“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ် အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့ သွေးက ရောဂါအခြေအနေ အမျိုးမျိုးကြောင့် သွေးသွင်းဖို့ လိုအပ်တဲ့ လူနာတွေ အတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန် သွေးလှူ နေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီး သွေးလှူ ပေးကြသူတွေ၊ လူနာ နဲ့ ကိုက်ညီတဲ့ သွေးအလှူရှင် ရဖို့ အပြေးအလွှား ကူရှာပေးသူတွေ၊ သွေးလှူကြဖို့ တိုက်တွန်းနှိုးဆော်သူတွေ ရှိနေတာပါ။
ဒီလိုမွန်မြတ်တဲ့ စိတ်ထားလေးတွေ ရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေး ကလည်း အရေးကြီးတယ် ဆိုတာ မေ့မထားသင့်ပါဘူး။ လူက ကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေ အတွက် သိထားသင့်တဲ့ သတိပြုစရာ အချက်လေးတွေ အကြံပေးလိုက်ရပါတယ်။
ဒီလိုမျိုးဆို သွေးလှူ လို့ မရပါ
အဓိကအားဖြင့် –
သွေးလှူပြီး ၁၅ မိနစ်လောက် အနားယူ၊ ကြက်ဥပြုတ်လေး စားပြီး ပြန်လို့ ရပါပြီ။ ဒါပေမယ့် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေး တွေက –
- သွေးလှူစဉ်က ဆုံးရှုံးသွားတဲ့ အရည်ဓာတ် တွေကို ပြန်ဖြည့်တင်းဖို့ ၁ ရက်-၂ရက် အတွင်း ရေ သို့မဟုတ် အရည် များများ သောက်ပါ။
- အစားကို အချိန်မှန်အောင် စားပါ။
- သွေးလှူ ပြီး နောက် ၅ နာရီအတွင်း ပြင်းပြင်းထန်ထန် မလှုပ်ရှားပါနဲ့။
- ခေါင်းမူးတယ် ဆိုရင် ခဏ လှဲနေ သို့မဟုတ် ထိုင်နေပြီး နားပါ။ အတင်း ထမပြန်ပါနဲ့။
- သွေးဖောက်တဲ့ နေရာက သွေးထွက်နေတာ ဒါမှမဟုတ် အနာဖြစ်လာတာ ဆိုရင် ပထမဆုံး ၂၄နာရီ အတွင်း ရေခဲကပ် ပေးပါ။