backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pterygium (မျက်သားတက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pterygium (မျက်သားတက်ခြင်း) ကဘာလဲ။

မျက်သားတက်ခြင်းကို ရေလှိုင်းစီးသမားမျက်လုံးဟုလည်း ခေါ်ပြီး မျက်ဖြူသားကိုဖုံးထားသည့် အမြှေးပါး နောက်ကျိလားသောအခြေအနေဖြစ်ပါသည်။ ၎င်းသည် အပြင်တွင်အနေများသူများ အထူးသဖြင့် ရေလှိုင်းစီးသူများတွင် အဖြစ်များသောကြောင့် ရေလှိုင်းစီးသူမျက်လုံးဟု ခေါ်ဆိုရခြင်းဖြစ်ပါသည်။

၎င်းသည် ကင်ဆာမဟုတ်ပါ။ ပန်းရောင်ရှိပြီး အနည်းငယ်ဖောင်းကြွနေကာ သွေးကြောများကိုပင် မြင်ရတတ်ပါသည်။ များသောအားဖြင့် မျက်လုံးအတွင်းထောင့်မှစတင်လာပြီးနောက် အပြင်ဖက်ဆီသို့ ပျံ့နှံ့ခြင်းဖြစ်သည်။ ထိုကြီးထွားမှုသည် သူငယ်အိမ်အားဖုံးထားသည့် မျက်ကြည်လွှာထိ ရောက်ရှိနိုင်ပါသည်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်ပါသည်။ နှစ်ဖက်စလုံးအား ထိခိုက်သည့်အခါ နှစ်ဖက်ဖြစ် မျက်သားတက်ခြင်း ဟုခေါ်ပါသည်။

Pterygium (မျက်သားတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည်အဖြစ်များ၏။ အသက် ၂၀ – ၄၀ အတွင်း လူငယ်များတွင်အဖြစ်များ၏ ကလေးများတွင် ရှားပါးသည်။ အမျိုးသမီးထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Pterygium (မျက်သားတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်သားတက်ခြင်းသည် ပြင်းထန်သည့်လက္ခဏာများကို ပုံမှန်အားဖြင့် မပြတတ်ပါ။ မျက်စေ့ထဲတွင် တစ်ခုခုဝင်နေသလို ခံစားရမည်ဖြစ်သည်။ မျက်သားတက်ခြင်း၏ အဖြစ်များသော လက္ခဏာများမှာ များသောအားဖြင့် ပျော့ပါသည်။

  • မျက်လုံးနီခြင်း
  • အမြင်ဝါးခြင်း
  • ယားယံခြင်း
  • မျက်လုံးစပ်ခြင်း
  • မျက်လုံးခြောက်သွေ့ခြင်း

ကြီးထွားမှုသည် မျက်ကြည်လွှာထိရောက်ပြီဆိုပါက အမြင်အာရုံမကောင်းမှုဖြစ်စေနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pterygium (မျက်သားတက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်သားတက်ခြင်းဖြစ်ရသည့်အကြောင်းရင်းအား တိတိကျကျမသိရပါ။ တစ်ချို့သိပ္ပံပညာရှင်များက ၎င်းသည် နေရောင်ထိတွေ့ခြင်းမှ မျက်လုံးခြောက်သွေ့ရာကနေ ဖြစ်ရခြင်းဟု ယူဆကြပါသည်။ အပူပိုင်းဒေသ၊ ခြောက်သွေ့သော ဒေသများတွင် နေထိုင်သောသူများသည် ဤရောဂါဖြစ်နိုင်ချေ ပိုများပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pterygium (မျက်သားတက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မျက်သားတက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အီကွေတာအနီးတွင်နေထိုင်ခြင်း – ဆိုလိုသည်မှာ နေရောင်နှင့် ပိုထိတွေ့နေရခြင်း
  • အပြင်အလုပ် လုပ်ရခြင်း
  • ဖုန်၊ လေ၊ ဝတ်မှုန်နှင့် မီးခိုးတို့လို မျက်လုံးခြောက်သွေ့စေသည့် ကျိန်းစပ်စေသောအရာများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pterygium (မျက်သားတက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် မျက်လုံးတွင်ကြီးထွားနေသောအရာကို ကြည့်ရုံဖြင့် မျက်သားတက်ခြင်းအား အတည်ပြုနိုင်ပါသည်။ များသောအားဖြင့် အထူးစစ်ဆေးချက်များကို မလိုအပ်တတ်ပါ။ လိုအပ်သည်ဟု ဆရာဝန်မှယူဆလျှင် အောက်ပါတို့ကို စစ်ဆေးခိုင်းပါလိမ့်မည်။

  • ဘုတ်ပြားမှစာများအား ဖတ်စေပြီး သင့်မျက်လုံးအမြင်ကို စစ်ဆေးပါလိမ့်မည်။
  • မျက်ကြည်လွှာ topography သုံးပြီး မျက်ကြည်လွှွာ၏ အခုံးပမာဏ ပြောင်းလဲမှုအား တိုင်းတာနိုင်ပါသည်။
  • Photo documentation လုပ်ရာတွင် မျက်သားတက်ခြင်းကြီးထွားနှုန်းအားသိစေရန် ဓါတ်ပုံမရိုက်ခင်နှင့် ရိုက်ပြီးအခြေအနများအား မှတ်သားခြင်းဖြစ်ပါသည်။

    Pterygium (မျက်သားတက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    မျက်သားတက်ခြင်း၏ လက္ခဏာများမှာ မဆိုးဝါးလျှင် များသောအားဖြင့် ကုသရန်မလိုတတ်ပါ။ အကယ်၍ မျက်သားတက်ခြင်းလက္ခဏာများသည် မသက်မသက်ဖြစ်လာပါက အောက်ပါတို့နှင့် လျော့ချနိုင်ပါသည်။

    • ချောဆီပါသောမျက်စဉ်းများ – မျက်ရည်တုနှင့် ဆီပါသောမျက်စဉ်းများ
    • သွေးကြောကျဉ်းစေသည့် မျက်စဉ်းများအား တစ်ခါတစ်ရံသုံးပေးခြင်း
    • စတီးရွိက်မျက်စဉ်းများအား အရောင်ကျစေရန် ရေတိုသုံးပေးခြင်း

    မျက်စဉ်းများ ဆီပါဆေးများနှင့် မသက်သာလျှင် မျက်သားတက်ခြင်းအား ခွဲထုတ်ရန် ဆရာဝန်မှ ညွှန်ပါလိမ့်မည်။ ခွဲစိတ်ခြင်းကို တက်နေသောမျက်သာအား အလှအပကို ထိခိုက်နေသောကြောင့်ဖြစ်စေ အမြင်ကိုကွယ်နေသောကြောင့်ဖြစ်စေ ပြုလုပ်နိုင်ပါသည်။ သို့သော် ခွဲစိတ်ပြီးနောက် ပြန်ဖြစ်နိုင်ချေရှိသလို ပိုပြီးဆိုးဝါးနိုင်ချေလည်း ရှိပါသည်။ နောက်ပိုင်းတွင် ခြောက်သွေ့ကျိန်းစပ်နေသလိုလည်း ခံစားရနိုင်ပါသည်။ အောက်ပါတို့ဖြစ်နေလျှင် ခွဲစိတ်ရန်ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ

    • တခြားကုသမှုများနှင့် မသက်သာလျှင်
    • မျက်လုံးအမြင်အန္တရာယ်ရှိနေလျှင်
    • အလှအပပျက်သောကြောင့် သို့မဟုတ် တခြားလူများမှ နီနေကြောင်း ခဏခဏလာပြောသောကြောင့် စိတ်အနှောက်အယှက်ဖြစ်နေလျှင်

    မျက်သားတက်ခြင်းအား ခွဲစိတ်ကုသမှုသည် ၃၀ – ၄၅ မိနစ်ထိ ကြာတတ်ပါသည်။ ခွဲစိတ်နေစဉ်တွင် တက်နေသောမျက်သားဖယ်ရှားပြီး မျက်ခွံအတွင်းသား သို့မဟုတ် ထိန်းသိမ်းထားသည့် ရေမွှာအမြှေး၊ အချင်း စသည်တို့ကိုသုံးပြီး ချိုင့်သွားသည့်နေရာတွင် အစားထိုးပါလိမ့်မည်။ ဖယ်ထားသည့်နေရာအား အစားမထိုးလျှင် ပြန်ဖြစ်နိုင်ချေ ၅၀%ထိ များသွားပြီး အစားထိုးပါက ဖြစ်နိုင်ချေ ၅-၁၀% ထိ လျော့ချပေးနိုင်ပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျက်သားတက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် မျက်သားတက်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

    • အပြင်ထွက်လျှင် နေကာမျက်မှန်တပ်ပါ
    • အပြင်ထွက်ပြီးနောက် အရိပ်ရသည့်နေရာတွင် မျက်လုံးကိုအနားပေးပါ
    • မျက်စဉ်း၊ မျက်ရည်တုများဖြင့် မျက်လုံးကိုစိုနေအောင်ထားပါ။
    • ဖုန်၊ လေ၊ မီးခိုးနှင့် ဝတ်မှုန်များနှင့်ထိတွေ့ခြင်းအား ရှောင်ပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement