ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲ ဖြစ်ဖြစ် အဆီပိုတွေ ရှိနေရင် ကြည့်မကောင်း ပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေ ရှိနေရင်လည်းကြည့်ရ ဆိုးပါတယ်နော်။ ဒီ အဆီပိုတွေက ကိုယ်နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။ ဒီတော့ မျက်နှာမှာ အဆီ မတက်ချင်ဘူးဆိုရင် မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ဖို့ ပြောပါရစေ။
မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့
မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့ လိုက်နာပေးသင့်တာလေးတွေ ကတော့
မျက်နှာလေ့ကျင့်ခန်းလုပ်ပါ
မျက်နှာ လေ့ကျင့်ခန်း လုပ်တာက အဆီပိုတွေ ဖယ်ရှားပေးပြီး မျက်နှာ အသားအရေကို တင်းရင်းလှပစေ ပါတယ်။ မျက်နှာကို သွယ်လျလှပစေပြီး အရေးအကြောင်း ကင်းစေဖို့လည်း အထောက်အပံ့ပေးမှာ အသေအချာပါ။နေ့စဉ် မျက်နှာ ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးပါ။
ကိုယ်အလေးချိန်ထိန်းပါ
မျက်နှာမှာ အဆီတက် လာတာက အရမ်း ဝနေပြီဆိုတဲ့ ပြယုဂ်တစ်ခုပါ။ ဒါကြောင့်နေ့စဉ် ပုံမှန် ခန္ဓါကိုယ် ကျစ်လျစ်စေမယ့် လေ့ကျင့်ခန်းလုပ်ပြီး မျက်နှာပေါ်မှာ အဆီပိုတွေ မရှိအောင် လုပ်ဆောင်ပေးပါ။ တစ်ပတ်တာမှာ မိနစ် ၁၅၀ ကနေ မိနစ် ၃၀၀ လောက် အထိ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။
ကွတ်ကီးတွေ၊ ခရက်ကာ နဲ့ အခြားသောကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေက ကိုယ်အလေးချိန်တက်စေနိုင်သလို အဆီတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာ နဲ့ ခန္ဓါကိုယ်မှာ အဆီမစုစေချင်ရင် ကာဗိုဟိုက်ဒရိတ်အများကြီးမစားမိဖို့ သတိပြုပါ။ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို အဓိကထားစားသုံးပေးပါ။
အိပ်ရေးဝတာက ကိုယ်အလေးချိန်ကျစေဖို့တော်တော်လေးအထောက်အကူ ပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်ပါ။ ဒါကြောင့် ညစဉ် ၇ နာရီ ကနေ ၈နာရီအတွင်း အိပ်စက်ချိန်ရှိစေဖို့ ဂရုစိုက်ပါ။ အိပ်ရေးပျက်တာများလေလေကော်တီစောဟော်မုန်းပမာဏတိုးလာပြီး ဝိတ်တက်စေနိုင်ပါတယ်။ အဆီပိုတွေလည်းဖြစ်ပေါ်စေနိုင်ပါသေးတယ်နော်။
[embed-health-tool-bmi]