backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kidney Transplant (ကျောက်ကပ်အစားထိုးခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ကျောက်ကပ်အစားထိုးခြင်း ဆိုတာ ဘာလဲ

ကျောက်ကပ်အစားထိုးခြင်းဆိုတာ အသက်ရှင်နေတဲ့အလှူရှင်ဆီကဖြစ်စေ၊ သေဆုံးပြီး အလှူရှင်ဆီကဖြစ်စေ ကောင်းမွန်တဲ့ ကျောက်ကပ်ကို ထုတ်ယူပြီး လူနာရဲ့ ပျက်စီးနေတဲ့ ကျောက်ကပ်နဲ့ အစားထိုးခြင်း ဖြစ်ပါတယ်။

  • အသက်ရှင်သော အလှူရှင်။ မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ စိတ်ပါသူ မည်သူမဆို ကျောက်ကပ်လှူဒါန်း နိုင်ပါတယ်။
  • သေဆုံးပြီးအလှူရှင်။ မကြာသေးမီက သေဆုံးပြီး နာတာရှည်ကျောက်ကပ်ရောဂါ မရှိသူ ဖြစ်၇ပါမယ်။

ကျောက်ကပ်အစားထိုးခြင်း ဘယ်လောက်ထိ လုပ်ကြသလဲ

ဆိုးရွားတဲ့ ကျန်းမာရေးပြသနာဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ခြေ အန္တရာယ်တွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ပိုပြီးသိချင်တာတွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်နိုင်ပါတယ်။

လက္ခဏာများကို သိရှိခြင်း ။

ကျောက်ကပ်ပျက်စီးခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ

ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာတွေ အများကြီး ရှိပါတယ်။ တခါတရံမှာ လက္ခဏာ မပြတတ်ပေမယ့် ကျောက်ကပ်ပျက်စီးသူတွေဟာ များသောအားဖြင့် ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့

  • ဆီးသွားသည့် ပမာဏနည်းသွားခြင်း
  • ခြေထောက်၊ ခြေကျင်းဝတ်နဲ့ ခြေဖမိုးများမှာ အရည်များစုပြီး ဖောရောင်လာခြင်း
  • အကြောင်းရင်းမသိဘဲ အသက်ရှူရခက်ခြင်း
  • အလွန်အမင်း အိပ်ငိုက်ခြင်း၊ ပင်ပန်းခြင်း
  • ကြာရှည်စွာ ပျို့အန်ခြင်း
  • ရှုပ်ထွေးခြင်း
  • ရင်ဘတ်တွင် နာကျင်ခြင်း၊ ဖိအားဖြစ်ပေါ်ခြင်း
  • တက်ခြင်း

အထက်ပါစာရင်းတွေမှာ မပါသေးတဲ့ လက္ခဏာတွေ ရှိနိုင်ပါသေးတယ်။ လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆရာဝန်ဘယ်အချိန်မှာ ပြသင့်လဲ

အောက်ပါကိစ္စမျိုးတွေကြုံရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဖော်ပြပြီးခဲ့တဲ့ လက္ခဏာတွေကြုံတွေ့ရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ လူတိုင်းရဲ့ တုံ့ပြန်ချက်ကတော့ မတူပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

ဘယ်အရာတွေက ကျောက်ကပ်အစားထိုးခြင်းကို ဖြစ်စေသလဲ

ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ ပိုနေတဲ့ အညစ်အကြေးတွေ၊ ဓါတ်ဆားနဲ့ အရည်တွေကို သွေးကတဆင့် စစ်ထုတ်ပြီး ဆီးအနေနဲ့ စွန့်ပစ်ဖို့ ဖြစ်ပါတယ်။ ကျောက်ကပ်ဟာ စစ်ထုတ်နိုင်မှု မရှိတဲ့အခါ စွန့်ပစ်ပစ္စည်းများဟာ အန္တရာယ်ရှိတဲ့ အနေအထားကို မြင့်တက်လာနိုင်ပါတယ်။ သွေးပေါင်ချိန်မြင့်တက်ပြီး ကျောက်ကပ်ပျက်စီးလာနိုင်ပါတယ်။ ပုံမှန်စစ်ထုတ်နိုင်တဲ့ စွမ်းရည်ရဲ့ ၉၀% ဆုံးရှုံးတဲ့အခါ နောက်ဆုံးအဆင့် ပျက်စီးခြင်းကို ရောက်သွားနိုင်ပါတယ်။ စစ်ထုတ်နှုန်း ကျဆင်းပြီး နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပေါ်လာခြင်းကို ကုသဖို့ ကျောက်ကပ်အစားထိုး ကုသနိုင်ပါတယ်။ ဒီနည်းနဲ့ နေကောင်းပြီး အသက်ရှည်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတွေကတော့

  • ဆီးချိုရောဂါရှိခြင်း
  • သွေးပေါင်ချိန်မထိန်းနိုင်ခြင်း
  • နာတာရှည်ကျောက်ကပ်ရောင်ခြင်း (ကျောက်ကပ်အတွင်းက အနည်စစ်တဲ့ နေရာလေးတွေရောင်ရမ်းပြီး အမာရွတ် ဖြစ်လာပါတယ်)
  • ကျောက်ကပ်အရည်အိတ်တည်ခြင်း စတာတေါ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့် ပျက်စီးမှုရှိတဲ့ လူနာတွေဟာ သူတို့သွေးတွင်းက အညစ်အကြေးတွေကို စက်အကူအညီနဲ့ စွန့်ထုတ်ဖို့ လိုပါတယ်။

ဖြစ်နိုင်ခြေ အန္တရာယ်များ

ကျောက်ကပ်လဲလှယ်ခြင်းရဲ့ နောက်ဆက်တွဲ ပြသနာတွေက ဘာတွေလဲ

ကျောက်ကပ်လဲခြင်းဟာ ဆိုးရွားလှတဲ့ ကျောက်ကပ်ရောဂါတွေကို ကုသဖို့ လုပ်ဆောင်ပေမယ့် လုံးဝပျောက်ကင်းဖို့တော့ မသေချာပါဘူး။ အောက်ပါ ဖြစ်နိုင်ခြေ အန္တရာယ်တွေ တွေ့နိုင်ပါတယ်။

  • သွေးခဲခြင်း
  • နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း
  • ရောဂါပိုးဝင်ခြင်း
  • လဲလှယ်သည့် ကျောက်ကပ်ကို လက်မခံနိုင်ခြင်းမှ ကာကွယ်ရန်သုံးစွဲသည့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ ကြုံရခြင်း (ဝက်ခြံထွက်ခြင်း၊ အရိုးပါးခြင်း၊ အရိုးထိခိုက်ခြင်း၊ ဆီးချိုဖြစ်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရော တက်ခြင်း၊ ကင်ဆာဖြစ်နိုင်ခြေမြင့်တက်ခြင်း)
  • ကျောက်ကပ်အသစ်အလုပ်မလုပ်ခြင်း
  • ကျောက်ကပ်ကို လက်မခံနိုင်ခြင်း

ရောဂါရှာဖွေခြင်း

ယခုဖော်ပြချက်များဟာ နညးလည်တတ်ကျွမ်းသူများရဲ့ ဆေးပညာအကြံဉာဏ်များနေရာမှာ အစားထိုးဖို့ မဟုတ်ပါဘူး။ အချက်အလက်တွေ ပိုပြီးသိလိုရင် ဆရာဝန်နဲ့ အမြဲတိုင်ပင်ပါ။

ကျောက်ကပ်လဲဖို့ ရောဂါဘယ်လိုရှာဖွေသလဲ

ကျောက်ကပ်လဲမယ့် ကုသရေးအဖွဲ့ဟာ အောက်ပါအချက်တွေကို ဆန်းစစ်ပါလိမ့်မယ်။

  • ကျန်းမာရေးအခြေအနေဟာ ခွဲစိတ်မှုအတွက် သင့်တော်ပြီး ကျောက်ကပ်လဲလှယ်ပြီးချိန် သောက်သုံးရမယ့် ဆေးဝါးတွေကို အမြဲသောက်သုံးသွားဖို့ ခံနိုင်ရည် ရှိမရှိ။
  • အစားထိုးကုသမှုကို အနှောင့်အယှက်ပေးနိုင်မယ့် ကျန်းမာရေး အခြေအနေ ရှိမရှိ
  • အစားထိုးကုသမယ့် အဖွဲ့ရဲ့ ညွှန်ကြားချက်၊ အကြံပြုချက်တွေကို လိုက်နာနိုင်ခြင်း ရှိမရှိ စတာတွေ ဖြစ်ပါတယ်။

အကဲဖြတ်တဲ့အဆင့်ဟာ ရက်ပေါင်းများစွာ ကြာတတ်ပြီး အောက်ပါအချက်တွေ ပါဝင်ပါတယ်။

  • ပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု
  • ပုံရိပ်ဖော် စစ်ဆေးမှုများ (ဓါတ်မှန်၊ MRI, CT Scan)
  • EKG အပါအဝင် နှလုံးပိုင်းဆိုင်ရာ စစ်ဆေးမှုများ
  • စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု
  • သွေးစစ်ဆေးမှုများ
  • အသားစ အမျိုးအစားခွဲခြင်း
  • သွေးအမျိုးအစားခွဲခြင်း
  • တွဲဖက်စစ်ဆေးခြင်း

အကဲဖြတ်မှုများပြီးနောက်မှာ အစားထိုးကုသမယ့်အဖွဲ့ဟာ ရလာဒ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပါလိမ့်မယ်။ ခွဲစိတ်မှု ပြုမပြု ဆွေးနွေးပါလိမ့်မယ်။ အစားထိုးကုသတဲ့ ဌာနတွေဟာ ကိုယ်ပိုင်စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ဌာနတခုက လက်မခံရင် တခြားကို ပြောင်းလဲပြီး လျှောက်နိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း

ကျောက်ကပ်အစားထိုးမှု ဘယ်လိုလုပ်သလဲ

ပျက်စီးနေတဲ့ ကျောက်ကပ်နှစ်ခုစလုံးအတွက် အသက်ရှင်တဲ့ လှူဒါန်းသူဆီက အသစ်တခုကိုပဲ အစားထိုးလို့ ရပါတယ်။ အသက်ရှင် လှူဒါန်းသူဆီက ကျောက်ကပ်ဟာ တိုက်ဆိုင်မှုမရှိရင် သေဆုံးသူ လူနာဆီက လက်ခံနိုင်ဖို့ စာရင်းသွင်းပေးပါလိမ့်မယ်။ ကျောက်ကပ်အသစ်ကို စောင့်ဆိုင်းနေစဉ်မှာ ကျန်းမာအောင် နေထိုင်ရပါမယ်။ တတ်ျွှိုင်သလောက် ကျန်းမာရေးကို ဂရုစိုက်ခြင်းအားဖြင့် ခွဲစိတ်ကုသဖို့ အဆင်သင့်ဖြစ်နေစေပါတယ်။ ခွဲစိတ်ပြီးချိန်မှာလည်း နေမြန်မြန်ပြန်ကောင်းလာနိုင်ပါတယ်။ အောက်ပါအချက်တွေ လိုက်နာပါ။

– ဆေးကို ညွှန်ကြားတဲ့အတိုင်းသောက်ပါ

– စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းကို ညွှန်ကြားတဲ့ပုံစံအတိုင်း လိုက်နာပါ

– ချိန်းဆိုသည့်အချိန်တိုင်း ပြသပါ။

– ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှုတွေ (အနားယူခြင်း၊ မိသားစု မိတ်ဆွေများနှင့် အချိန်ပေးခြင်း) စတာတွေမှာ ပါဝင်ပါ။

ခွဲစိတ်ကုသချိန်မှာ မေ့ဆေးပေးပြီး လုပ်ဆောင်ပါလိမ့်မယ်။ ခွစြိတ်တဲ့အဖွဲ့ဟာ သင့်ရဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အောက်ဆီဂျင်ရရှိနှုန်းတွေကို တောက်လျှောက် စောင့်ကြည့်နေပါလိမ့်မယ်။

ခွဲပြီးတဲ့အခါ ဆေးရုံမှာ တပတ်လောက်တော့ နေရပါလိမ့်မယ်။ ကျောက်ကပ်လဲလှယ်ပြီးချိန်မှာ ဆေးအများအပြားကို ရေရှည်စွဲသောက်သွားရပါမယ်။ ဆေးရုံက ဆင်းပြီးချိန်မှာလည်း ရက်သတ္တပတ် အနည်းငယ်အထိ အနီးကပ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ သွေးစစ်ဆေးမှု အများအပြား လုပ်ရပါမယ်။ ဆေးတွေ ချိန်ညှိရပါမယ်။ အဲဒီကာလ အတောအတွင်းမှာ အစားထိုးခွဲစိတ်ခဲ့တဲ့ဌာနနဲ့ နီးတဲ့နေရာမှာ နေထိုင်ဖို့ လိုအပ်ပါတယ်။

ကျောက်ကပ်ပျက်စီးသူအချို့မှာ ကျောက်ကပ်အစားထိုး လဲလှယ်ခြင်းဟာ စက်နဲ့သွေးလဲလှယ်ခြင်းထက် အန္တရာယ်ပိုများပါတယ်။ ကျောက်ကပ်လဲလှယ်ခြင်း အတွက် အဟန့်အတားဖြစ်စေတဲ့ အချက်တွေကတော့

– အသက်ကြီးခြင်း

– ဆိုးရွားသော နှလုံးရောဂါရှိခြင်း

– ကင်ဆာရှိနေခြင်း၊ မကြာသေးခင်က ကင်ဆာကုသထားခြင်း

– စိတ်ကျန်းမာရေးမကောင်းခြင်း

– မေ့လျော့တတ်ခြင်း

– အရက်၊ တားမြစ်ဆေးသုံးခြင်း

– အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်မည့် ခွဲစိတ်မှုနှင့် သောက်သု့းမည့်ဆေးဝါးများကို အဟန့်အတားဖြစ်စေသည့် အချက်များ

နေထိုင်မှုပုံစံနှင့် အိမ်တွင်းဆေးဝါးကုထုံးများ

အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်

– အစားထိုးကုသသည့်အဖွဲ့မှ ထောက်ခံသည့် စားသောက်မှုပုံစံကို လိုက်နာခြင်း

– အရက်ရှောင်ခြင်း

– ဆေးလိပ်ရှောင်ခြင်း

– သင့်တော်သည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း၊ လေ့ကျင့်မှု အစီအစဉ်ကို လိုက်နာခြင်း စတာတွေ ဖြစ်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement