backup og meta

ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။ ဘယ်လိုအာနိသင်တွေရှိလဲ။

ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။ ဘယ်လိုအာနိသင်တွေရှိလဲ။

ကြွက်သားတက်ချင်ရင် ပရိုတင်း shake တွေသောက်၊ ဝိတ်မြန်မြန်ကျဖို့ အဆီတွေ များများလောင်ကျွမ်းဖို့ ပရိုတင်း မှုန့်တွေ၊ ပရိုတင်း shake တွေက ကူညီနိုင်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ။ ဒါက မှန်သင့်သလောက်လည်းမှန်ပါတယ်။ ကိုယ်ခန္ဓာအချိုးအစားကျအောင် တည်ဆောက်နေတဲ့ သူတိုင်းအတွက် ပရိုတင်း shake က အရေးပါတဲ့အပြင် သူ့မှာ အခြား ကျန်းမာရေး အာနိသင်တွေ လည်း အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။

ပရိုတင်း shake ရဲ့ အာနိသင်များ

( ၁ ) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

ပရိုတင်းမှုန့်မပြောနဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတွေ ပဲတွေ စားပြီးရင် တစ်ချိန်လုံး အဆာခံတာကြောင့် ပရိုတင်းမှုန့်တွေက ဝိတ်ချတဲ့သူတွေကြား နာမည်ကြီးနေရခြင်းပါ။ နောက်ပြီး ပရိုတင်းဆိုတာ ကြွက်သားတစ်ခု တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဝိတ်တက်ပြီး ဗလတောင့်ချင်တဲ့သူတွေအတွက်လည်း သူက အားကိုးလို့ရတဲ့ အရာတစ်ခုပါ။ ဒီတော့ လှပပြီး အချိုးကျတဲ့ ကိုယ်ခန္ဓာတစ်ခုကို ပရိုတင်းက ယူဆောင်ပေးနိုင်တယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး။

( ၂ ) ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။

ဗလတောင့်ပြီး ကိတ်နေတဲ့ ကိုကို၊ မမတိုင်း ပရိုတင်းဖျော်ရည်နဲ့ ကင်းတာ ရှားပါတယ်။ ပရိုတင်းရဲ့ အဓိက တာဝန်က ကြွက်သားတည်ဆောက်မှု အပိုင်း ဖြစ်နေတာကြောင့် gym သွား ဝိတ်မပြီး လေ့ကျင့်ခန်းလုပ်နေသူတိုင်း ပရိုတင်း shakeတွေကို သောက်လေ့ရှိကြပါတယ်။

တကယ်လည်း ပရိုတင်းမှုန့်တွေက ကြွက်သားတည်ဆောက်မှုကို အားပေးတယ်ဆိုတာကို တစ်ညီတစ်ညွတ်တည်း လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို ကြွက်သားတွေ တည်ဆောက်ပေးတဲ့ အာနိသင်ဟာ သောက်တဲ့သူရဲ့ အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအစား နဲ့ လုပ်တဲ့လေ့ကျင့်ခန်းတွေ မူတည်ပြီး ကွဲပြားသွားတတ်ပါတယ်။

( ၃ ) လေ့ကျင့်ခန်းလုပ်ပြီးချိန် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်ပြီး ပြုပြင်ပေးပါတယ်။

ပရိုတင်းက ကြွက်သားအသစ်တွေ တည်ဆောက် ဖို့ အားပေးသလို လေ့ကျင့်ခန်းလုပ်နေချိန် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်ပြီး ပြုပြင်ပေးပြန်ပါတယ်။ ဒါ့ကြောင့် အားကစားလုပ်ပြီးတိုင်း နာကျန်နေတဲ့ ကြွက်သားနာကျင်မှုတွေ သက်သာစေဖို့ ပရိုတင်းဖျော်ရည်တွေကို သောက်ကြတာဖြစ်ပါတယ်။

( ၄ ) အာဟာရလည်း ဖြစ်စေပါတယ်။

အရွယ်ရောက်ပြီးသား လူတစ်ယောက်တစ်နေ့ စားရမယ့် ပရိုတင်းပမာဏက ယောက်ျားလေးဆို ၅၆ ဂရမ် မိန်းကလေးဆို ၄၆ ဂရမ်ပါ။ ဒါပေမယ့်လည်း ဒီလို နေ့စဉ်လိုအပ်တဲ့ ပမာဏရအောင် အသားတွေ ပဲတွေ လိုက်စားဖို့ဆိုတာ ပြောရင်သာလွယ်မယ် လုပ်ရင်တော့ တကယ်ကို ခက်ခဲတဲ့အရာပါ။ ပရိုတင်းကို ဘယ်နေရာကနေရမလဲ သေချာမသိတာတစ်ကြောင်း၊ ကိုယ် ပရိုတင်း ဘယ်လောက်စားလိုက်မှန်း မသိတာကတစ်ကြောင်းနဲ့ မရေမရာ ဖြစ်နေတတ်ပါတယ်။

ဒီလိုနဲ့ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းတွေ မစားမိလိုက်တဲ့အခါ ပရိုတင်းဓာတ်ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါတွေအတွက် ပရိုတင်း Shake တွေက ဖြေရှင်းပေးနိုင်မှာပါ။ အားကစားသမားတွေ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်နေတဲ့သူတွေ၊ အစားအသောက်ပျက်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ဝေဒနာခံစားနေရတဲ့သူတွေက ပရိုတင်းဖျော်ရည်တွေ သောက်ပေးဖို့ ပိုလိုအပ်ပါတယ်။

ဒါတွေကတော့ ပရိုတင်းဖျော်ရည်တွေက ကိုယ်ခန္ဓာတည်ဆောက်ဖို့အတွက် ဘယ်လို အကျိုးပြုနေလဲဆိုတာတွေပါ ။ ဒါတွေအပြင် ပရိုတင်းဖျော်ရည် အမျိုးအစားဘယ်နှစ်မျိုးရှိလဲဆိုလေးတွေပါသိထားရင် ပိုကောင်းပါတယ်။ ကိုယ်နဲ့ ကိုက်ညီတာ ရွေးသောက်လို့ရတာပေါ့။

ပရိုတင်းshake ဘယ်နှစ်မျိုးရှိလဲ။

  • Whey

ပရိုတင်းဖျော်ရည်တွေ အာလုံးထဲမှာ ဒီ Whey ပရိုတင်းက နာမည်အကြီးဆုံးနဲ့ လူသောက်အများဆုံးပါ။ ရေမှာပျော်ဝင်တဲ့ ပရိုတင်းအမှုန့် အမျိုးအစားတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာက အလွယ်တကူသုံးစွဲနိုင်တာကြောင့် အာနိသင် မြန်မြန်ထိရောက်တဲ့ ပရိုတင်းတစ်ခုပါ။

  • Casein

ဒီအမျိုးအစားကတော့ လေ့ကျင့်ခန်းလုပ်ပြီးနောက် ထိခိုက်သွားတဲ့ ကြွက်သားတွေကို ပြန်လည် အားပေးတဲ့ အမိုင်နိုအက်ဆစ် glutamine ပါဝင်တဲ့ ပရိုတင်း အမျိုးအစားပါ။ သူက နို့ထွက်ပစ္စည်းကနေဆင်းသက်လာတဲ့ ပရိုတင်းမှုန့်ဖြစ်တဲ့အတွက် နို့နဲ့ ဓာတ်မတည့်တဲ့သူတွေ၊ သက်သတ်လွတ်သမားတွေအတွက် မသင့်တော်ပါဘူး။ ဒီ ပရိုတင်းကို ကိုယ်ခန္ဓာက ခြေဖျက်ရတာလည်း ကြာတဲ့အတွက် သူ့ကို ညဘက်အချိန်မှာ သောက်တာအကောင်းဆုံးပါ။

  • Soy

ပဲပိစပ်လို့လူသိများတဲ့ ဒီ ပရိုတင်းဖျော်ရည်မှာ ကိုယ်ခန္ဓာအတွက် တကယ်ကို အရေးကြီးတဲ့ အမိုင်နိုအက်ဆစ်တွေ အများကြီးပါပါတယ်။ ဒါ့ကြောင့် Whey တို့ Casein တို့ မကြိုက်တဲ့သူတွေ ဒီ ပဲပိစပ်ကနေရတဲ့ ပရိုတင်းကို မှီဝဲသင့်ပါတယ်။

  • Pea

အသားမဟုတ်ဘဲ အပင်ကနေ ထုတ်ထားတဲ့ ပရိုတင်းတွေအားလုံးမှာ pea protein ပါပါတယ်။ ဒီ pea protein မှာ အဓိကပါဝင်တဲ့ အရာကတော့ ကြွက်သားတည်ဆောက်ဖို့အတွက် တကယ်ကို အရေးပါတဲ့ အမိုင်နိုအက်ဆစ် arginine ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/323093.php

Accessed Date 11.7.2019

https://www.healthline.com/nutrition/10-health-benefits-of-whey-protein

Accessed Date 11.7.2019

 

ယခုပုံစံ

13/03/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Whey ပရိုတင်း ဆိုတာ ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။

ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကို ဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement