backup og meta

ဗီတာမင် C ဓါတ်ဟာ အအေးမိတုပ်ကွေးရောဂါကို အမှန်တကယ် ကာကွယ်နိုင်ရဲ့လား

လူတွေတော်တော်များများ အအေးမိပြီဆိုရင် လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုက ဗီတာမင် C ပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ ဖျော်ရည်တွေ၊ ချောင်းဆိုးပျောက်ဆေးတွေ သောက်တာပါပဲ။ ၁၉၇၀ ခုနှစ်လောက်က ဗီတာမင် C ကို အအေးမိတုပ်ကွေး ပျောက်ဖို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်အရ ဗီတာမင် C ဟာ အအေးမိတုပ်ကွေးရောဂါကို ကုသတဲ့ နေရာမှာ အနည်းငယ်သာ ထိရောက်မှု ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဗီတာမင် C ဆိုတာ ဘာလဲ။

ဗီတာမင် C ဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓါတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ အသားအရေကိုလည်း လှပစေတယ်။ ဗီတာမင်C ဓါတ်ဟာ သဘာ၀ ဟင်းသီးဟင်းရွက်တွေနဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ သစ်သီးဝလံတွေမှာ အများအပြား ပါဝင်ပြီး ဆေးဝါး သို့မဟုတ် ဝါးစားလို့ရတဲ့ ဆေးပြားအနေနဲ့လည်း ဗီတာမင် C ကို မှီဝဲကြပါတယ်။

ဗီတာမင် C ဟာ အအေးမိတုပ်ကွေးကို ကာကွယ်ပေးနိုင်လား။ ပျောက်ကင်းစေလား။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ကြည့်တဲ့အခါမှာ ဗီတာမင် C ဓါတ်ဟာ အအေးမိတုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးနိုင်မှု၊ ဖြစ်လာရင်လည်း ရောဂါဝေဒနာကို ပျောက်ကင်းစေမှုအပေါ်မှာ သက်ရောက်မှု မရှိတာကို တွေ့ရှိခဲ့ပါတယ်။

ဗီတာမင် C ကို အအေးမိတုပ်ကွေး ဖြစ်နေတဲ့အချိန်မှ သောက်တာထက် နေ့စဉ် ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ အအေးမိတုပ်ကွေးဖြစ်လာခဲ့ရင် သာမန်လူတွေထက် ရောဂါကြာမြင့်ချိန်ဟာ လျော့နည်းသွားနိုင်ပါတယ်။ ဥပမာ ၁၂ ရက်ကြာမယ့် ဝေဒနာက ၁၁ရက်လောက်ပဲ ကြာတော့တာမျိုးပေါ့။

ဗီတာမင် C ကို သောက်လို့ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။

ဗီတာမင် C ပါဝင်တဲ့ ဖြည့်စွက်စာ၊ ဆေးဝါးတွေကို သတ်မှတ်ထားတဲ့ပမာဏအတိုင်း သောက်နိုင်ရင် တခြားဘေးဥပါဒ်တွေတော့ မဖြစ်စေပါဘူး။ ဗီတာမင် C ပေါကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အဓိကစားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အမျိုးသားတွေအတွက် တစ်နေ့တာ သောက်သုံးသင့်တဲ့ ဗီတာမင် C ပမာဏက 90 mg ဖြစ်ပြီး အမျိုးသမီးတွေကတော့ 75 mg ပါ။ နေ့စဉ် ဗီတာမင် C ကို 2000 mg ထက် ပိုများပြီး သောက်ရင်တော့ မအီမသာဖြစ်ပြီး ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်နိုင်ပါတယ်။

အအေးမိ တုပ်ကွေးရောဂြါဖစ်ပြီဆိုရင်တော့ ဗီတာမင် C သောက်ဖို့ သင့်၊ မသင့်ကို ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vitamin C for the common cold –https://www.webmd.com/cold-and-flu/cold-guide/vitamin-c-for-common-cold#1

Can Vitamin C prevent cold –https://www.health.harvard.edu/cold-and-flu/can-vitamin-c-prevent-a-cold

Role of Vitamin C in cold –https://www.everydayhealth.com/cold-and-flu/vitamin-c-role-in-colds.aspx

ယခုပုံစံ

19/09/2022

Ye Myo Myat မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိမ္မော်သီးထက် ဗီတာမင် စီ ပိုပါသော အစားအသောက် ၅ မျိုး

အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement