အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ

    ထိခိုက်ဒဏ်ရာရရင်သွေးမထွက်တာမျိုးကသိပ်မရှိပါဘူး။ အနည်းဆုံးသွေးလေးတော့စို့တတ်ကြပါတယ်။ အနာဖြစ်လို့သွေးထွက်တဲ့အခါသွေးထွက်လွန်လား။ အနာကပြင်းထန်နေတာလားဆိုပြီးစိုးရိမ်စရာတွေဖြစ်လာတာက အမြဲလိုလိုဖြစ်တတ်ကြမယ်ထင်ပါတယ်။ ဒီတော့အနာကိုသွေးတိတ်အောင်ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို သိထားမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ အနာကသွေးထွက်မှလည်း အနာထဲမှာဝင်နေတဲ့ အမှုန်နဲ့ပိုးမွှားတွေကိုသန့်စင်ပြီးဖြစ်မှာပါ။

    အနာဖြစ်တဲ့အခါသွေးထွက်တယ်ဆိုတာက ခန္ဓါကိုယ်မှာရှိနေတဲ့သွေးကြောတွေထဲကသွေးတွေဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ အနာဖြစ်လို့သွေးထွက်တဲ့အခါသွေးလွန်တာမျိုးမဖြစ်စေဖို့အတွက်သွေးတိတ်အောင်မြန်မြန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု တာ်တော်များများမှာ အရမ်းမပြင်းထန်ဘူးဆိုရင်တော့သွေးတိတ်ေ်အာင်လုပ်ဖို့က အခက်အခဲမရှိပါဘူး။သွေးကြောကိုထိမိတာ၊တစ်ရှုးတွေပျက်စီးသွားမယ်ဆိုရင်တော့သွေးအရမ်းထွက်တာမျိုးဖြစ်ပါလိမ့်မယ်။ အခုတစ်ခေါက်တော့အနာဖြစ်ရင်သွေးတိတ်အောင်ဘယ်လိုလုပ်မလဲဆိုလေးပြောပြမယ်နော်။

    သွေးတိတ်အောင် ဒါလေးတွေလုပ်ကြည့်ပါ

    အနာပေါ်မှာ အသာအယာလေးဖိထားပေးပါ

    အနာဖြစ်လို့သွေးထွက်လာတဲ့အခါ ပထမဆုံးလိုက်နာရမှာက အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့အုပ်ပြီး အသာအယာဖိထားပေးဖို့ပါ။ လက်မှာထိခိုက်ဒဏ်ရာရထားတာဆိုရင်တော့ ဒဏ်ရာရထားတဲ့လက်ကို နှလုံးအပေါ်ရောက်အောင်မြှောက်ထားပေးဖို့ပါ။ အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့ဖိထားတာတောင်မှသွေးကထွက်နေတုန်းပဲဆိုရင်လည်း ဖိထားတဲ့အဝတ်စကိုမဖယ်လိုက်ပါနဲ့။ ဆက်ပြီးဖိထားပေးပါ။ အနာပေါ်မှာ ၅ မိနစ် ၁၀ မိနစ်ကြာအောင်ဖိထားတာတောင်မှ အနာကသွေးမတိတ်ဘူးဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုအပ်ပါမယ်။

    ရေနဲ့ဆေးကြောပါ

    ရေပိုက်ဖွင့်ပြီးရေပိုက်အောက်မှာ အနာကိုထားရင်းဆေးကြောပေးရင်လည်းသွေးတိတ်အောင်အထောက်အကူပြုပေးမှာဖြစ်ပါတယ်။ အနာပေါ်ကိုရေအေးအေးလေးလောင်းချပေးတာကသွေးကြောတွေကိုကျဉ်းသွားစေပြီးသွေးမြန်မြန်တိတ်စေပါလိမ့်မယ်။ပြတ်ရှဒဏ်ရာတွေကိုရေခပ်နွေးနွေးလေးနဲ့လောင်းဆေးပေးရင်လည်းသွေးခဲအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။ရေနွေးရောရေအေးရောကိုတော့အသုံးမပြုရပါဘူး။

    ရေခဲကပ်ပေးပါ

    အနာကသွေးထွက်နေရင် အဝတ်စသန့်သန့်ထဲမှာရေခဲတုံးလေးတွေထည့်ပြီး အနာပေါ်မှာကပ်ပေးပါ။ရေခဲကပ်ပေးတာက အနာသွေးတိတ်အောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးတစ်ခုပါ။ရေခဲကပ်တာက အနာကိုအရောင်ကျစေနိုင်သလို အနာကျက်အောင်လည်းထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ်အပူချိန်မြင့်လေလေသွေးပိုထွက်လေလေပါ။ ခန္ဓါကိုယ်အပူချိန်ကျအောင်လုပ်ဆောင်ပေးမယ်ဆိုရင်သွေးတိတ်အောင်လည်းအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ ခန္ဓါကိုယ်အပူချိန်ကအရမ်းမြင့်နေရင်ဖြစ်ဖြစ် ပုံမှန်ထက်ကျဆင်းနေရင်ဖြစ်ဖြစ် အနာကိုရေခဲမကပ်သင့်ပါဘူး။

    ဗီနီကာအသုံးပြုပေးပါ

    ဗီနီကာက အနာကို ပိုးမဝင်အောင်ကာကွယ်ပေးနိုင်သလိုသွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်စွမ်းလည်းရှိပါတယ်။ပြတ်ရှဒဏ်ရာရရှိတဲ့အခါ ဗီနီကာကို ဂွမ်းစသန့်သန့်လေးနဲ့ယူပြီး အနာပေါ်မှာတို့သုတ်ပေးပါ။သွေးတိတ်အောင် ခဏတော့စောင့်ပေးရပါမယ်။

    သကြားသုံးပေးလို့ရတယ်

    ပြတ်ရှဒဏ်ရာရလို့သွေးထွက်လာမယ်ဆိုရင်တော့ အနာပေါ်မှာသကြားတစ်ဇွန်းစာလောက်အုံပေးလိုက်ပါ။ သကြားက အနာထဲမှာပိုးရှိနေရင်သေစေနိုင်ပြီး အနာကိုသန့်စင်အောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။သွေးတိတ်အောင်လည်းလုပ်ဆောင်ပေးနိုင်ပါသေးတယ်။

    အနာကို ပလာစတာကပ်ပေးပါ

    အနာထဲကို ညစ်ပေတဲ့အရာတွေနဲ့ပိုးမွှားတွေမဝင်စေဖို့နဲ့သွေးထပ်မထွက်လာစေဖို့ အနာကိုပလာစတာကပ်ပေးပါ။ အနာကို ပလာစတာကပ်ပေးတာအနာကျက်မြန်အောင်လည်းအထောက်အကူပြုပေးပါတယ်။

    ထိခုက်ဒဏ်ရာရတဲ့အခါ အခုပြောပြခဲ့တဲ့နည်းတွေအတိုင်းသွေးတိတ်အောင်လုပ်ဆောင်ကြည့်လိုက်ပါ။ အနာကိုသွေးတိတ်အောင်မလုပ်ခင်မှာ အနာကိုင်မယ့်လက်ကို သန့်စင်အောင်ဆေးကြောဖို့မမေ့ပါနဲ့။ အနာရောဂါကင်းကြပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement