backup og meta

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။  ။

    ဆံပင် တစ်ခါ ညှပ်ပြီးရင် နောင်တတွေ ဗရပွနဲ့ မညှပ်လိုက်မိရင်ကောင်းသား။ အရင်တုန်းက ဆံပင် အရှည်လေးကို ပြန်လိုချင်လိုက်တာဆိုပြီး ဆံပင်ညှပ်ပြီးနောက်ပိုင်း ၁ လလောက်အထိ နေ့တိုင်း အဲဒီ အကြောင်းတွေ ချည်းပဲ ခေါင်းထဲမှာရှိနေတတ်တာ တို့ မိန်းကလေးတိုင်းပါ ။ ခုဆောင်းပါးလေးထဲမှာ ညှပ်လိုက်လို့ တိုသွားတဲ့ ဆံပင်တွေကြောင့် သောက ရောက်နေတဲ့ ပျိုမေတို့အတွက် ဆံပင် အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် တွေ အကြောင်း ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။

    ဆံပင်အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်များ ။ ။

    ဗီတာမင် A – ကိုယ်ခန္ဓါက ဆဲလ်တွေအားလုံး ကြီးထွားဖို့အတွက် ဗီတာမင် A ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် A ရဲ့ အရေပြားကို စိုြေ ပစေတဲ့ အာနိသင်ကြောင့် ဦးရေပြားရော သင့်ဆံသားကိုရော စိုပြေတောင်ပြောင်စေမှာ အသေအချာပါ။

    ဗီတာမင် A ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကန်စွန်းဥ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ်၊ ကိုက်လန် ၊ ဥ အမျိုး မျိုး၊ အသည်း ၊ နဲ့ နို့ထွက် ပစ္စည်းတို့ဖြစ်ပါတယ်။

    ဗီတာမင် B – Biotin လို့ခေါ်တဲ့ ဗီတာမင် B အမျိုးအစားတစ်ခုဟာ ဆံပင် အရှည်မြန်စေဖို့အတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဖြစ် ပါတယ်။ ဒါကြောင့် ဆံပင် ကျွတ်တဲ့သူတွေ ကိုကုသတဲ့နေရာမှာ biotin သုံးကြတာပါ။

    ဗီတာမင် B ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဗန်ဒါစေ့၊ ပင်လယ်စာ၊ အသားအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်ပါတယ်။

    ဗီတာမင် CCollagen ထုတ်တဲ့နေရာမှာ အများကြီး ကူညီပေးတဲ့ ဒီ ဗီတာမင် C လေးဟာ အသားအရေ အိုမင်းရင့်ရော်တာအပြင် ဆံ သားတွေ ကျွတ်တာ၊ ဆံသားအသက်ကြီးတာကိုပါ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆံပင်ရှည်ဖို့အတွက် အဓိက လိုအပ် တဲ့ သံဓါတ်စုပ်ယူမှု ကိုလည်း အားကောင်းစေပါတယ်။

    ချဉ်တဲ့ အသီးအနှံတွေ အားလုံးဟာ ဗီတာမင် C ကြွယ်ဝပါတယ်။

    ဗီတာမင် D – ဗီတာမင် D ဟာ ဆံပင် အမြစ်အိတ် ကို သန်စွမ်းစေလို့ ဆံပင်တွေတော်ရုံဆို မကျွတ်တော့ပါဘူး။ ဒီတော့ ဆံပင်တွေ အရှ ည်မြန်တာပေါ့။ ပြောင်းပြန်အနေနဲ့ကတော့ ဗီတာမင် D ချို့တဲ့တဲ့သူတွေဟာ ဆံပင်ကျွတ်လွယ်တတ်ကြပါတယ်။

    ဗီတာမင် D ကိုလိုချင်ရင်တော့ မနက်ပိုင်း ၇ နာရီကနေ ၁၀ နာရီအတွင်းက နေရောင်ခြည်ကို ခံပေးဖို့ပဲလိုတာပါ။

    ဗီတာမင် Eဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝတာပြီး စိတ်ဖိစီးမှု ကြောင့် ဖြစ်လာတဲ့ ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စ ည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးပါတယ်။ ဒီအာနိသင်ဟာ ဆံသားအပေါ်ကိုလည်း သက်ရောက်တာကြောင့် ဆံပင်တွေ လွယ်လွယ်မကျွတ်တော့ဘဲ အရှည်လည်းမြန်လာစေပါတယ်။ ဒါကြောင့် ဆံပင်ကိုလိမ်းဖို့အတွက် ထုတ်ထားတဲ့ ခေါင်းလိ မ်းဆီတွေက ဗီတာမင် E ကို အဓိကထား ထုတ်ထားတာပါ။

    ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစေ့အဆံ တွေ၊ နေကြာစေ့နဲ့ ေထာပတ်သီးတို့ပဲဖြစ်ပါတယ်။

    ဒါတွေကတော့ ဆံပင်တိုသွားလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် ဆံပင်မြန်မြန်ရှည်လာစေဖို့ လိုအပ်တဲ့ ဗီတာမင် ၅ မျိုးအကြောင်းပဲဖြစ်ပါတယ်။ မြန်မြန် ဆံပင်ရှည်ချင်နေတဲ့သူတွေ ဒါလေးတွေ သိထားဖို့ လိုအပ်တယ်နော် ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement