အီစတိုဂျင် ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းတွေဖြစ်တဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့သားဆက်ခြားနည်းတွေကို ရွေးသုံးပါ။
( ၃ ) ဟော်မုန်း အစားထိုးကုသခြင်း ( Hormone Replacement Therapy)
တစ်ချို့သွေးဆုံးသွားပြီးနောက်ပိုင်း သွေးဆုံးချိန် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေဖို့ ဟော်မုန်းအစားထိုးကုသခြင်းကို ခံယူနေတဲ့ အမျိုးသမီးကြီးတွေရှိပါတယ်။ ဟော်မုန်းအစားထိုးဆိုတော့ အီစတိုဂျင်ရော ပရိုဂျက်စတုန်းရော ၂ မျိုးလုံး ပါမှာ ဖြစ်တာကြောင့် DVT ဖြစ်နိုင်ချေ များပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ အဝလွန်နေတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အမျိုးသမီးတွေ ၊နှလုံးရောဂါ ရှိတဲ့အမျိုးသမီးတွေနဲ့ အရိုးကျိုးနေတဲ့ အမျိုးသမီးတွေက ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ ဒီတော့ ဟော်မုန်းအစားထိုးကုသခြင်းကြောင့် ရလာမယ့် ကောင်ကျိုး ဆိုးကျိုးတွေကို သေချာ ချိန်ဆပြီးတော့မှ ကုသသင့်မသင့် ဆရာဝန် နဲ့ တိုင်ပင်ဆုံး ဖြတ်ပါ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။