ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ ဘာကြောင့် ဒီလို ပြောရတာက ခွေးလေးတွေနဲ့ ပုံမှန် လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းတွေ တူတူလုပ်တာက ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ ပါပီလေးတွေကိုရော ကျန်းမာစေပါတယ်။ ဒါတင်မကပါဘူး။ ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရတာ၊ လေ့ကျင့်ခန်း လုပ်ရတာက စိတ်လှုပ်ရှားစရာ ကောင်းသလို တော်တော်လေးလည်း ပျော်ဖို့ ကောင်းပါတယ်။
ပါပီလေးတွေ ပိုင်ဆိုင်ထားသူတွေက အခြားသူတွေ မရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ရရှိကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အများစုက ပါပီလေးတွေရဲ့ ပိုင်ရှင်တွေပါ။ ပါပီလေးတွေရဲ့ ပိုင်ရှင်က ပေါင်းသင်းဆက်ဆံရေးတင် ကောင်းတာမဟုတ်ဘဲ သနားကြင်နာတတ်သလို ကူညီရိုင်းပင်းပြီး တက်ကြွလန်းဆန်းနေတတ် ကြပါသေးတယ်နော်။
ဒီ တစ်ခေါက်တော့ အချစ်တော် ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ
ကမ္ဘာပေါ်မှာရှိသမျှ သတ္တဝါတွေထဲမှာမှ လူသားတွေအပေါ် သစ္စာအရှိဆုံးနဲ့ အကာကွယ်ပေးဆုံး သတ္တဝါလေးတွေက ပါပီလေးတွေပါ။ များသောအားဖြင့် သခင်ကို ချွဲနွဲ့နေတတ်ပေမယ့် အရေးကြုံလာရင် ရှေ့ဆုံးကနေ ကာကွယ်ပေး တတ်ကြသူလေးတွေပါ။ ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ ဒီလို လမ်းလျှောက်ထွက်တဲ့အခါ
လေကောင်းလေသန့် ရတယ်
ပါပီလေးနဲ့ လမ်းလျှောက်ထွက်တာက သဘာဝ လေထုနဲ့ ထိတွေ့ခွင့်ရပြီး လေကောင်းလေသန့် ရရှိစေမယ့် အခွင့်အရေး တစ်ရပ်ပါ။ အဆုတ် ကျန်းမာစေသလို သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုးစေပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းစေမှာပါ။
ယုံကြည်ရတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်စေတယ်
ဒီလိုမျိုး ပါပီလေးတွေနဲ့ နေ့စဉ် လမ်းလျှောက်ထွက်တာက သူနဲ့ကိုယ့်ကြားမှာ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒါက လူသားအချင်းချင်းကြားမှာ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်စေဖို့ အုတ်မြစ်ချရာ ရောက်ပါတယ်။
ပါပီလေးကိုရော ကိုယ်တိုင်ပါ အပြုအမူပိုင်းဆိုင်ရာ တိုးတက်စေဖို့ သင်ယူနိုင်မယ့် အခွင့်အရေးကောင်း တစ်ရပ်ပါ။
[embed-health-tool-bmi]