ကျောက်ကပ်ဆိုတာ ကိုယ်တွင်းမှာ ရှိတဲ့ ပိုနေတဲ့ ရေတွေကို စွန့်ထုတ်ရတယ်၊ သောက်လိုက်တဲ့ ဆေးတွေကိုစစ်ထုတ်ရတယ်၊ ဓါတ်ဆားဓါတ်တွေ မျှတအောင် လုပ်ပေးရတဲ့ အရေးကြီးတဲ့အရာတစ်ခုဆိုတော့ ကျောက်ကပ်ကျန်းမာနေဖို့ အရေးကြီးတာပေါ့။ ဒါပေမယ့်လည်း ကိုယ်ရဲ့ စားသောက်နေထိုင်မှု တစ်ချို့၊ ရောဂါတစ်ချို့နဲ့ ဆေးတွေကြောင့် ကျောက်ကပ်လုံးဝပျက်စီးသွားတဲ့အခါ ကျောက်ကပ်လဲမလား ကျောက်ကပ် ဆေးမလားစတဲ့ ကုသမှု ၂ မျိုးထဲက တစ်ခုခုကို ရွေးမှရပါတော့မယ်။ ကျောက်ကပ်ပျက်စီးသွားရင် သက်တမ်းစေ့နေဖို့က မလွယ်တော့ဘူးလေ။
ဒီတော့ ကျောက်ကပ်အစားထို းရင်ကောင်းမလား။ ကျောက်ကပ်ဆေးရင်ကောင်းမလား။ ဘာရွေးကြမလဲ။
ကျောက်ကပ်ကလည်းပျက်စီးနေပြီ။ နောက်ဆုံးအဆင့်ကို ရောက်နေပြီဆိုရင် ေကျာက်ကပ်ဆေးမလား။ အစားထိုးမလား တစ်ခုခုတော့ ရွေးမှ ရတော့မှာပါ။ အဲဒီအခါကျ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ သူတွေအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ်။
ကျောက်ကပ်ဆေးတာနဲ့ ကျောက်ကပ်အစားထိုးတာ ဘာဟာကို ရွေးကြမလဲ။
ကျောက်ကပ်ဆေးခြင်း ။
ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ စွန့်ထုတ်ခြင်း လုပ်ငန်းကို ဆေးပညာ အကူအညီယူပြီးပြင်ပကလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဆေးပညာအရ ကျောက်ကပ်ဆေးတာကို Dialysis လို့ ခေါ်ပြီး
- Hemodialysis
- peritoneal dialysis
- Continuous renal replacement therapies ဆိုပြီး ေကျာက်ကပ်ဆေးနည်း ၃ မျိုးရှိပါတယ်။
ဒီ ၃မျိုးထဲကမှ ဘယ်တစ်ခုနဲ့ကိုယ်နဲ့ အဆင်ပြေမလဲဆိုတာကတော့ ဖြစ်နေတဲ့ကိုယ့် ကျန်းမာရေးအခြေအနေရယ်၊ ကုန်ကျစရိတ်ရယ် လူနာရဲ့ အသက်အရွယ်နဲ့ အခြား ရှိနေတဲ့ ရောဂါတွေအပေါ် မူတည်ပြီး ဆရာဝန်တွေနဲ့တိုင်ပင် ကာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၃ ခုထဲကမှ Hemodialysis လို့ခေါ်တဲ့နည်းက အသုံးအများဆုံး ဖြစ်ပါတယ်။
Hemodialysis ရဲ့ အဓိက ဇာတ်လိုက်ကတော့ (hemodialyzer) လို့ခေါ်တဲ့ စက်ပစ္စည်းလေးဖစ်ပြီး သူကနေ ကျောက်ကပ်အစား သွေးတွင်းက စွန့်ပစ်ပစ္စည်းတွေ၊ နဲ့ chemicals တွေကို စွန့်ထုတ်ပေးပါတယ်။ ဒီစက်လေးထဲ သွေးတွေရောက်ဖို့အတွက် ဆရာဝန်တွေက ပေါင်နဲ့ လက်က သွေးကြောတွေကို အသေးစားခွဲစိတ်မှု ( Fistula ) လုပ်ပြီး ကြားထဲက ပိုက်လေး( graft) ခံကာ စက်နဲ့ သွေးကြောတွေကို သွယ်ထားပေးပါတယ်။ တစ်ခါတစ်လေမှာတော့ Catheter လို့ခေါ်တဲ့ ပိုက်လေးသုံးပြီးလည်ပင်းသွေးကြောဆီက သွေးတွေကို ယူလေ့ရှိပါတယ်။
ကျောက်ကပ်ဆေးတယ်ဆိုတာ ပျက်စီးနေတဲ့ကျောက်ကပ်ပြန်ကောင်းလာအောင် ကုသပေးတဲ့ ဆေးနည်းမဟုတ်ပါဘူး။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ တစ်ခုဖြစ်တဲ့ အညစ်အကြေးတွေစွန့်ထုတ်ခြင်း လုပ်ငန်းကို ကူညီလုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ခါတည်းနဲ့ ပြီးပြတ်သွားမှာတော့မဟုတ်ပါဘူး။ ထပ်ခါထပ်ခါ ပြန်ပြန်ပြီး ဆေးပေးနေရမှာဖြစ်ပါတယ်။ နောက်ပြီး ေကျာက်ကပ်တစ်ခါဆေးတိုင်း သွေးကြောတွေကို အပ်နဲ့ ဖောက် ပိုက်နဲ့သွယ်ရမှာဖြစ်တာကြောင့် နာကျင့်မှုဝေဒနာကိုပါ ခံစားဦးမှာပါ။
ကျောက်ကပ်အစားထိုးခြင်း
ကျောက်ကပ်ပျက်စီးနေတဲ့ လူနာတွေအဖို့တော့ ကျောက်ကပ်အစားထိုးကုသတဲ့ ကုသနည်းဟာ အထိရောက်ဆုံးဖြစ်တဲ့ ကုသနည်းတစ်ခုဖြစ်ပြီး အလှူရှင်နဲ့ လက်ခံသူ ေသွးအမျိုးအစားလည်းတူ တစ်ရှူးလည်းတူရင် ၉၀ ရာခိုင်နှုန်းတောင်အောင်မြင်တဲ့ ခွဲစိတ်မှု ကြီးတစ်ခုပါ။ ကျောက်ကပ်ဆိုတာ တစ်ခုတည်းရှိရင်တောင် သူ့လုပ်ငန်းတာဝန်တွေကို ၁၀၀ ရာခိုင်နှုန်းလုပ်နိုင်တဲ့အတွက် ပျက်စီးနေတဲ့ကျောက်ကပ်တွေနေရာမှာ ကျောက်ကပ် အကောင်းလေးတစ်ခုရောက်ရင် ဖြစ်နေတဲ့ ကျောက်ကပ်ြပဿနာတွေ အားလုံးပြေလည်သွားမှာဖြစ်တဲ့အပြင် အလှူရှင်တွေအတွက်လည်း ထိခိုက်သွားတာ မျိုးတွေ မရှိတာကြောင့် ခုနောက်ပိုင်း ကျောက်ကပ်အစားထိုးတဲ့ ကုသနည်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။
ဒါပေမယ့် ကျောက်ကပ်အစားထိုးတယ်ဆိုတာ ကိုယ်နဲ့ ကိုက်ညီတဲ့ အလှူရှင်ရှိမှ အစားထိုး ခွဲစိတ်လို့ ရမှာ ဖြစ်သလို ခွဲစိတ်မှု ကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ဒဏ်တွေကိုလည်း ခံနိုင်ရှိတဲ့ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်ဖြစ်နေဖို့လိုပါသေးတယ်။ နောက်ပြီး ကိုက်ညီတဲ့ အလှူရှင်တွေ့ဖို့ကို အချိန်ကာလတစ်ခုစောင့်ဆိုင်းရပါဦးမယ်။ အလှူရှင်နဲ့ လက်ခံသူ မကိုက်ညီတဲ့အခါ အစားထိုးလိုက်တဲ့ ကျောက်ကပ်လေးကို လက်ခံသူရဲ့ ခုခံအားကို တိုက်ခိုက်မှာဖြစ်တာကြောင့် မအောင်မြင်ဖို့ ရာခိုင်နှုန်းများသွားတတ်ပါတယ်။ သွေးအမျိုးစားနဲ့ တစ်ရှူးအမျိုးအစား မကိုက်ညီတဲ့ကျောက်ကပ်အစားထိုးခြင်းကို မဖြစ်မနေ အရေးကြီးတော့မှ လုပ်ဆောင်ကြတာဖြစ်ပြီး ခုနောက်ပိုင်းမှာဆို တိုးတက်လာတဲ့ ဆေးပညာကြောင့် မကိုက်ညီလည်း အစားထိုးတဲ့ ခွဲစိတ်မှု တွေ ပြုလုပ်လို့ရနေပါပြီ။
ဒီတော့ ကျောက်ကပ်ပြဿာနရှိတဲ့သူတွေအနေနဲ့ ကျောက်ကပ်အစားထိုးမလား ကျောက်ကပ်ဆေးမလား စတာတွေကို အပေါ်မှာ ပြောထားတဲ့ အချက်တွေကို ကြည့်ပြီးေ ရွးချယ်ရမှာဖြစ်ပါတယ်။
အရှင်းဆုံး ပြောရမယ်ဆိုရင်တော့ ကျောက်ကပ်အစားထိုးခြင်းဟာ ပျက်စီးနေတဲ့ ကျောက်ကပ်အတွက် အထိရောက်ဆုံး ကုသမှု ဖြစ်တာ မှန်ပေမယ့် မကိုက်ညီတာတွေ၊ အလှူရှင်ကို စောင့်နေရတာတွေရှိတာကြောင့် ကြားထဲက အချိန်ကာလမှာ ကျောက်ကပ်ဆေးပြီး စောင့်နေလိုက်ပါ။
အသက်ကလည်းကြီးနေပြီ၊ ခွဲစိတ်မှု ဒဏ်မခံနိုင်တဲ့ ကျန်းမာရေး အခြေအနေကလည်း ရှိနေတယ်၊ အလှူရှင်လည်း မတွေ့ဘူးဆိုရင်တော့ ကျောက်ကပ်ပဲ ဆေးတာ အကောင်းဆုံးပါ။
လှူမယ့်သူကလည်း အဆင်သင့်ရှိတယ် ကိုက်ညီမှုလည်းရှိတယ် ကျောက်ကပ်ခဏခဏဆေးရမယ့် ဒဏ်ကိုလည်း မခံချင်ဘူးဆိုရင်တော့ ကျောက်ကပ်အစားထိုးလိုက်တာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်မှာပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]