backup og meta

ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေ စားပေးဖို့လိုပါတယ်။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေ စားပေးဖို့လိုပါတယ်။

    ခုလိုမိုးရာသီဆိုတာ တုပ်ကွေးပေါင်းစုံ ထကြွသောင်းကျန်းတဲ့ ရာသီတစ်ခုပါ။ ေသွးလွန်တုပ်ကွေး ၊ ရာသီတုပ်ကွေး ၊ ဆင်တုပ်ကွေးစတဲ့ အားလုံးသိကြတဲ့ တုပ်ကွေးတွေ စုပြီးဖြစ်ကြတဲ့ ရာသီတစ်ခုပေါ့။ နှစ်တိုင်း နှစ်တိုင်း သူတို့တွေက အလှည့်ကျနာမည်ကြီးကြပါတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးနေတာကတော့ ဆင်တုပ်ကွေးပေါ့ ။ ြခင်ကိုက်တာကနေ ကူးစက်လာတဲ့ ဆင်တုပ်ကွေးက ခုနောက်ပိုင်း ဖြစ်တဲ့သူတွေ များနေတော့ ဆင်တုပ်ကွေးဖြစ်နေတဲ့အချိန် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာ အရေးကြီးလာပြီပေါ့။ တုပ်ကွေးဆိုတာ ကိုယ်ခံအားတိုက်မှ ပျောက်တဲ့အရာဆိုတော့ တုပ်ကွေးဖြစ်နေချိန် ကိုယ်ခံအားကို ဖြည့်ပေးမယ့် အစားအစာက အရေးကြီးလာပြီလေ။

    ဆင်တုပ်ကွေးဆိုတာ ဘာလဲ ။ ။

    ဆင်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာဖြစ်ပြီး ရာသီတုပ်ကွေးလိုမျိုး နှာစေချောင်းဆိုးတဲ့လူကနေ ကူးစက်တာမဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးလိုမျိုး ခြင်ကိုက်ရာကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အဖျားကြီးပြီး ချမ်းတုန်တာ အပြင် ကိုယ်လက် ကိုက်ခဲ နာကျင်ပြီး ခြေထောက် ဖောရောင်တာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဖြစ်လာတဲ့အခါကျရင် ကာကွယ်ဖို့ထက် ပျောက်ဖို့ကို ပိုအာရုံစိုက်သ့င်တာကြောင့် ခုခံအားြပန်အားရှိအောင် ဒါတွေစားပေးဖို့လိုပါတယ်။

    ဆင်တုပ်ကွေးဖြစ်နေချိန် ဒါတွေစားပေးပါ။

    ( ၁ ) အုန်းရည်

    ဖျားရင် ကိုယ်အပူချိန်များနေရင် အုန်းစိမ်းရည်သောက်ပေးလို့ရတယ်ဆိုတာ အားလုံသိကြမှာပါ။ ဒါေ့ကြာင့် အဖျားကြီးနေတဲ့ ဆင်တုပ်ကွေးသမားတွေ ပိုလို့တောင်သောက်ပေးလို့ရတယ်နော်။ ကိုယ်ခန္ဓါက အဆိပ်အတောက်တွေကိုစွန့်ထုတ်ပေးရုံသာမက ရေဓါတ်ပါ ဖြည့်ပေးဦးမှာနော် ။ ။

    ( ၂ ) အစိမ်းရောင်အသီးအရွက်တွေ ။

    အစိမ်းရောင် အသီးအရွက်တွေဟာ ဗီတာမင် အပြည့်ပါလို့ ခုခံအားကို တက်စေမယ့်အပြင် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်းလေးတွေက ကိုယ်တွင်းက ရောင်ရမ်းခြင်းတွေကို လျှော့ချပေးတာကြောင့် ကိုက်ခဲနေတဲ့ အဆစ်အမြစ်တွေအတွက် အကောင်းဆုံး ဖြစ်မှာပါ။

    ( ၃ ) ပဲ အမျိုးမျိုး။

    တုပ်ကွေးမိပြီး အဖျားကြီးနေတဲ့အချိန် အစာအိမ်အားနည်းနေတာကြောင့် ပျို့ချင်အန်ချင်လူတိုင်း ဖြစ်ကြမှာပါ။ ဒါပေမယ့် အန်ချင်လို့ဆိုပြီး ဘာမှ မစားဘဲ နေလို့မရဘူးလေ။ အားရှိအောင် အစားအစားမှ ဖြစ်မှာဆိုတော့ အစာခြေရခက်တဲ့ အသားတွေစားမယ့်အစား အစာခြေရလွယ်တဲ့ ပဲတွေစားပေးပါ။ ပရိုတင်းဓါတ်လည်းရ အမျှင်ဓါတ်လည်း ကြွယ်ဝတော့ ဝမ်းချုပ်တဲ့ ပြဿနာတွေလည်းရှင်းသွားတာပေါ့။

    ( ၄ ) စွပ်ပြုတ်ရည်။

    စွပ်ြ့ပုတ်ရည် ပူပူလေးတစ်ခွက်က မိုးရာသီနဲ့လိုက်ဖက်လွန်းတဲ့အပြင် နေမကောင်းဖြစ်နေတဲ့သူတိုင်း အားထားရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကိုယ်အရမ်းပူပြီးဖျားနေတဲ့အချိန်ဆိုရင် အသားပြုတ်ရည်တွေကို အစား အစာခြေရလွယ်တဲ့ အသီးအရွက်ပြုတ်လေးတွေ စာပေးလို့ရပါတယ်။ မုန်လာဥနီတို့ ခရမ်းချဉ်သီး ပြုတ်ရည်တို့လိုပေါ.။ နောက်ပိုင်းမှ ပြန်ပြီးအားရှိအောင် ကြက်သားစွတ်ပြုတ်ရည်လေးတွေ သောက်ပေးပါ။

    ( ၅ ) ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေ ။

    ဗီတာမင် C က ခုခံအားအတွက် အရေးအကြီးဆုံး ဗီတာမင် တစ်ခုဆိုတော့ ဆင်တုပ်ကွေးကို တိုက်နေရတဲ့ ခုခံအားစနစ်အတွက် မရှိမဖြစ် အရေးကြီးတဲ့ ဗီတာမင် တစ်ခုပါ။ ဒီတော့ ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်တဲ့ သံပရာသီး၊ လိမ္မော်သီး၊ ကီဝီသီးတို့ကို စားပေးပါ။ ခံတွင်းလေးလည်းရှင်းသွားတာပေါ့။ နောက်ပြီး အသီးအနှံတွေမှာပါတဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြောင့်

    ဒါတွေကတော့ ဆင်တုပ်ကွေး သမားတွေ အလေးထားစားသင့်တဲ့အစားအစာတွေဖြစ်ပါ။ ကိုယ်က တုပ်ကွေးမိနေတော့ ကိုယ်ခံးအားကောင်းအောင် ဂရုစိုက်ရမှာ ဖြစ်တဲ့အပြင် အိပ်ရေးဝဝ အိပ်ပေးဖို့ကလည်း အရေးကြီးတဲ့ အရာတစ်ခုပါ။ နောက်ထပ်အရေးကြီးဆုံးအရာတစ်ခုကတော့ ကိုယ့်ဆီက အဖျား သူများဆီ မရောက်ဖို့ရယ် ကိုယ့်ဆီ နောက်ထပ် အခြားရောဂါတွေ ဝင်မလာဖို့ရယ် အတွက် ခြင်ကိုက်မခံရအောင် ကာကွယ်ထားတာ အ ကောင်းဆုံးပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement