backup og meta

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား ……. ခရီးသွားတာက ဘဝအမောတွေကိုပြေစေပြီး အသစ်အဆန်းတွေကို ထိတွေ့ခံစားခွင့်ရနိုင်ပါတယ်။ ဒီအသစ်အဆန်းတွေကိုခံစားချင်ပေမယ့် ကားမူးမှာကြောက်လို့ ခရီးဝေးတွေ မပြောနဲ့၊ မြို့ပြင်ကို နည်းနည်းလောက်ပဲ သွားလိုက်ရင်ကို ကားမူးလို့ ဘယ်မှမသွားရဲဘဲဖြစ်နေတဲ့သူတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေအတွက် နည်းလမ်းကောင်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကားမူးတယ်ဆိုတာ ဘာလဲ…….

ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။

ကားမူးတာကို အဓိကခံစားတဲ့ခန္ဓါကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓါကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနာကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။

ကားမူးနေပြီလား…….

ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။

  • ခေါင်းမူးမယ်
  • သန်းမယ်
  • ညီးစီစီဖြစ်မယ်
  • ချွေးထွက်မယ်
  • မအီမသာဖြစ်မယ်
  • ခေါင်းထဲမှာ မူးဝေနေမယ်
  • အော့အန်မယ်
  • ဖြူဖပ်ဖြူရော်ဖြစ်မယ်
  • ရင်ထဲမှာ တလှပ်လှပ်ဖြစ်မယ်
  • အသက်ရှုရတာပြတ်တောင်းတောင်းဖြစ်လာမယ်
  • ခြေကုန်လက်ပမ်းကျမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ကားမူးတာက ကာကွယ်လို့ရလား………

ကားမူးတာက မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ ကားနဲ့ပဲဖြစ်ဖြစ်၊ ရထားနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောနဲ့ပဲဖြစ်ဖြစ်၊လေယာဉ်နဲ့ပဲဖြစ်ဖြစ် ခရီးသွားရင် ကားမူးတယ်၊လို့ အလွယ်ခေါ်တတ်တဲ့ မအီမသာဖြစ်တဲ့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။ ဒီခံစားချက်က ခံစားရ အတော်ခက်သလိုပျော်ချင်လို့ ခရီးသွားပါတယ်ဆိုမှ ကားကမူးနေတော့ ပတ်ဝန်းကျင် အလှအပတွေကို ခံစားဖို့တော်တော်လေးခက်ပြီပေါ့။ ဒီတော့ ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ဖို့က ခက်ပြီလေ။ ဒီပြဿနာကို အခုပြောပြမယ့်နည်းလေးတွေသုံးပြီး ကာကွယ်လို့ရပါတယ်။ ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေ အနေနဲ့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်နော်။

  • အိပ်ရေးဝအောင်အိပ်ပါ

ခရီးမသွားခင်မှာ အိပ်ရေးဝအောင်အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေးဝဝအိပ်ပေးပါ။

  • အများကြီးမစားပါနဲ့

ခရီးမသွားခင်မှာ အစာအများကြီးစားတာက ကားမူးစေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခရီးမသွားခင်မှာ အများကြီးစားတာ၊ အဆီများတာတွေစားတာ၊ အပူအစပ်တွေစားတာမျိုးမလုပ်သင့်ပါဘူး။

  • ရေသောက်ပါ

ခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို စိုးပြီးရေမသောက်ဘဲနေတာမျိုးမလုပ်ပါနဲ့။ရေကို လိုအပ်သလောက်တော့သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ရေဗူးလေးအဆင်သင့်ယူသွားပါ။ ကားမူးလာပြီဆိုရင်ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ကားမူးတတ်တယ်ဆိုရင် ကားစမစီးခင် ၁၅ မိနစ် အလိုလောက်မှာ လက်တစ်ဆစ်စာ ချင်း (ဂျင်း)ပြားလေးကို ဝါးစားပေးပါ။ ဒီလိုလုပ်တာက ခရီးစဉ်တလျှောက်ကားမူးတာကို သက်သာစေမှာပါ။

  • လေရှုပါ

ပြင်ပလေကို ရှုရှိုက်တာကလည်း ကားမူးသက်သာစေနိုင်ပါတယ်။ ကားစီးရင်း ကားမူးတဲ့ လက္ခဏာတွေခံစားလာရပြီဆိုရင်ပြတင်းပေါက်ကို ဖွင့်ပြီးလေရှုတာမျိုးလုပ်ပေးပါ။

ခရီးသွားရင် ကားမူးမှာ ကြောက်တတ်သူတွေဆောင်သွားသင့်တဲ့ စားစရာတစ်ခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင်ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။

  • တရားမှတ်ပါ

ဝင်လေထွက်လေ မှတ်တာကလည်း ကားမူးတာကို သက်သာစေမယ့် နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ကားစီးနေရင်း တရားမှတ်တာကလည်း ကားမူးမှာကြောက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းတစ်ခုပါ။

  • သီချင်းနားထောင်ပါ

ခရီးသွားရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရတာက ခံစားချက် ကောင်းသလို ကားမူးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကားမူးတတ်တယ်ဆိုရင် ခရီးသွားတဲ့အခါ ဖုန်းလေးနဲ့ နားကြပ်လေး ပါအောင်ယူလို့ သီချင်း နားထောင်ပါ။

ကားမူးလို့ စိတ်ညစ်မနေပါနဲ့။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး ကားမူးတာကို ကာကွယ်လို့ ပျော်ရွှင်စရာ ခရီးစဉ်လေးတွေကို ဖန်တီးလိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ……………………

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

26/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement