန်းနေတာလား စသဖြင့် ကိုယ့်ကို ဖိစီးစေတဲ့အရာတွေကို စဉ်းစားကြည့်ပါ၊၊ တချို့ပြဿနာတွေက စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေထာထက်စာရင် တည့်ရင်ဆိုင်လိုက်တာက စိတ်ကို သက်သာရာရစေပါတယ်၊၊

  • အလုပ်ချိန် နားချိန် သတ်မှတ်ထားပါ၊၊

ကိုဗစ်ဖြစ်တုန်းက အိမ်ကနေပဲ အလုပ်လုပ်ရတယ်၊၊ ခုရောဂါတွေ ငြိမ်သွားတော့ ရုံးပြန်တက်ကြတယ်၊၊ ခက်တာက အိမ်မှာနေလည်း အလုပ်လုပ်လို့ရနေတော့ ရုံးဆင်းလို့ အိမ်ပြန်သွားရင်တောင် အလုပ်က နောက်ကနေ လိုက်လာပါသေးတယ်၊၊ ဒီလိုဆို နားချိန် ရှိမှာ မဟုတ်တော့ပါဘူး၊၊ နားချိန်မှာ အပြည့်အဝနားနိုင်ဖို့ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ်ထားပါ၊၊

  • ကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့၊၊

အနည်းဆုံးတော့ အခြေခံကျတဲ့ အအိပ်နဲ့ အစားကို သတိထားဖို့ လိုပါတယ်၊၊ ပုံမှန် အိပ်ချိန်ထချိန် သတ်မှတ်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အားထုတ်တာတွေက လိုအပ်ပါတယ်၊၊

အစားအသောက်ဆိုလည်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားဖို့ လိုပါတယ်၊၊ အလုပ်သိပ်ရှုပ်လွန်းရင် အစားစားချိန်တွေ လွတ်သွားတာ၊ အာဟာရမဖြစ်ဘဲ အလွယ်ရတာတွေ စားမိတတ်ပါတယ်၊၊ ဒီလိုမဖြစ်အောင် အားရှိပြီး စားရလွယ်မယ့် စားစရာတစ်ခုခု ဆောင်ထားသင့်ပါတယ်၊၊

  • အနားယူဖို့ မမေ့ပါနဲ့

တစ်နေကုန် အလုပ်ခွင်က ပြန်လာပြီဆိုရင် အိမ်မှာ စိတ်သက်သောင့်သက်သာဖြစ်အောင် အနားယူပါ၊၊ မိသားစုနဲ့ အချိန်ဖြုန်းမလား၊၊ သီချင်းတွေ အော်ဆိုမလား၊၊ ချွေးထွက်သွားတဲ့အထိ လေ့ကျင့်ခန်းတွေ လုပ်မလား၊၊ တိတ်တိတ်ဆိတ်ဆိတ် စာဖတ်မလား၊၊ ခွေးလေးတွေ ကြောင်လေးတွေနဲ့ ဆော့မလား စသဖြင့် အလုပ်နဲ့ မဆိုင်တဲ့ နည်းတစ်ခုခုနဲ့ အနားယူပေးပါ၊၊အနားယူဖို့ မမေ့ပါနဲ့၊၊

  • အလုပ်ကနေ ခဏနားပါ၊၊

နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေနဲ့ပဲ ရင်ဆိုင်နေရရင် လူက လဲသွားနိုင်ပါတယ်၊၊ လူလည်း နုံးချိလာသလို အကြံကောင်း ဉာဏ်ကောင်းတွေလည်း ထွက်မှာ မဟုတ်ပါဘူး၊၊ ဒီလို မဖြစ်အောင် ရက်ပိုင်းလောက် ခွင့်ယူပြီး နားလိုက်ပါ၊၊ ခရီးထွက်လိုက်ပါ၊၊ ဦးနှောက်ထဲမှာ အလုပ်အကြောင်း မစဉ်းစားဘဲ နားလိုက်မယ်ဆိုရင် ပြန်လာတဲ့အခါ ကိုယ်ရော စိတ်ပါ လန်းဆန်းပြီး စိတ်သစ်လူသစ် ဖြစ်သွားနိုင်ပါတယ်၊၊

တစ်နေ့တာရဲ့ ၃ပုံ ၁ပုံကို လုပ်ငန်းခွင်မှာ ကုန်ဆုံးနေရတဲ့အတွက် လုပ်ငန်းခွင်ကနေ စိတ်ဖိစီးမှုတွေကို ကြာကြာ မခံစားဖို့ လိုပါတယ်၊၊ စိတ်ဖိစီးမှုတွေကြားမှာ ကျန်းကျန်းမာမာနဲ့ နေနိုင်မယ့် နည်းလမ်းတွေကိုလည်း လိုက်နာနေဖို့ လိုအပ်ပါတယ်၊၊

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coping with stress at work https://www.apa.org/topics/healthy-workplaces/work-stress Assessed Date 3 May 2022

Occupational Health: Stress at the workplace https://www.who.int/news-room/questions-and-answers/item/ccupational-health-stress-at-the-workplace#:~:text=What%20is%20work%2Drelated%20stress,challenge%20their%20ability%20to%20cope. Assessed Date 3 May 2022

 

ယခုပုံစံ

30/11/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement