backup og meta

ထိခိုက်ဒဏ်ရာကနေ အမာရွတ်မကျန်အောင်ဒါတွေရှောင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ဒဏ်ရာကနေ အမာရွတ်မကျန်အောင်ဒါတွေရှောင်ပါ

    အမာရွတ်ဆိုတာမုန်းစရာကောင်းပါတယ်။လက်မှာဖြစ်ဖြစ်၊ခြေထောက်မှာဖြစ်ဖြစ်အမာရွတ်ရှိနေရင်သိပ်အရုပ်ဆိုးတာနော်။အမာရွတ်မပေါ်အောင်လက်ရှည်ဝတ်ရတာနဲ့ဘောင်းဘီရှည်ပဲဝတ်ရတာနဲ့တော်တော်အဆင်မပြေဖြစ်ရပါတယ်။

    ငယ်ငယ်ကဘယ်မှာကစားရင်းဘာနဲ့ထိခိုက်ခဲ့တဲ့ဒဏ်ရာလေဆိုပြီးအမာရွတ်လေးတွေကိုငယ်ဘဝအမှတ်တရအဖြစ်နဲ့တော့ထည့်ပြောလေ့ရှိပေမယ့်ကျန်ရစ်ခဲ့တဲ့ရလဒ်ကတော့မလှဘူးလေ။တကယ်တော့ဒါတွေကမဖြစ်လာအောင်ကာကွယ်လို့ရနေတဲ့အရာတွေပါ။ ထိခိုက်ဒဏ်ရာတိုင်းအမာရွတ်မဖြစ်ပါဘူး။အမာရွတ်မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတယ်ဆိုတော့ဒီ(၆)ချက်ကိုတော့မလုပ်နဲ့နော်။

    (၁)အနာကိုဒီအတိုင်းမထားပါနဲ

    အသေးစားထိရှနာလေးတွေကိုပဲဖြစ်ဖြစ်သန့်စင်ပေးပြီးမဖုံးအုပ်ဘဲဒီအတိုင်းထားလိုက်ရင်အနာကျက်သွားလိမ့်မယ်လို့ထင်ထားတယ်ဆိုရင် ပြန်စဉ်းစားပါနော်။အရေပြားမှာလေသလပ်ပြီးခြောက်သွေ့စေတာကရောဂါပိုးဝင်နိုင်ခြေပိုများတယ်လို့ဆေးပညာကဆိုပါတယ်။ထိခိုက်ဒဏ်ရာတွေကိုပလာစတာနဲ့ဖုံးအုပ်ကာကွယ်ခြင်းအားဖြင့်အစိုဓါတ်ထိန်းပေးလို့အနာကျက်ခြင်းကိုအားပေးပါတယ်။ ပြင်ပကရောဂါပိုးမွှားတွေရန်ကကာကွယ်ပေးပါတယ်။

    (၂)အနာပေါ်ကိုအပြင်းစားတွေမသုံးပါနဲ

    အနာကိုအရက်နဲ့ဆေးတာ၊အရက်ပြန်လောင်းချတာ၊ hydrogen peroxideနဲ့ဆေးကြောတာတွေကဒဏ်ရာရတဲ့အရေပြားအတွက်သိပ်ကိုပြင်းထန်လွန်းပါတယ်။အများယုံကြည်ထားသလိုပိုးသေစေတယ်ဆိုတာထက်အရေပြားကိုထိခိုက်စေပြီးအနာကျက်မြန်စေဖို့၊အမာရွတ်မကျန်ဖို့ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အနာကိုသန့်စင်တယ်ဆိုတာဖုန်အညစ်အကြေးတွေ၊ဘက်တီးရီးယားနဲ့အမှုန်အမွှားတွေကိုဖယ်ရှားမှာဖြစ်တဲ့အတွက်ရေနဲ့ဆေးကြောရင်ပဲလုံလောက်ပါတယ်။လိုအပ်ရင်အနာဘေးတဝိုက်ကိုဆပ်ပြာအပျော့စားနဲ့ဆေးနိုင်ပါတယ်။

    (၃)ဈေးသက်သာတဲ့ဘကဦးစားမပေးပါနဲ

    အနာကျက်ဆေးတွေ၊ပိုးသတ်ဆေးတွေဆိုဈေးကွက်မှာအမျိုးအစားစုံရှိနေတဲ့အတွက်ဈေးချိုတာကိုဝယ်မိတတ်ကြပါတယ်။ကိုယ့်ကျန်းမာရေးအတွက်နဲ့ငွေကြေးပမာဏအနည်းငယ်ကွာခြားမှုအတွက်ဘယ်ဟာကိုဦးစားပေးမလဲစဉ်းစားပါနော်။ဥပမာ-ထိခိုက်ဒဏ်ရာအတွက်ဆိုအရည်အသွေးကိုအသိအမှတ်ပြုထောက်ခံပြီးသားဖြစ်တဲ့ ဆေးရည်မျိုးကိုရွေးချယ်တာမျိုး။အရည်အသွေးမကောင်းတဲ့ဈေးပေါတာတွေသုံးမိရင်အနာကျက်သင့်တဲ့အချိန်ထက်ပိုကြာပြီးအမာရွတ်ကျန်နိုင်ခြေများပါတယ်။

    (၄)ရည်ြကည်ဖုတွေမဖောက်ပါနဲ့၊အနာဖေးမခွာပါနဲ

    အပူလောင်နာမှာဖြစ်လာတဲ့ရည်ကြည်ဖုသို့မဟုတ်အနာမှာတက်လာတဲ့အနာဖေးတွေကိုမဖောက်၊မခွာပါနဲ့။သွားထိလိုက်ကာမှလက်မသန့်ရင်ရောဂါပိုးဝင်ပြီးပိုဆိုးစေနိုင်ပါတယ်။

    (၅)အပူလောင်နာကိုဘာမှလေျှာက်မလိမ်းပါနဲ

    အပူလောင်နာကိုထောပတ်လိမ်းတာ၊အရွက်ကြိတ်ရည်တွေလိမ်းတာ၊အထူးသဖြင့်သွားတိုက်ဆေးလိမ်းတာတွေကမလုပ်သင့်တဲ့အချက်တွေပါ။သွားတိုက်ဆေးတွေကသွားကိုဖြူဖွေးတောက်ပစေဖို့နဲ့ ကြံ့ခိုင်စေဖို့ ပြင်းတဲ့ဓါတုပစ္စည်းတွေပါဝင်တတ်လို့အနာရှိတဲ့အရေပြားကိုအခြေအနေပိုဆိုးစေနိုင်ပါတယ်။အပူလောင်ခြင်းအတွက်ကဖြစ်ဖြစ်ချင်းမှာရိုးရိုးရေနဲ့လောင်းချပေးတာကအရေးပေါ်နည်းဖြစ်ပါတယ်။အနာသက်သာစေ၊အရောင်ကျစေနိုင်ပြီးနီမြန်းမှုတွေကိုသက်သာစေတဲ့ Ointment တစ်ခုခုကိုလိမ်းပေးလို့ရပါတယ်။

    (၆)အနာကနီမြန်းတာယားတာရောင်တာဖစ်လာရငမပေါ့ဆပါနဲ

    ယားလာတာကအနာကျက်လာတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပေမယ့်သတိထားဖို့လိုတဲ့အချက်လည်းဖြစ်ပါတယ်။အနာအရေပြားကနီမြန်းလာတာ၊တဒုတ်ဒုတ်သွေးခုန်တာ၊ယားတာ၊ရောင်ရမ်းတာဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာတွေမဖြစ်လာခင်အမြန်ဆုံးကုသမှုခံယူပါ။

    အမာရွတ်မကျန်အောငလုပ်သင့်တဲ့ (၈)ချက

  • လက်ကိုစင်အောင်ဆေးသင့်တယ်။ဒါမှအနာကိုထိတွေ့တဲ့အခါ၊ဆေးထည့်တဲ့အခါရောဂါပိုးမဝင်မှာပါ။
  • သွေးတိတ်အောငလုပ်ပါ။အသေးစားထိခိုက်ဒဏ်ရာတွေကသူ့အလိုလိုသွေးတိတ်သွားလေ့ရှိတယ်ဆိုပေမယ့်လိုအပ်လာရင်ပတ်တီးစသို့မဟုတ်အဝတ်သန့်လေးနဲ့သွေးတိတ်တဲ့အထိအသာအယာဖိထားပေးပါ။
    • အနာကိုဆေးကြောသန့်စင်ပါ။ရေနဲ့ပဲဆေးကြောတာလုံလောက်ပါတယ်။ညစ်ပေနေတာ၊အညစ်အကြေးတွေကပ်ငြိနေတာဆိုရင်အနာဘေးတဝိုက်ကိုဆပ်ပြာအပျော့စားနဲ့ဆေးကြောလို့ရပါတယ်။အနာထဲကိုတော့တိုက်ရိုက်ဆပ်ပြာနဲ့မထိပါစေနဲ့။
    • အနာပိုးသတ်ဆေးထည့်ပါ။အနာကျက်မြန်စေဖို့၊အနာပိုးမဝင်စေဖို့ အနာပိုးသတ်ဆေးတစ်ခုခုထည့်ပါ။ အနာထဲကိုဘက်တီးရီးယားတွေ၊ပိုးမွှားတွေရန်ကကာကွယ်ပေးပြီးအနာကျက်မြန်စေပါတယ်။
    • ပလာစတာပတ်တီးဖုံးအုပ်ပါ။ဆေးထည့်ပြီးတာနဲ့ပလာစတာ၊ပတ်တီးနဲ့ဖုံးအုပ်ပါ။ဒါမှပြင်ပကရောဂါပိုးမွှားတွေမဝင်အောင်အကာအကွယ်ဖြစ်စေမှာပါ။အနာကျက်နှေးစေနိုင်တဲ့အရေပြားခြောက်သွေ့မှုကိုလည်းကာကွယ်ပြီးသားဖြစ်စေပါလိမ့်မယ်။
    • ပလာစတာပတ်တီးကိုပုံမှန်လဲပေးပါ။အနည်းဆုံးတစ်နေ့တစ်ကြိမ်သို့မဟုတ်ပလာစတာမှာရေစိုတာ၊ညစ်ပေတာတွေဖြစ်လာတိုင်းအသစ်လဲပါ။
    • မေးခိုင်ကာကွယ်ဆေးထိုးပါ။ဒဏ်ရာနက်ရင်သို့မဟုတ်ထိခိုက်စဉ်ကအရမ်းညစ်ပေနေခဲ့ရင်မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပြီးကာကွယ်ဆေးထိုးသင့်ထိုးပါ။
    • အနာပိုးဝင်တဲလက္ခဏာရှိမရှိကည့်ပါ။ဒဏ်ရာတဝိုက်မှာနီရဲလာတာ၊ပိုနာကျင်လာတာ၊ ပြည်တည်လာတာ၊ပူပူကြီးဖြစ်လာတာ၊ရောင်လာတာလိုမျိုးအနာပိုးဝင်တဲ့လက္ခဏာတွေရှိမရှိသတိထားကြည့်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement