လက်ချောင်း အနိမ့်အမြင့်လေးတွေက ပြောပြနေတဲ့ နှလုံးကျန်းမာရေး

ဒီဆောင်းပါးလေးကို မဖတ်ခင်လက်လေးကိုဖြန့်လို့ လက်ချောင်း လေးတွေကိုအရင်ကြည့်လိုက်နော်။ ပြီးရင်တော့ လက်ချောင်းလေးတွေ ရှည်လား၊ တိုလားဆိုတာကိုမှတ်ထားပါ။ ပြီးရင်တော့ ဆောင်းပါးလေးဖတ်ပြီး အဖြေထုတ်ကြည့်ရအောင်လား…….
လက်ချောင်း အနိမ့်အမြင့်လေးတွေက ပြောပြနေတဲ့ နှလုံးကျန်းမာရေး
မကြာသေးခင်က Liverpool တက္ကသိုလ်မှာ လုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လက်ညှိုးက လက်သူကြွယ်ထက်ရှည်နေတဲ့သူတွေဟာ နှလုံးရောဂါခံစားရနိုင်ခြေ များနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အကြောင်းကတော့ လက်သူကြွယ်နိမ့်နေတဲ့ အမျိုးသားတွေဟာ testosterone ဟော်မုန်းနည်းနေသူတွေပေါ့။ ဒီဟော်မုန်းနေည်းနေတာက နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။
အဆိုပါလေ့လာမှုအတွင်း အသက် ၃၅ နှစ် ကနေ အသက် ၈၀ အတွင်းရှိတဲ့ အမျိုးသား ၁၅၁ ယောက်ကို လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ လေ့လာမှုအတွင်းတွေ့ခဲ့ရတာက လက်ညှိုးက လက်သူကြွယ်ထက်ပိုမြင့်နေတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များနေတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ညှိုးက လက်သူကြွယ်ထက်ရှည်နေသူတွေမှာ နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ testosterone ဟော်မုန်းနည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် အမျိုးသားတွေအနေနဲ့ လက်ညှိုးက လက်သူကြွယ်ထက်ပိုရှည်နေမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်များနေတယ်ဆိုတဲ့လက္ခဏာပါ။ လေဒီလေးတွေမှာတော့ လက်ညှိုးက လက်သူကြွယ်ထက်ပိုမြင့်နေမယ်ဆိုရင် သန္ဓေအောင်နိုင်စွမ်းနည်းနေနိုင်သလို ရင်သားကင်ဆာဖြစ်နိုင်ခြေလည်းများနေတယ်လို့ဆိုပါတယ်။ လက်ချောင်းလေးတွေအနိမ့်အမြင့်ကိုကြည့်ပြီး မှန်းနိုင်တဲ့ရောဂါတွေက ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ ဒါကြောင့် လက်ကလေးတွေကို ဖြန့်လို့ လက်ချောင်းလေးတွေရဲ့ အနိမ့်အမြင့်ကိုကြည့်ပြီး ကိုယ့်မှာ နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလိုက်နော် အမျိုးသား တို့ရေ……
နှလုံးရောဂါက မွေးရာပါဖြစ်နိုင်သလို နေထိုင်စားသောက်မှုပုံစံမှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။
- လေးဖက်နာရောဂါရှိနေတာ
- ဆေးလိပ်သောက်တာ
- အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို သောက်တာ
- အဝလွန်နေတာ
- သွေးတွင်းကိုလက်စထရောများတာ
- ကိုယ်လက်လှုပ်ရှားမှုအားနည်းနေတာ
- ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံရှိနေတာတွေက နှလုံးရောဂါခံစားရနိုင်ခြေကိုများစေနိုင်ပါတယ်။
နှလုံးရောဂါရှိနေကြောင်းပြသနေတဲ့ လက္ခဏာတွေ
နှလုံးရောဂါခံစားနေရတဲ့အခါ
- ရင်ဘတ်ထဲကအောင့်တာ
- ခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီးဖြစ်ပြီ မူးနေတာ
- မအီမသာဖြစ်တာ
- အသက်ရှု ပြတ်တောင်းပြတ်တောင်းဖြစ်တာ
- မေးရိုး၊ ဇက် နဲ့ နောက်ကျောမှာ အားမရှိသလိုဖြစ်ပြီး ညောင်းနေတာမျိုးတွေခံစားရနိုင်ပါတယ်။
နှလုံးရောဂါကို ဘယ်လိုကာကွယ်မလဲ….
နှလုံးရောဂါမဖြစ်စေဖို့ဆိုရင်
- ဆေးလိပ်ဖြတ်ပါ
- ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီကိုပဲ စားပေးပါ
- အမျှင်ဓာတ်ကြွယ်ဝတာကို စားပါ
- အယ်လ်ကိုဟော လျှော့ပါ
- ကိုယ်အလေးချိန်ထိန်းပါ
- လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
- သွေးပေါင်ချိန်တိုင်းပါ
- သွေးချိုထိန်းပါ
- စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ စတဲ့အလေ့အထလေးတွေကိုပျိုးထောင်ရပါမယ်။
ဒီအလ့အထလေးတွေကိုငယ်စဉ်ကတည်းက ပျိုးထောင်လို့ ကျန်းမာပျော်ရွှင်ပြီး နှလုံးရောဂါကင်းစင်တဲ့ လူနေမှုပုံစံကို ဖန်တီးဖို့ တိုက်တွန်းပါရစေနော်။