backup og meta

လေ့ကျင့်ခန်း မလုပ်ခင်ဘာတွေစားပေးသင့်လဲ။ ဘယ်အချိန်မှာ စားရမလဲ။ ။

Gym သွားကြတဲ့သူတိုင်း သိချင်နေတဲ့ မေးခွန်းလေးပါ။ လေ့ကျင့်ခန်း မလုပ်ခင် ဘာတွေစားပေးရင် ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းကို ပိုပြီး အကျိုးသက်ရောက်စေမလဲနဲ့ ဘယ်အချိန်တွေမှာ စားပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းလေးတွေပေါ့။ Gym သွားတယ်ဆိုတည်းကိုက အပြောင်းအလဲဖြစ်ချင်လို့ပဲလေ။ ဝနေတဲ့သူပိန်သွားဖို့ ပိန်နေတဲ့သူ ဝိတ်တက်လာဖို့ ရည်ရွယ်ချက်တွေနဲ့သွားကြတာမလား။

ကိုယ်ခန္ဓါတစ်ခု လှပဖွံ့ဖြိုးဖို့ကလည်း လေ့ကျင့်ခန်း တစ်ခုတည်းနဲ့မရဘူးလေ။ ကိုယ်ခန္ဓါတစ်ခု ပိန်ခြင်း ဝခြင်းကို အဓိက ၈၀ ရာခိုင်နှုန်း တာဝန်ယူထားတဲ့ အစားက အရေးအကြီးဆုံးဆိုတော့ ကိုယ်လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမလဲဆိုတာ သိထားမှ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့။ ဒီတော့ ဘာတွေ စားပေးရမလဲ။ ဘယ်အချိန်မှာ စားပေးရမလဲ ။ ။

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးသင့်သလဲ ။ ။

လေ့ကျင့်ခန်း မလုပ်ခင် စားပေးတဲ့ အစားအစာတွေက ကိုယ်ဘယ်လမ်းကြောင်းကို သွားတာလဲ အပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဒီတော့ ဆက်ကြည့်ရအောင် ။ ။

( ၁ ) ကိတ်ချင်တဲ့သူတွေအတွက် ။

ပိန်နေလို့ ကိတ်ချင်နေတဲ့သူတွေအတွက် အဓိကဖြစ်သင့်တဲ့ ကိုယ်ခန္ဓါကတော့ အဆီပိုမရှိ ကြွက်သားတွေနဲ့ ကျစ်လစ်တဲ့ကိုယ်ခန္ဓါတစ်ခုပါ။ ဖြစ်ချင်နေတဲ့ အဆီပိုမရှိတဲ့ ကြွက်သားတွေနဲ့ ကိုယ်ခန္ဓါကို ပိုင်ဆိုင်နိုင်မယ့်အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ တောက်လျှောက်ကို အားလည်းရှိစေမယ့် လေ့ကျင်ခန်းမလုပ်ခင် စားသင့်တဲ့ အစားအစာတွေကတော့

  • ကြက်ဥ အကာစားပါ – ကြက်ဥပြုတ်ထဲက အကာကိုပဲ စားတာ၊ ကာကျက်လေးသောက်တာမျိုးတွေလုပ်ပေးပါ။ အနှစ်ကိုတော့ ရှောင်ပါ။ ကြက်ဥအနှစ်မှာ အဆီပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန်တက်လာစေသလို သွေးတွင်းအဆီများခြင်းကိုလည်းဖြစ်စေတတ်လို့ပါ။
  • Whey protein သောက်ပေးလို့လည်းရပါတယ်။
  • အသီးတွေထဲမှာဆို – လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်သီးတို့စားပေးပါ။
  • ထမင်းစားချင်တယ်ဆိုရင် ဆန်လုံးညို ( ဒါမှဟုတ်) ထမင်းဖြူ နည်းနည်းလေးစားပါ။ အုတ်ဂျုံစားပေးလည်းရပါတယ်။
  • အသားဆိုရင်တော့အဆီမများတဲ့အသားဖြစ်တဲ့ ကြက်သားပြုတ်လေးက အသင့်တော်ဆုံးပါ။

( ၂ ) ဝိတ်ကျချင်တဲ့သူတွေအတွက်

ဝိတ်ကျချင်တဲ့သူတွေကျတော့ နည်းနည်းပို ဂရုစိုက်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း အားမရှိမှာစိုးတာကြောင့် အစားလေးစားထားချင်တယ်။ စားတဲ့အစားတွေ ကယ်လိုရီမများဖို့ကလည်း အရေးကြီးသေးတယ်။ ဒီတော့ ဘာတွေစားကြမလဲ ။ ။

  • ငှက်ပျောသီးစားပါ။ ကယ်လိုရီအများကြီး မတက်စေဘဲ အားရှိစေတဲ့အတွက် စားပေးသင့်တဲ့ ထိပ်ဆုံးအစားအစာတစ်ခုပါ။
  • ပန်းသီးကလည်း ကယ်လိုရီ အများကြီးမပါဘဲ အားရှိစေလို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။
  • ဘီစကစ်ထဲမှာဆို ခရင်မ်မပါတဲ့ cracker စားပေးလို့ရပါတယ်။
  • ထမင်းဆိုရင် ပန်းကန်လုံးတစ်ဝက်စားပေးလို့ရပါတယ်။
  • အုတ်ဂျုံပန်းကန်လုံးတစ်ဝက်ကလည်း ဝိတ်ချနေတဲ့သူတွေအတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။

စားရမယ့် အစားစာတွေ သိပြီးပြီဆိုတော့ ဘယ်အချိန်မှာစားထားရမှာလဲ ။ ။

လေ့ကျင့်ခန်းမလုပ်ခင် ၁ နာရီ( ဒါမှမဟုတ်) နာရီဝက်လောက် အစာစားပေးတာက အသင့်တော်ဆုံးပါ။ ဒါမှ အစာအိမ်အတွက် အစာခြေဖို့ ၊စားလိုက်တဲ့ အစားအစာတွေက လောင်စာအဖြစ်ပြောင်းလဲသွားဖို့ အချိန်ရမှာ ဖြစ်ပါတယ်။

တစ်ခုမှတ်ထားရမှာက ပိန်ချင်လို့ဆိုပြီး ဘာမှ မစားထားဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေအတွက် လောင်စာမရှိသလိုဖြစ်သွားတတ်ပြီး ကိတ်ချင်လို့ဆိုပြီး အများကြီးစားရင်လည်း ရသင့်တဲ့ ရလဒ်အတိုင်း မထွက်တာက များပါတယ်။ ဒါ့ကြောင့် အစားမစားတာကလည်း မကောင်းသလို အများကြီးစားပြန်ရင်လည်း မသင့်တော်ပါဘူး။ ချိန်ဆပြီး အချိန်ကိုက်စားတတ်ဖို့က အရေးအကြီးဆုံးပါ ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.inkin.com/blog/en/The-Best-Pre-Workout-Foods

Accessed Date 3.6.2019

https://8fit.com/nutrition/when-and-what-to-eat-before-workout/

Accessed Date 3.6.2019

https://www.medicalnewstoday.com/articles/322963.php

Accessed Date 3.6.2019

 

ယခုပုံစံ

21/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ

ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement