backup og meta

မကြာခဏဆီးသွား နေတတ်သူများအတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မကြာခဏဆီးသွား နေတတ်သူများအတွက်

    လူကြားထဲဖြစ်စေ၊ ရုံးမှာဖြစ်စေ မကြာခဏ အိမ်သာပြေးရသူတွေ တွေ့ဖူးကြပါလိမ့်မယ်။ သူများထက်ပိုပြီး မကြာခဏဆီးသွား လေ့ရှိသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ အရှက်ရစရာနဲ့ ကြုံရလေ့ရှိသလို လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ယခုဆောင်းပါးလေးမှာတော့ ဒီလို မကြာခဏဆီးသွား နေတတ်သူများအတွက် ရှောင်ရန်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

    မကြာခဏဆီးသွား နေတတ်သူများအတွက်

    မကြာခဏဆီးသွား နေတတ်သူများအတွက် နည်းလမ်းကောင်းများ ကတော့

    (၁) ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဆေးလိပ်တို့ကို ဝေးဝေးရှောင်ပါ။

    ကော်ဖီနဲ့ ဆိုဒါ များများ သောက်သူများ၊ ဆေးလိပ် အသောက်များသူများ၊ ရေနွေးကြမ်းကို နှစ်ခြိုက်စွာသောက်သုံးလေ့ရှိသူများဟာ အခြားသူတွေထက်စာရင် ဆီးရွှင်လေ့ ရှိပါတယ်။ အရည်တွေကြောင့် ဆီးသွားချင်တဲ့အပြင် ကဖိန်းဓာတ်နဲ့ နီကိုတင်းဓာတ်တို့ ကလည်း ဆီးသွားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။

    (၂) တက်ကြွစွာနေထိုင်ပါ။

    အဝလွန်ခြင်းနဲ့  ဇိမ်အပြည့်နဲ့ အထိုင်များတဲ့ပုံစံတွေကက ဆီးကို ပိုရွှင်စေတယ် ဆိုတာ သိပါသလား။ ကိုယ်ခန္ဓာမှာရှိတဲ့ အဆီပိုတွေက ဆီးအိမ်ကြွက်သားကို ဖိမိစေပြီး အားနည်းစေနိုင် ပါတယ်။ ဒီကနေတဆင့် ဆီးယိုစေပြီး ဆီးသွားချင်စိတ်ကို ဖြစ်စေတာပါ။ ဒီလိုလူမျိူးတွေအနေနဲ့ ဆက်တိုက် ထိုင်နေတာကို ရှောင်ပြီး လှုပ်လှုပ်ရှားရှားနေပေးဖို့ လိုပါတယ်၊၊

    (၃) စိတ်ဖိစီးမှုတွေကို အဝေးသို့ ကန်ထုတ်ပါ။

    စိတ်ဖိစီးမှုနဲ့ ဆီး မကြာခဏ သွားခြင်းဟာ ခွဲခြား မရပါဘူး။ ဆီးရွှင်သူများ အနေနဲ့ လူကြားသူကြားထဲ ဆီးထသွားရမှာ စိုးရိမ်ပူပန်တတ် ကြသလို ဒီ စိုးရိမ်ပူပန်မှုကပဲ ဆီးသွားချင်စိတ်ကို ပိုမို လှုံ့ဆော်ပေးပါတယ်။

    (၄) ဆီးကြိုသွားပါ။

    တစ်နေ့ကို အချိန် နည်းနည်းစီ ပေးပြီး ဆီးသွားလိုစိတ် မဖြစ်မီ ကြိုတင်သွားထားပါ။ ဒီလို အကျင့် လုပ်ပေးခြင်းဖြင့် ဆီးအိမ်ရဲ့ စွမ်းရည်ကို တိုးစေပြီး မကြာခဏ ဆီးသွား လိုစိတ်ကို သက်သာစေနိုင် ပါတယ်။

    (၅) အိပ်ရာဝင်ခါနီး အရည်များများသောက်ခြင်းကို ရှောင်ပါ။

    ညနက်သန်းခေါင် ဆီးထသွားရခြင်း ဘေးမှ ကင်းဝေးစေဖို့ အိပ်ခါနီးမှာ ကော်ဖီနဲ့ ရေများများ သောက်ခြင်းကို ရှောင်ပါ။ ညနေ ၆ နာရီနောက်ပိုင်းမှာ အရည်များများ မသောက်မိအောင် ကြိုးစားပါ။ မအိပ်ခင် ဆီးသွားခြင်းဟာလည်း ကောင်းသော အလေ့အထ တစ်ခု ပါပဲ။

    (၆) Kegel လေ့ကျင့်ခန်းပြုလုပ်ပါ။

    Kegel လေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံ ကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။ ထို့ပြင် ဆီးအိမ် ကြွက်သားတွေကိုပါ ကြံ့ခိုင်စေလို့ ဆီးမထိန်းနိုင်သော သူများ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။

    Kegal လေ့ကျင့်ခန်းကို ပြုလုပ်ဖို့အတွက် ကြမ်းပြင်ပေါ် လှဲပါ။ မိန်းမကိုယ်နဲ့ တင်ပါးဆုံ ကြမ်းပြင်ရှိ ကြွက်သားများကို ညှစ်ထားသောအနေအထားဖြင့် ၅ စက္ကန့်ကနေ ၁၀ စက္ကန့် နေပါ။ ထို့နောက် ညှစ်ထားတာကို ဖြေလျှော့ပါ။ တစ်ခါလုပ် ဆယ်ကြိမ်နဲ့ ၃ ကျော့ လောက် ပြုလုပ်ပါ။ နေ့စဉ် ပြုလုပ်ခြင်းဖြင့် တင်ပါးဆုံ ကြမ်းခင်း ကြွက်သားတွေ သန်မာလာ စေပြီး မကြာခဏ ဆီးသွား လိုခြင်းကို ထိန်းချူပ် လာနိုင်ပါလိမ့်မယ်။

    ရေးသားသူ -Dr. Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement