backup og meta

သွေးဖြူဥ နည်းနေတာလား

သွေးဖြူဥ နည်းနေတာလား

သွေးဖြူဥနည်းတာက ခန္ဓါကိုယ်အတွက် မကောင်းပါဘူး။ သွေးဖြူဥနည်းတာနဲ့ပတ်သက်လို့ သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါ။

သွေးဖြူဥဆိုတာ ဘာလဲ…….

သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။

သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။

ဘယ်လိုအခြေအနေကိုသွေးဖြူဥနည်းတယ်လို့ဆိုတာလဲ…………

သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။

ပုံမှန်ရှိသင့်တဲ့ ပမာဏ – ၃၅၀၀ ကနေ ၁၀၅၀၀per microliter

ပမာဏနည်းနေတယ်ဆိုရင် – ၄၅၀၀per microliter ထက်နည်းနေတာ

ပမာဏများနေတယ်ဆိုရင် – ၁၁၀၀၀per microliter ထက်များနေတာပါ။

သွေးဖြူဥနည်းရင်ဘာဖြစ်မလဲ……….

သွေးဖြူဥကများရင်မကောင်းသလို နည်းပြန်ရင်လည်းမကောင်းပါဘူး။ လူအများစုကနေ့စဉ်မှာသွေးဖြူဥဆဲလ် ၁၀၀ ဘီလျံဝန်းကျင်ထုတ်လုပ်ကြပါတယ်။သွေးဖြူဥနည်းတာက ကိုယ်ခံအားကို အားလျော့စေနိုင်ပါတယ်။သွေးတွင်းမှာသွေးဖြူဥဆဲလ်တွေနည်းလာတဲ့အခါ ခန္ဓါကိုယ်ကရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကျသွားပြီး မကြာခဏဆိုသလို ဖျားနာလာတာမျိုးဖြစ်နိုင်ပါတယ်။ရောဂါတွေအလွယ်တကူဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။

ဘာကြောင့်သွေးဖြူဥနည်းရတာလဲ……..

သွေးဖြူဥနည်းစေတဲ့ အကြောင်းအရင်းတွေက တစ်ခုမကရှိနေပါတယ်။

သွေးဖြူမနည်းအောင် ကာကွယ်လို့ရလား……

သွေးဖြူဥမနည်းအောင်ကာကွယ်လို့ရပါတယ်။

  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ (အစားအစားတွေမကိုင်ခင်၊ အိမ်သာကဆင်းတဲ့အချိန်နဲ့ ညစ်ပေတဲ့အရာကို ကိုင်တွယ်ပြီးချိန်တိုင်းမှာ လက်ကိုပုံမှန်ဆေးပါ)
  • အိမ်မွေးတိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးမနေပါနဲ့
  • မကျက်တကျက်အစားအစာတွေကို မစားပါနဲ့
  • ကူးစက်တတ်တဲ့ရောဂါရှိသူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့
  • ဆေးထိုးအပ်တွေကို မျှမသုံးပါနဲ့။

သွေးဖြူဥအရေအတွက်တိုးလာစေမယ့်သဘာဝနည်းလမ်းတွေရှိလား…..

သွေးဖြူဥတိုးလာစေဖို့ အခုပြောပြမယ့်နည်းလမ်းတွေက အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။

  • ကိုယ်အလေးချိန်များနေရင် ကိုယ်အလေးချိန်လျှော့ပေးပါ
  • ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါ
  • အချိုလျှော့စားပါ
  • ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီတွေကိုလျှော့စားပါ
  • စိတ်ဖိစီးမှုကိုလျှော့ပါ
  • အိပ်ရေးဝဝအိပ်ပါ
  • အာဟာရပြည့်ဝအောင်စားသောက်ပါ။

သွေးဖြူဥနည်းတာက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာတဲ့သွေးဖြူဥအရေအတွက်ကို ရှိသင့်တဲ့ပမာဏမှာ ရှိနေအောင် ထိန်းထားဖို့ အကြံပြုပါရစေနော်။

Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

27/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးလှူသင့်တဲ့အကြောင်းအရင်း



Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement