backup og meta

ကြီးနေတဲ့ ကိုယ့်ခြေသလုံးကို ဘယ်လိုပိန်အောင် လုပ်ရပါ့။ ။

ကြီးနေတဲ့ ကိုယ့်ခြေသလုံးကို ဘယ်လိုပိန်အောင် လုပ်ရပါ့။ ။

လူလေးကို ကြည့်တော့ အပေါ်ပိုင်းကတော့ ပိန်သွယ်သွယ်လေး ခြေသလုံးကျ ကြီးပြီးတုတ်နေရင် ကြည့်မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ ဒီတော့ ခြေသလုံး သွယ်ချင်လို့ လေ့ကျင့်ခန်းတွေ သွားလုပ်ခါမှ ခြေသလုံးကြွက်သားတွေ တက်လာပြီး ပိုဆိုးသွားလို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ သိထားဖို့လိုတယ်နော်။ ။

ဘာ့ကြောင့် ကိုယ့်ခြေသလုံးကျမှ တုတ်ရတာလဲ ။

  • မျိုးရိုးကိုတည်းက ခြေသလုံးကြီးတာ
  • အာဟာရ မျှတအောင် မစားတာ
  • လေ့ကျင့်ခန်း မှန်မှန်မလုပ်တာတွေက ခြေသလုံးကြီးစေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။

ဒီတော့ကြီးနေတဲ့ကိုယ့်ခြေသလုံးလေး သေးသွားအောင် ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ လုပ်ရပါ့ ။

ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပါ။

ဒေါက်ဖိနပ်စီးတာ၊ ဘက်မညီတဲ့ ဖိနပ်မြင့်တွေ စီးတာဟာ ခြေသလုံးကြွက်သားကို အားပိုပြုသလိုဖြစ်စေပြီး ခြေသလုံးကြွက်သားတွေ ကြီးလာစေပါတယ်။ ဒါ့ကြောင့် ဖိနပ်အပါးတွေကိုစီးပါ။ နောက်ပြီး မတ်တပ်အကြာကြီး ရပ်တဲ့အခါ နှလုံးဆီကို သွေးရောက်အောင် ခြေသလုံးကပိုညှစ်ပေးရတဲ့အတွက် ခြေသလုံးကြွက်သားတွေ ကြီးလာတတ်ပါတယ်။ ဒါကြောင့် အကြာကြီးမတ်တပ်မရပ်ပါနဲ့။

Cardio လေ့ကျင့်ခန်းသည်သာအဓိကပါ။

ခြေသလုံးကြီးနေတာ အဓိကက စိုနေတဲ့အဆီကြောင့်ဆိုရင် ဒီအဆီတွေကို ချဖို့ cardio ဆော့ပေးမှရပါတယ်။ ဒါပေမယ့် သတိထားရမှာက ပြင်းထန်တဲ့ ခုန်ပေါက်တဲ့လေ့ကျင့်ခန်းတွေက ခြေသလုံးကြွက်သားပိုကြီးအောင် လှုံ့ဆော်သလိုဖြစ်တတ်တာကြောင့် လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ခြေထောက်ကို အားအရမ်းကြီး မသုံးရတဲ့ လေ့ကျင့်ခန်းကိုပဲ လုပ်ပေးပါ။ နောက်ြ့ပီး လေ့ကျင့်ခန်းတစ်ခုတည်းလုပ်ရုံနဲ့ ခြေသလုံးသေးသွယ်သွားမှာ မဟုတ်တာကြောင့် အစားအသောက်လေးပါ ထိန်းပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ခြေသလုံးကို အကြောလျှော့ပေးဖို့ မမေ့ပါနဲ့။

ခြေသလုံးကို နှိပ်နယ်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ခြေသလုံးကြွက်သားတွေကို အကြော့လျှော့ ပေး နှိပ်ပေးတဲ့အခါ လေ့ကျင့်ခန်းလုပ်စဉ်က တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့အောင် လုပ်ပေးတာဖြစ်သလို ပျော့ပျောင်းအောင် လုပ်ပေးသလိုလည်းဖြစ်တာကြောင့် ဖောင်းနေတဲ့ ကြွက်သား တွေ သေးသွယ်သွားမှာပါ။

ခြေသလုံးကြွက်သားတွေ ကြီးမလာစေဘဲ ကျစ်သွားအောင် လုပ်ကြမယ် ။

ပြင်းထန်တဲ့ေလ့ကျင့်ခန်း တွေ လေးလွန်းတဲ့ အလေးတုံးတွေကခြေသလုံးကြွက်သားတွေကို ပိုကြီး ပိုထူလာစေတတ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်နေရင်း ခြေသလုံးကြီးလာပြီလို့ သတိထားမိတဲအ့ခါ အလေးတုံးကိုအလေးချိန် လျှော့လိုက်ပြီး အကြိမ်အရေအတွက် များများပိုလုပ်ပေးတာမျိုးလုပ်လို့ရပါတယ်။ ခြေသလုံးကြီးလာတာကို လုံးဝမကြိုက်ဘူးဆိုရင် ခြေသလုံးကို အားပြုရတဲ့ ေ့လကျင့်ခန်းတွေကို လုံဝ မလုပ်ဘဲလည်း နေလို့ရပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.livestrong.com/article/200058-how-to-get-rid-of-huge-calves/

Accessed Date 28.6.2019

https://www.rachaelattard.com/slim-muscular-thighs-skinny-legs/

Accessed Date 28.6.2019

ယခုပုံစံ

26/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

လေ့ကျင့်ခန်းလုပ်သူတိုင်း မေးတတ်ကြတဲ့ မေးခွန်းလေးတွေ ။ ။



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement