Dental Caries (သွားပိုးစားခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dental Caries (သွားပိုးစားခြင်း) ကဘာလဲ။

သွားမှာအခေါင်းပေါက်များဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့်ဖြစ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသပါက ပိုးပေါက်များပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်း၊ နှင့် နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။

Dental Caries (သွားပိုးစားခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်တရာကိုအဖြစ်များပါတယ်။ ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ အဖြစ်များပြီး ဖြစ်နိုင်ချေရှိသောအချက်များကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ နောက်ထပ်အချက်အလက်များအတွက် ဆရာဝန်နှင့်ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Dental Caries (သွားပိုးစားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • သွားကိုက်ခြင်း
  • သွားကျင်ခြင်း
  • အချို၊ အပူ၊ အအေးစာများ စားလျှင် စူးရှစွာနာကျင်ခြင်း
  • သွားတွင်အပေါက်များဖြစ်ခြင်း
  • သွားမျက်နှာပြင်ပေါ်တွင် အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်များထင်ခြင်း
  • ဝါးလျှင်၊ ကိုက်လျှင်နာကျင်ခြင်း

နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် အသေးစိတ်သိလိုပါက ဆရာဝန်နဲ့မေးမြန်းတိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့-

  • ဖျားမယ်၊
  • မခံနိုင်အောင်သွားနာမယ်
  • ခံတွင်းအနံ့ထွက်လာမယ် ဆိုရင်တော့ ဆရာဝန်ပြသင့်ပါပြီ။

အကြောင်းရင်းများ

Dental Caries (သွားပိုးစားခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပါးစပ်တွင်းဘတ်တီးရီးယားပိုးဝင်ခြင်းနှင့် အစားအစာတွေ သကြားဓါတ်အလွန်အကျွံပါခြင်း စသည်ဖြင့် အဓိကအချက်နှစ်ချက်ကြောင့်ဖြစ်တယ်။

ပါးစပ်အတွင်းမှာ ဘတ်တီးရီးယားပိုးတွေရှိနေတာက ပုံမှန်ပဲဖြစ်ပါတယ်၊ ဒါပေမယ့်ထိုဘတ်တီးရီးယား၊ အစားအသောက်အကြွင်းအကျန်နဲ့ တံထွေးတို့ပေါင်းကာ ခဲသွားပါတယ်။

အစားအသောက်မှာ သကြားဓါတ်များလေ ပိုမိုစေးကပ်လေဖြစ်ပြီး ထိုဘတ်တီးရီးယားများမှ သကြားဓါတ်များကို အက်စစ်အဖြစ်ပြောင်းလိုက်သောအခါ သွားပိုးစားခြင်းဖြစ်ရပါတယ်။ အက်စစ်ဓါတ်က သွားအပြင်လွှာရှိသတ္ထုများကိုဖယ်ပစ်ပြီး ထိုတိုက်စားမှုက သွားလွှာမှာ အပေါက်များဖြစ်စေပါတယ်။

ဖြစ်နိုင်ခြေများ

Dental Caries (သွားပိုးစားခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • သွားစောင့်ရှောက်မှုအားနည်းခြင်း- နေ့စဉ်ပုံမှန်သွားတိုက်ခြင်း၊ သွားသန့်ရှင်းမှုမရှိခြင်း။
  • ကာဗွန်ဟိုက်ဒရိတ်များသောအစားအစာ၊ သစ်သီးဖျော်ရည်၊ ဆော်ဒါ၊ မုန့်အချိုများ၊ သကြားလုံး၊ ကွတ်ကီး စသည်…။
  • အက်စစ်ပါသောစားစရာသောက်စရာများ- သံပုရာရည်၊ ဆော်ဒါ၊ ဖျော်ရည်များ။
  • အစာအိမ်အတွင်းရှိ အက်စစ်များပြန်ဆန်တက်ကာ သွားများနှင့်ထိတွေ့မိခြင်း၊
  • ဖလိုရိုက်မလုံလောက်ခြင်း- သွားပေါက်များကို ကာကွယ်ပေးပြီး သွားများပျက်စီးစအခြေအနေကိုပင် ပြန်ကောင်းစေနိုင်သော သဘာဝသတ္ထုဓါတ် ဖလိုရိုက်နည်းပါးခြင်း၊
  • တံထွေးနည်းခြင်း၊ (ခံတွင်းအတွင်းရှိတံထွေးဟာ သင့်သွားများကြားရှိအစာများကို သန့်ရှင်းပေးပြီး သွားပျက်စီးစေတဲ့ ဘတ်တီးရီးယားများကိုလည်း လျှော့ချပေးနိုင်ပါတယ်)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dental Caries (သွားပိုးစားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွားဆရာဝန်က သွားပိုးပေါက်များကိုစစ်ဆေးရန်-

  • သွားနာကျင်မှုနဲ့ပတ်သတ်ပြီး မေးခွန်းတချို့မေးပါလိမ့်မယ်
  • သင့်သွားကိုလိုအပ်သောပစည်းကိရိယာနဲ့ စစ်ဆေးကြည့်ပါမယ်
  • လိုအပ်ပါက သွားပေါက်နှင့်၊ သွားပျက်စီးနေခြင်း အတိုင်းအတာကိုသိရန် သွားဓါတ်မှန် (X-rays) ရိုက်ကောင်းရိုက်နိုင်ပါတယ်။

Dental Caries (သွားပိုးစားခြင်း) ကို ဘယ်လိုကုသပါသလဲ

သင့်သွားအခြေအနေပေါ်မှာမူတည်ပါတယ်။

ဖလိုရိုက်နှင့်ကုသမှု- အစပိုင်းအခြေအနေတွေမှာသုံးပြီး ဖလိုရိုက်က သွားကြွေလွှာများကို ပြန်လည်ပြုပြင်ပေးပါလိမ့်မယ်။

သွားဖာခြင်း- ဒါကတော့ သွားကြွေလွှာထိခိုက်ခြင်းထက် ပိုကျော်လွန်သွားသော သွားပျက်စီးခြင်းတွေမှာသုံးတတ်တဲ့ အဓိကကုသမှုနည်းဖြစ်တယ်။

သွားစွတ်ခြင်း- သွားတွေအလွန်အမင်းပျက်စီးနေရန် သွားစွတ်ရတတ်ပါတယ်။

အတွင်းသားများစားပစ်ခြင်း- ပျက်စီးမှုက သွားအတွင်းသားတွေထိရောက်နေရင်တော့ ထိုအတွင်းသားတွေကိုစားပစ်ဖို့လိုပါလိမ့်မယ်။

သွားနှုတ်ခြင်း – ဆိုးဆိုးရွားရွားပျက်စီးနေပြီဆိုရင်တော့ နောက်ဆုံးသွားနှုတ်ပစ်ရပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှုများ

ဖလိုရိုက်ပါသော သွားတိုက်ဆေးနဲ့ တစ်ရက်အနည်းဆုံးနှစ်ကြိမ်သွားတိုက်ပါ။

တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် သွားကြားပွတ်ကြိုးဖြင့် သွားကြားများကိုသန့်ရှင်းပါ။

အစာစားပြီးတိုင်း ရေ သို့မဟုတ် ခံတွင်းဆေးရည်ဖြင့် ပါးလုတ်ကျင်းပါ။

သွားကျန်းမာစေသောအစားအစာများစားပါ။

သွားသန့်ရှင်းရေး၊ ခံတွင်းစစ်ဆေးရေးများအတွက် ပုံမှန်သွားဆရာဝန်နှင့်ပြပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် သွားဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွားကျဥ်ခြင်း ဝေဒနာ (tooth sensitivity)

သွားကျဥ်ခြင်း သွား အချဥ်ဓာတ် ရေခဲရေ ဖျော်ရည် Fluoride သွားတိုက်ဆေး ခံတွင်းသန့်ရှင်းရေး သွားချေးတွေ သွားကြိတ်ခြင်း သွားကျောက်ခြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thurein Hlaing Win

ကျန်းမာလှပတဲ့ သွား တွေ ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း (၈) ခု

သွား သွားကျန်းမာရေး ခံတွင်းကျန်းမာရေး သွားပိုးစားခြင်း သွားကြွေလွှာ သွားဖုံးရောဂါ သွားတိုက်ဆေး သွားတိုက်တံ သွားပွတ်တံ သွားပွတ်ကြိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးအတွက် အကျိုးပြုဘက်တီးရီးယား အကျိုးကျေးဇူးများသလား

အကျိုးပြုဘက်တီးရီးယား ဘက်တီးရီးယား probiotics အကျိုးကျေးဇူး ကလေးအာဟာရ မိဘများအတွက်လမ်းညွှန် ကိုယ်ခံအား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ယူကလစ်အဆီ(Eucalyptus Oil) နဲ့ Acacia Gum တို့က ကျန်းမာရေးအတွက် ဘာတွေစွမ်းသလဲ

ယူကလစ် ကျန်းမာရေး ဆေးဖက်ဝင် Acacia Gum Eucalyptus Oil ချောင်းဆိုး အအေးမိ တုပ်ကွေး အသက်ရှုလမ်းကြောင်း ထိပ်ကပ်နာ ခံတွင်းနံ့ကောင်းစေတယ် သွားပိုးစားခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 12, 2020 . 2 mins read
ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ

ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 30, 2020 . 2 mins read
မိသားစုအတွက် အကောင်းဆုံးသွားတိုက်ဆေးရွေးချယ်မယ်

မိသားစုအတွက် အကောင်းဆုံးသွားတိုက်ဆေးရွေးချယ်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 25, 2020 . 3 mins read
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွား နဲ့ ခံတွင်း ပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွား နဲ့ ခံတွင်း ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thurein Hlaing Win
ရေးသား ထုတ်ဝေခဲ့သည် မတ် 17, 2020 . 3 mins read