backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ကဘာလဲ။

ခရီးသွားစဉ်ဝမ်းလျှောခြင်းဆိုသည်မှာ ဗိုက်နာပြီး ဝမ်းပျော့ပျော့တွေသွားတဲ့အစာလမ်းကြောင်းရောဂါတစ်ခုပဲ ဖြစ်ပါတယ် ။ မသန့်ရှင်းတဲ့အစားအစာနှင့် ရေများသောက်သုံးမိပြီး ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ ခရီးသွားစဉ်မှာအဖြစ်အများဆုံးရောဂါတစ်ခုပဲဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆိုဖြစ်နိုင်ပြီး အာရှ(ဂျပန်မပါဝင်) ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက ၊ မက်စီကို နှင့် အမေရိကဗဟိုနှင့်တောင် အမေရိက တို့တွင်အဖြစ်များပါတယ်။

ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အန္တရာယ်ရှိသည်များကိုရှောင်ရှားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးလက္ခဏာတွေကတော့…

– ဝမ်းခဏခဏသွားခြင်း၊

– ဖျားခြင်း ၊

– မူးဝေပျို့အန်ခြင်း ၊

– လေပွခြင်း ၊

– အားနည်းခြင်း ၊

– ဂတ်စ်များကြောင့် နာကျင်ခြင်း ၊

– ဗိုက်နာခြင်း ၊

– ခံတွင်းပျက်ခြင်း..တို့ပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာရေငတ်ခြင်း ၊ ဆက်တိုက်အန်နေခြင်း ၊ အဖျားကြီးခြင်း ၊ သွေးဝမ်းသွားခြင်း သို့ ဗိုက်အရမ်းနာကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။

အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများ ရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ ရက်အနည်းငယ်ကြာလျှင် သူ့ဘာသာပြန်ကောင်းသွားလေ့ရှိပါတယ်။ ရောဂါဟာ အဖြစ်များတဲ့ဘတ်တီးရီးယားများထက် အကောင်များကြောင့်ဖြစ်တာဆိုလျှင်တော့ ရောဂါလက္ခဏာတွေဟာ ပိုပြီးကြာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ ဆေးဝါးအကူအညီယူတာပိုကောင်းပါလိမ့်မယ်။

အကယ်၍သင့်တွင်အရမ်းရေဓါတ်ခမ်းခြောက်နေလျှင် ၊ ဆက်တိုက်အန်နေလျှင် ၊ အဖျားကြီးခြင်း သို့ သွေးဝမ်းသွားခြင်းဖြစ်နေလျှင် သို့ ရောဂါလက္ခဏာများဟာ ရက်အနည်းငယ်ထက်ပိုပြီးရှိနေလျှင် ဆရာဝန်နှင့်ပြသ သင့်ပါပြီ ။

ခရီးသွားစဉ် ဝမ်းလျှောခြင်းဟာအချိန်ခဏလေးအတွင်းမှာပင် ရေဓါတ်များအရမ်းခမ်းခြောက်စေနိုင်တဲ့အတွက် ကလေးများတွင်အထူးဂရုစိုက်ရပါမယ် ။

– ဆက်တိုက်အန်နေခြင်း ၊

– သွေးဝမ်းသွားခြင်း သို့ ဝမ်းအရမ်းလျှောနေခြင်း ၊

– အဖျား ၁၀၂ ဒီဂရီအထက်ရှိနေခြင်း ၊

– မမြဲမလှုပ်ချင်မသယ်ချင်ဖြစ်၍ အိပ်ငိုက်နေခြင်း ၊

-ဖျား၍ ဆီးပမာဏနည်းလာခြင်း၊ ကလေးငယ်များတွင် အညစ်အကြေးခံပစ္စည်းများစိုစွတ်နေခြင်း ။

အကြောင်းရင်းများ

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်နိုင်တာကတော့ ခရီးသွားစဉ်မှာ စိတ်ဖိစီးမှုများကြောင့် သို့ အစားအစာ ပြောင်းလဲမှုကြောင့် ဖြစ်နိုင်ပါတယ် ။ အဓိကတရားခံကတော့ ရောဂါပိုးအကောင်ကိုပဲ အပြစ်တင်ကြပါစို့ ။

သင်ဟာ မစင်မှအကောင်များဖြင့် မသန့်ရှင်းသည့် ရေ သို့ အစားအစာများကို စားသုံးမိတဲ့နောက်ပိုင်းမှာဝမ်းစလျှောလေ့ရှိပါတယ် ။ ထိုအကောင်များဟာ ရောဂါဖြစ်စေတဲ့အကောင်များဖြစ်ပြီး ဘတ်တီးရီးယား ၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးကောင်များပါဝင်ပါတယ် ။ ထိုအကောင်များဟာ အစာလမ်းကြောင်းထဲဝင်ပြီး သင့်ရဲ့ကာကွယ်မှုစနစ်ကိုအနိုင်ယူသွားပြီး ခရီးသွားစဉ်ဝမ်းလျှောခြင်းရဲ့ရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါတယ်။

အများဆုံးဖြစ်စေတဲ့အကောင်ကတော့ ETEC လို့ခေါ်တဲ့ဘတ်တီးရီးယားပဲ ဖြစ်ပါတယ် ။ ထိုအကောင်များဟာ အူနံရံများကိုကပ်တွယ်ပြီး ဝမ်းလျှောခြင်းနှင့် ဗိုက်နာခြင်းတို့ကိုဖြစ်စေတဲ့ အဆိပ်အတောက်တို့ကို ထုတ်ပါတယ်။

ဒါဆိုရင် ဒီလိုအဖြစ်များတဲ့နိုင်ငံမှာနေထိုင်တဲ့သူတွေကတော့ ရောဂါမဖြစ်ကြဘူးလား ။ သူတို့ရဲ့ခန္ဓါကိုယ်ဟာ ဘတ်တီးရီးယားနှင့် အသားကျနေပြီး ကိုယ်ခံစွမ်းအားရှိနေပြီးဖြစ်ပါတယ် ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဝမ်းလျှောမှုအဖြစ်များတဲ့နေရာတွေကတော့ အမေရိကဗဟိုနှင့် တောင်အမေရိက ၊မက်စီကို၊ အာဖရိက ၊ အရှေ့အယ်ပိုင်းနှင့် အာရှတိုက်တို့ပဲ ဖြစ်ပါတယ် ။

ဥရောပအရှေ့ပိုင်းနှင့် ကာရေဘီယမ်ကျွန်းစွယ်နိုင်ငံများကိုခရီးသွားခြင်းဟာ အန္တရာယ်ရှိပါတယ် ။ သို့သော်လည်း တောင်နှင့် အနောက်ဥရောပ ၊ ဂျပန် ၊ ကနေဒါ ၊ သြစတေးလျ ၊ နယူးဇီလန် နှင့် အမေရိကနိုင်ငံများတွင်တော့ ဖြစ်ပွားမှုနှုန်းနည်းပါတယ်။

သင့်တွင်ခရီးသွားစဉ်ဝမ်းလျှောခြင်း ဖြစ်မဖြစ်ဟာ သင့်ရဲ့ကံကြမ္မာနဲ့အများဆုံးဆိုင်ပါတယ်။ သို့သော်လည်း အချို့လူများဟာတော့ ရောဂါဖြစ်နိုင်ချေကို များနေကြပါတယ် ။ ထိုသူတွေကတော့…

– ငယ်ရွယ်သူများ ။ ငယ်ရွယ်သူခရီးသွားများတွင်ပိုပြီး ဖြစ်လေ့ရှိတာတွေ့ရပါတယ် ။ အကြောင်းရင်းအခိုင်အလုံအသိရသော်လည်းငယ်ရွယ်သူများဟာ ကိုယ်ခံအားစနစ်အပြည့်အဝမရှိသေးလို့ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ခရီးတွင်လူကြီးတွေထက်ပိုစွန့်စားချင်ကြပြီး ထူးထူးဆန်းဆန်းများစားတတ်ကြခြင်း သို့ မသန့်ရှင်းသည့်အစားအစာများကို မရှောင်ကျဉ်ကြခြင်းတို့ကြောင့် ဖြစ်ပါတယ် ။

– ကိုယ်ခံအားစနစ်အားနည်းသောသူများ ။

ကိုယ်ခံအားစနစ်အားနည်းနေလျှင် ကူးစက်ရောဂါတွေဟာ အလွယ်တစ်ကူဝင်ရောက်နိုင်ပါတယ် ။

– အစာအိမ်အက်ဆစ်နည်းစေသောဆေးများသောက်သုံးနေသူများ ။

အစာအိမ်ထဲမှာရှိတဲ့ အက်စစ်ဟာ အကောင်များကိုဖျက်ဆီးပေးပါတယ်။ ဒါကြောင့်အက်စစ်နည်းလာခြင်းဟာ အကောင်တွေကြာကြာအသက်ရှင်လာနိုင်ပါလိမ့်မယ် ။

– အချို့ရာသီများတွင်ခရီးသွားသူများ ။

အချို့နေရာများတွင်ရောဂါဖြစ်ပွားမှုဟာ ရာသီများအပေါ်လည်းမူတည်နေပါတယ် ။ဥပမာအားဖြင့် အရှေ့တေုင်အာရှတွင်ရောဂါဖြစ်ပွားနှုန်းဟာ အပူပိုင်းအချိန်တွင်အမြင့်ဆုံးဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ဖော်ပြမည့်အကြောင်းအရာသည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်းမျိုးမဟုတ်ပါ ။ အသေးစိတ်အကြောင်းအရာအတွက်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

ခရီးသွားစဉ်ဝမ်းလျှောခြင်းကို ဘယ်လိုရှာဖွေစမ်းသပ်ကြမလဲ။

ဆရာဝန်အတွက်အကောင်းဆုံးနည်းလမ်းကတော့ သင့်ဆီက အချက်အလက်အချို့ရယူခြင်းပဲ ဖြစ်ပါတယ် ။

ဆရာဝန်မေးမှာတွေကတော့…

– ဝမ်းထဲမှာချွဲသို့သွေးပါမပါ ၊

– ဝမ်းဟာ ဘယ်လောက်ထိအရည်ပါသလဲ၊

– ဝမ်းသွားတာဘယ်လောက်ကြာပြီလဲ၊

– သင်ဝမ်းသွားစဉ် ဘေးမှာဘယ်သူတွေရှိနေသလဲ၊

– ခဏခဏ အရမ်းသွားချင်နေသလား ၊

– ဗိုက် သို့ စအိုနားတွင် နာကျင်ခြင်းရှိမရှိ ၊

– ဖျားနာခြင်းရှိမရှိ ၊

– မူးဝေခြင်း ၊ အာရုံနောက်ကျိခြင်းရှိမရှိ ၊

– ယခုလက်ရှိ ခရီးသွားထားခြင်းရှိမရှိ ၊

– ပိုးသတ်ဆေးများကိုသောက်နေခြင်းရှိမရှိ ၊ သောက်ထားခြင်းရှိမရှိ ၊

– အချို့အစားအစာများဟာ သင့်ကို သက်သာသွားစေခြင်း သို့ ပိုဆိုးလာစေခြင်းရှိမရှိ ။

ဆရာဝန်ဟာ စစ်ဆေးရန်အတွက်သင့်ရဲ့ဝမ်းနမူနာအနည်းငယ်ကိုတောင်းပါလိမ့်မယ်။ သွေးစစ်ဆေးခြင်းကိုလည်းပြုလုပ်ခိုင်းပါလိမ့်မယ်။

အကယ်၍ဆရာဝန်ဟာ အစားအစာကြောင့်ဝမ်းသွားသည်ဟုထင်လျှင်ထိုအစားအစာကြောင့်ဟုတ်မဟုတ်သိရအောင် ထိုအစားအစာမစားပဲနေစေခြင်း တို့ကိုပြုလုပ်ခိုင်းပါလိမ့်မယ် ။ အဖြစ်အများဆုံးကတော့ နို့နှင့်မတည့်ခြင်းဖြစ်ပြီး သဂ့်တွင်လည်းမတည့်လျှင်တော့ စားသောက်မှုပုံစံကိုပြောင်းလဲရပါလိမ့်မယ်။

အကယ်၍ဆရာဝန်ဟာ ဒီထက်အသေးစိတ်သိဖို့လိုလျှင် အူကိုမိုက်ခရိုစကုတ်နှင့်ကြည့်ပါလိမ့်မယ်။ ဆရာဝန်ဟာ အူသိမ်နှင့် စအိုကို မြွေနှင့်တူသောပြွန်ကိုအသုံးပြုပြီး ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ကို ဘယ်လိုကုသပါသလဲ

ခရီးသွားစဉ်ဝမ်းသွားခြင်းဟာ သူ့ဘာသာပြန်ကောင်းလေ့ရှိတာကြောင့် ကုသမှုမခံယူဘဲ ပြန်ကောင်းနိုင်ပါတယ် ။ ရေဓါတ်ပြည့်ဝနေစေရန် အရေးကြီးပါတယ်။ မသက်သာလာဘူးဟုထင်လျှင်တော့ ရောဂါလက္ခဏာများကိုသက်သာစေမယ့် ဆေးကုသမှုများရှိပါတယ်။

အူလှုပ်ရှားမှုများကို လျော့နည်းစေသောဆေးများ ။

Loperamide နှင့် diphenoxylate ပါဝင်သောဆေးများ ဟာ အစာလမ်းကြောင်းမှာရှိတဲ့ကြွက်သားများလှုပ်ရှားခြင်းကိုလျော့နည်းစေပြီး အစာရွေ့လျားမှုကိုနှေးစေပါတယ်။ ဒါကြောင့် စုပ်ယူဖို့အချိန်ပိုပြီးကြာကြာရပါတယ်။

အူလှုပ်ရှားမှုလျော့နည်းစေသောဆေးများကို ကလေးငယ်များနှင့် ဖျားခြင်း သို့ သွေးဝမ်းသွားတဲ့လူတွေမှာတော့ သောက်သုံးလို့မရပါဘူး။ အကောင်ကိုဖယ်ရှားရှာမှာပိုကြာစေနိုင်ပြီး ရောဂါပိုဆိုးစေနိုင်လို့ဖြစ်ပါတယ်။

အကယ်၍ ၄၈ နာရီနောက်ပိုင်းမှာဗိုက်နာခြင်း သို့ သင့်ရဲ့ရောဂါလက္ခဏာများပိုဆိုးလာခြင်း နှင့် ဝမ်းလျှောခြင်းတို့ ဆက်ဖြစ်နေလျှင် အူလှုပ်ရှားမှုရိုလျော့နည်းစေတဲ့ဆေးများကိုရပ်တန့်ရပါမယ်။ ထိုအချိန်တွင် ဆရာဝန်နှင့် ပြသရပါမယ်။

Pepto – Bismol ဆိုသည့်ဆေးဟာ ဝမ်းသွားတဲ့အကြိမ်ရေကိုလျှော့ချပေးပြီး နေမကောင်းမှုကြာမြင့်ချိန်ကိုလျော့နည်းစေပါတယ်။ သို့သော်လည်းထိုဆေးကို ကလေးငယ်များ ၊ ကိုယ်ဝန်ဆောင်များနှင့် aspirin နှင့် ဓါတ်မတည့်သူများသုံးစွဲလို့မရပါဘူး။

အကယ်၍သင်ဟာ တစ်နေ့ကိုဝမ်း ၄ ခါထက်ပိုသွားနေပြီး ဖျားနေသည့်အပြင် ဝမ်းထဲတွင်သွေးများ ပြည်များ သို့ ချွဲများပါနေပါက ဆရာဝန်သည် ပဋိဇီဝပိုးသတ်ဆေးများကို သောက်သုံးရန်ညွှန်ကြားပါလိမ့်မယ်။

ခရီးမသွားခင်မှာ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးများကြိုတင်ယူဆောင်သွားခြင်းဖြင့်ခရီးသွားနေရင်းဆေးဝယ်စရာမလိုတော့ပါဘူး။ အချို့နိုင်ငံမှာရရှိနိုင်တဲ့ဆေးတွေဟာ စိတ်မချရပါဘူး။ အချို့ဆေးတွေကိုအမေရိကတွင်ရောင်းချခွင့်တောင်ပိတ်ပင်ထားကြပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းမှရှောင်ကျဉ်ခြင်း ။

ရေဓါတ်ခမ်းခြောက်ခြင်းဟာ ခရီးသွားစဉ်ဝမ်းလျှောခြင်း ရဲ့ အဖြစ်အများဆုံးနောက်ဆက်တွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေဓါတ်ပြည့်ဝအောင်နေထိုင်ရန်အရေးကြီးပါတယ်။ ဓါတ်ဆားရည်ဟာ ဆုံးရှုံးသွားသောရေဓါတ်များကိုပြည်လည်ဖြည့်တင်းရန်အကောင်းဆုံးဖြစ်ပါတယ်။ ဓါတ်ဆားရည်တွင်ရေနှင့် ဆားဓါတ်များကိုအချိုးညီညီရောစပ်ထားတာကြောင့် ရေဓါတ်ရော ၊ သတ္ထုဓါတ်များကိုပါ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အူလမ်းကြောင်းမှစုပ်ယူမှုအားကောင်းစေရန် သကြားဓါတ်လည်းပါဝင်ပါတယ်။

ရေဓါတ်ပြန်လည်ဖြည့်တင်းပေးသော ဘူးများကိုဆေးဆိုင်များတွင်အလွယ်တစ်ကူရရှိနိုင်ပြီး ဆေးကုမ္ပဏီတော်တော်များများကိုယ်ပိုင်ထုတ်ကုန်များကိုယ်စီရှိကြပါတယ်။ သင်ဟာ ရေဓါတ်ဖြည့် ဓါတ်ဆားရည်အထုတ်များကို နိုင်ငံတော်တော်များများက ဆေးဆိုင်များတွင်ရနိုင်ပါတယ်။ အထုတ်ပါဝင်သောညွှန်ကြားချက်အတိုင်း အမှုန့်ကို ရေ သို့ရေနွေးနှင့် ဖျော်ရပါမယ်။

ထိုအရာများ မရနိုင်ပါက ကိုယ်တိုင်အရေးပေါ် ဖျော်စပ်နိုင်ပါတယ်။

ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ၊ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဝက် ၊ သကြား ၄ ဇွန်း ၊ သောက်ရည် ၁ လီတာတို့ကိုဖျော်စပ်သောက်နိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြဂ်းရှိနေသ၍ သင် သို့ သင့်ကလေးဟာ ထိုအရည်ရည်ကိုအစားအစာများနှင့်အတူ ဖြည့်စွက်စာအနေနှင့် တစ်နေ့လုံးသောက်သုံးနိုင်ပါတယ်။ အနည်းငယ်သောက်သုံးခြင်းဟာ အန်ခြင်းကိုသက်သာစေပါတယ်။ နို့စို့နေဆဲကလေးငယ်တွေဟာလည်း သောက်သုံးနိုင်ပြီး လိုအပ်မှုအပေါ်မူတည်ပြီး ထိန်းညှိတိုက်ဖို့တော့လိုပါတယ်။

အကယ်၍ ရေဓါတ်ခမ်းခြောက်မှုဟာ မသက်သာဘူးဆိုလျှင်တော့ ဆေးဝါးကုသမှုများကို ခံယူရပါမယ်။ ပါးစပ်မှသောက်သုံးနိုင်သည့် ရေဓါတ်ဖြည့်အရည်များဟာ ခဏတာအတွက်သာရည်ရွယ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ

ဘယ်လိုနေထိုင်မှုပူံစံတွေနဲ့ အိမ်တွင်းကုသမှုတွေက ခရီးသွားစဉ်ဝမ်းလျှောခြင်းကိုသက်သာစေမလဲ။

အကယ်၍ သင်ဟာ ခရီးသွားစဉ်ဝမ်းလျှောခဲ့လျှင် ကော်ဖီနှင့်နို့ထွက်ပစ္စည်းများကိုရှောင်ကျဉ်ရပါမယ်။ ထိုအရာများဟာ ရောဂါလက္ခဏာများကိုပိုဆိုးစေပြီး အရည်ဆုံးရှုံးမှုကိုပိုဆိုးစေလို့ဖြစ်ပါတယ်။ သို့သော်လည်းရိုးရိုးအရည်များကိုတော့ သောက်သုံးပေးရပါမယ်။

အသီးဖျော်ရည်များ ၊ လက်ဖက်ရည်အပျော့စား ၊ စွတ်ပြုတ်၊ ကဖင်းမပါသောဆိုဒါ သို့ အားကစားအချိုရည်များကို ဆုံးရှုံးသွားသော အရည်များနှင့် သတ္ထုဓါတ်များကိုပြည်လည်ဖြည့်တင်းပေးရန် သောက်သုံးရပါမယ် ။ ဝမ်းသွားခြင်းသင်သာလာလျှင်တော့ စားရလွယ်ကူတဲ့အစားအစာများဖြစ်တဲ့ ဆားပါသောမုန့်ချပ်များ ၊နှံစားပြောင်း၊ ငှက်ပျောသီး၊ ပန်းသီးအချည်ရည်၊ပေါင်မုန့် ၊ဆန် ၊ အာလူးနှင့် ခေါက်ဆွဲသက်သက်တို့ကို စားသုံးနိုင်ပါတယ်။

ဝမ်းလျှောခြင်းမရှိတော့တဲ့အခါပုံမှန်အစားအစာများကိုပြန်လည်စားသုံးနိုင်ပြီဖြစ်ပါတယ်။ နို့ထွက်ပစ္စည်းများ ၊ ကော်ဖီနှင့် အမျှင်ဓါတ်များသောအစားအစာများကို သတိနှင့်စားသုံးရမည်ဖြစ်ပါတယ်။

အကယ်၍သင့်တွင်မေးခွန်းများရှိသေးပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement