ဆီးကျောက်မတည်စေရေး ကာကွယ်ရန်နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဆီးကျောက်တည်ခြင်း (သို့) ကျောက်ကပ်ကျောက်တည်ခြင်းဆိုတာ ကျောက်ကပ်အတွင်းမှာ သတ္တုဓာတ်များ အနည်အနှစ်ကျလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ကျောက်တည်သွားတဲ့အခါ မခံနိုင်လောက်အောင် နာကျင်မှု ခံစားရတတ်ပါတယ်။ တကယ်လို့ ဆီးကျောက်တခါတည်ဖူးခဲ့ရင် နောင်ဆယ်နှစ်အတွင်း ထပ်ဖြစ်နိုင်ဖို့ ၅၀ရာခိုင်နှုန်း အခွင့်အလမ်းရှိနေပါတယ်။

ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် နေထိုင်မှုပုံစံတွေကို သတိထားဖို့ လိုပါတယ်။ ယခုဖော်ပြမှာကတော့ ဆီးကျောက်တည်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။

၁။ ရေများများသောက်ပါ

ရေများများသောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသောက်တည်းရင် ဆီးထွက်လည်း နည်းသွားနိုင်ပါတယ်။ ဆီးထွက်နည်းတာဟာ ဆီးပိုမိုပျစ်သွားခြင်းကို ညွှန်ပြနေပြီး သတ္တုဓာတ်တွေ မပျော်ဝင်နိုငတော့ဘဲ ကျောက်များဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်ရပ်ကို ကာကွယ်နိုင်ဖို့ တနေ့ကို ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ဒါမှဟာ ဆီး ၂လီတာခန့် စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်၊ ချွေးထွက်များရင်၊ ကျောက်တည်ဖူးရင် ဒီထက်ပိုပြီး သောက်သုံးသင့်ပါတယ်။

၂။ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများစားပါ

အတွေ့ရအများဆုံး ဆီးကျောက်အမျိုးအစားကတော့ ကယ်လ်ဆီယမ်အောက်စလိတ် အမျိုးအစားကျောက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်နည်းတဲ့ အစားအစာတွေ စားသောက်ရမယ်လို့ ထင်မှတ်ကြတတ်ပါတယ်။ တက်တော့ မဟုတ်ပါဘူး။ ကယ်လ်ဆီယမ်နည်းတဲ့ အစားအစာတွေကမှ ဆီးကျောက်တည်ခြေနိုင်ခြေများပြီး အရိုးပွနိုင်ခြေ များပါတယ်။ အဆီနည်းတဲ့နို့၊ အဆီနည်းတဲ့ ဒိန်ခဲနဲ့ အဆီနည်းတဲ့ ဒိန်ချဉ်များဟာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်အားဆေး ဖြည့်စွက်စာတွေကတော့ ကျောက်တည်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။

၃။ ဆိုဒီယမ်လျှော့စားပါ

ဆားများများစားရင် ကယ်လ်ဆီယမ်အမျိုးအစား ဆီးကျောက်တည်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးထဲမှာ ဆားဓာတ်ပါဝင်နှုန်းမြင့်လာရင် ဆီးထဲက ကယ်လ်ဆီယမ်များကို သွေးအတွင်း ပြန်လည်စုပ်ယူခြင်းကနေ အတားအဆီး ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ဆီးအတွင်း ကယ်လ်ဆီယမ်ဓာတ် မြင့်တက်ပြီး ဆီးကျောက်တည်လာနိုင်ပါတယ်။

၄။ Oxalate နည်းပါးသော အစားအစာများ စားသုံးခြင်း

ဆီးကျောက်အချို့ဟာ oxalate ကြောင့် ဖြစ်ပေါ်လာရပါတယ်။ oxalate ဟာ အစားအစာတွေမှာ သဘာဝအလျောက်ပါဝင်တဲ့ ဓာတ်ပစ္စည်းဖြစ်ပြီး ဆီးထဲက ကယ်လ်ဆီယမ်ဓာတ်တွေနဲ့ ပေါင်းစပ်ပြီး ဆီးကျောက်တည်စေတတ်ပါတယ်။ ဆီးကျောက်တည်နိုင်ခြေနည်းစေဖို့ oxalate များတဲ့ အစားအစာတွေကို လျှော့စားဖို့ လိုအပ်ပါတယ်။ oxalate များတဲ့ အစားအစာတွေကတော့

– ဟင်းနုနွယ်

– ချောကလက်

– ကန်စွန်းဥ

– ကော်ဖီ

– မြေပဲ

– ပဲပိစပ်

– နိုကိုဥ စတာတွေ ဖြစ်ပါတယ်။

၅။ တိရစ္ဆာန်များမှရရှိသော ပရိုတိန်းကို လျှော့စားပါ

တိရစ္ဆာန်များဆီက ရရှိတဲ့ ပရိုတိန်းဟာ အက်ဆစ်ဓာတ်ကဲတာကြောင့် ဆီးရဲ့အက်ဆစ်ဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဆီးထဲမှာ ဆက်ဆစ်ဓာတ်များလာရင် ယူရစ်အက်ဆစ်နဲ့ ကယ်လ်ဆီယမ် အောက်စလိတ်ကျောက်များ ဖြစ်ပေါ်နိုင်ခြေ များပါတယ်။ အမဲသား၊ ကြက်ဘဲ၊ ငါး၊ ဝက် စတာတွေကို လျှော့ချသင့်ပါတယ်။

၆။ ဗီတာမင်စီ ဖြည့်စွက်စာများ ရှောင်ကြဉ်ပါ

ဗီတာမင်စီ (အက်စ်ကောဗစ်အက်ဆစ်) ဖြည့်စွက်စာ စားသုံးခြင်းဟာ ဆီးကျောက်တည်စေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ဖြစ်ပါတယ်။ ၂၀၁၃ မှာ ထွက်ခဲ့တဲ့ သုတေသနစာတမ်းတစောင်အရ ဗီတာမင်စီ ဖြည့်စွက်စာများများ စားသုံးခြင်းဟာ ဆီးေျကာက်တည်နိုင်ခြေ နှစ်ဆများကြောင်း သိရပါတယ်။ ဒါပေမယ့် အစားအစာမှာပဲ သဘာဝအလျောက်ပါတဲ့နှုန်းထားကတော့ ဒီဖြစ်နိုင်ခြေ မရှိပါဘူး။

၇။ သဘာဝဆေးဖက်ဝင်အပင်များမှ ဖော်စပ်သောဆေးဝါးများ သုံးစွဲခြင်း

ဥပမာပြောရရင် Chanca Piedra ဟာ သဘာဝဆေးဘက်ဝင်အပင်ကနေ ထုတ်လုပ်ထားတဲ့ နာမည်ကြီး ဆေးဝါးတမျိုးဖြစ်ပြီး ကယ်လ်ဆီယမ်အောက်စလိတ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရှိပြီးသား ကျောက်တွေကိုလည်း သေးသွားစေပါတယ်။ တခြားဆေးဝါးအမျိုးအစားတွေလည်း ရှိပါတယ်။

၈။ ပုံမှန်စွဲသောက်နေတဲ့ ဆေးဝါးတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ

ဆေးဝါးတချို့ဟာ ဆီးကျောက်တည်နိုင်ခြေ ပိုများပါတယ်။ အဆိုပါဆေးဝါးများကတော့

– နှာစေးပျောက်ဆေးများ

– ဆီးဆေးများ

– protease inhibitor ဆေးများ

– အတက်ကျဆေးများ

– စတီးရွိုက်ဆေးများ

– ကင်ဆာဆေးများ စတာတွေ ဖြစ်ပါတယ်။

အဆိုပါဆေးဝါးများကို စွဲမြဲစွာ သောက်သုံးနေရင် ဆီးကျောက်တည်နိုင်ခြေ များပါတယ်။ ဒါကြောင့် အဆိုပါဆေးဝါးများထဲက တမျိုးမျိုးကို သောက်သုံးနေရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်ရဲ့ အကြံဉာဏ်မပါဘဲနဲ့ ဆေးဝါးများ လျှော့ချခြင်း၊ ရပ်တန့်ခြင်း မပြုရပါဘူး။

နိဂုံး

ဆီးကျောက်တည်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ရေများများသောက်ပြီး စားသောက်မှုပုံစံကိုလည်း သတိထားဖို့ လိုပါတယ်။ ဒါ့အပြင် ဆီးကျောက်တည်နိုင်ခြေ ပိုများစေတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဝလွန်ခြင်း စတဲ့ပြဿနာတွေကို လျှော့ချ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆီးကျောက်တည်ဖူးရင်၊ ဆီးသွားရင် ကျောက်ကျဖူးရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကြွက်သားတွေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် မကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေ ရှိတယ်ဆိုတာ သိပါသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဘေဘီလေးကို ရေညှိကျွေးရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များ

COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
သွေးဆိပ်တက်ခြင်းအကြောင်း

သွေးဆိပ်တက်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read