brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဝတ်အစားတွေ ဆီစွန်း သွားရင်

အဝတ်အစားတွေမှာ ဆီစွန်း သွားတာက အဝတ်အစားတွေကို ပျက်စီးစေတာ တစ်မျိုးပါပဲ။ စားတဲ့ဆီ ဒါမှမဟုတ် စက်ဆီတွေ အဝတ်အစားကို စွန်းသွားလို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အကြိုက်ဆုံး အဝတ်အစားလေးတွေ ဆီစွန်းသွားတဲ့အခါ ပျက်စီးမှုတွေ မဖြစ်စေဖို့ စွန်းသွားတဲ့ ဆီတွေကို ဘယ်လို ချွတ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

အဝတ်အစားတွေ ဆီစွန်း သွားရင်

အဝတ်အစားတွေ ဆီစွန်း သွားရင်

အဝတ်အစားတွေ ဆီစွန်း သွားရင် အရင်ဆုံး လုပ်မိတာက တစ်သျှူးစ ဒါမှမဟုတ် အဝတ်စကို ယူပြီး သုတ်လိုက်တာဟုတ်။ ဒါက အဆီတွေကို စုပ်ယူပေးနိုင်တယ်ဆိုပေမယ့် ကုန်စင်အောင်တော့ မဟုတ်ပါဘူး။ အဝတ်အစားမှာ စွန်းသွားတဲ့ အဆီတွေကို အကုန်လုံးဖယ်ရှားနိုင်ဖို့ဆိုရင် ဒီမည်းလေးတွေက အသုံးတည့်မှာပါ။

သနပ်ခါး

သနပ်ခါးကတော့ မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ရှိတဲ့အရာပါ။ အဝတ်အစားတွေမှာ ဟင်းဆီတွေ၊ စက်ဆီတွေ စွန်းသွားတဲ့အခါ အရင်ဆုံး တစ်သျှူးစနဲ့ ခြောက်နေအောင် သုတ်ပါ။

ပြီးရင်တော့ ခပ်ပျစ်ပျစ် သွေးထားတဲ့ သနပ်ခါး အနှစ်ကို ဆီပေတဲ့နေရာမှာ ခပ်ထူထူလေး လိမ်းပေးပြီး ခြောက်တဲ့အထိ ထားလိုက်ပါ။ ပြီးရင်တော့ ဆပ်ပြာရည် စိမ်ပြီး လျှော်ချလိုက်ရုံပါ။

မြေဖြူ

အဝတ်မှာအေနေတဲ့ ဆီတွေကို ဖယ်ရှားဖို့အတွက် မြေဖြူကို အသုံးပြုလို့ ရပါတယ်။ မြေဖြူကလည်း အဝတ်မှာ ပေနေတဲ့ဆီတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ဟင်းဆီတွေ၊ စက်ဆီတွေ စွန်းသွားတဲ့အခါ အရင်ဆုံး တစ်သျှူးစနဲ့ ခြောက်နေအောင် သုတ်ပါ။ ပြီးရင်တော့ မြေဖြူနဲ့ ဆီစွန်းတဲ့နေရာကို ခပ်ထူထူလေး ခြစ်လိုက်ပါ။ ပြီးရင် ၂ နာရီလောက် ထားပြီး ဆပ်ပြာရည် စိမ်လို့ အဝတ်ကို လျှော်လိုက်ပါ။

မုန့်ဖုတ် ဆော်ဒါ

မုန့်ဖုတ် ဆော်ဒါကလည်း ဆီစွန်း တာတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဆိုဖာနဲ့ အခြားသော ကြီးမားတဲ့ အဝတ်အစားတွေက ဆီစွန်းနေတာတွေကို ပြောင်စေဖို့အတွက်လည်း မုန့်ဖုတ်ဆော်ဒါကို အသုံးပြုလို့ ရပါတယ်။

အရင်ဆုံး ပေနေတဲ့ဆီတွေကို အဝတ်စ၊ တစ်သျှူးစတို့နဲ့ သုတ်လိုက်ပါ။ ပြီးရင် ဆီစွန်းတဲ့နေရာကို မုန့်ဖုတ်ဆော်ဒါကို ခပ်ပျစ်ပျစ်ဖျော်ပြီး သုတ်ထားလိုက်ပါ။ ၂၄ နာရီ ထားပါ။ ပြီးရင် မုန့်ဖုတ်ဆော်ဒါကို ဘရက်ရှ်နဲ့ တိုက်ချလိုက်ပါ။ ပြီးရင်တော့ ဗီနီကာကို ရေနဲ့ ဆတူရောပြီး ဆီစွန်းတဲ့နေရာကို ဖြန်းလိုက်ပါ။ ပြီးရင် ဘရက်ရှ်နဲ့ ခပ်ဖွဖွလေး ဖွတ်ပေးပါ။ ဆပ်ပြာနဲ့ စိမ်ပြီး သေချာလေး လျှော်ချလိုက်ရုံပါ။

သွားတိုက်ဆေး

ဆီစွန်း တာတွေကို အထိရောက်ဆုံး ဖယ်ရှားဖို့ သွားတိုက်ဆေးကို အသုံးပြုပေးလို့လည်း ရပါတယ်။ အရင်ဆုံး ပေနေတဲ့ဆီတွေကို အဝတ်စ၊ တစ်သျှူးစတို့နဲ့ သုတ်လိုက်ပါ။ ပြီးရင် ဆီစွန်းတဲ့နေရာကို သွားတိုက်ဆေး ခပ်ထူထူလေး သုတ်ထားလိုက်ပါ။ ၂၄ နာရီ ထားပါ။ ပြီးရင် ဆပ်ပြာပျော့ပျော့ကို အသုံးပြုပြီး ဘရက်ရှ်နဲ့ တိုက်ချလိုက်ပါ။

ဆပ်ပြာဆီ

ပန်းကန်ဆေး ဆပ်ပြာဆီကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး ဆီစွန်းတဲ့အဝတ်ကို ၅ မိနစ်လောက် စိမ်ထားပြီး ဆပ်ပြာခပ်ပျော့ပျော့ကို သုံးလို့ သေချာ လျှော်ဖွတ်ပေးပါ။ ဆီတွေကို သိသိသာသာ ပြောင်စင်စေမှာပါ။

ကဲ……. အဝတ်တွေ ဆီစွန်းလို့ စိတ်ညစ်မနေနဲ့တော့နော်။ ဒီနည်းလေးတွေနဲ့ လုပ်ကြည့်လိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/07/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။